Powered By Blogger

Friday, September 4, 2015

မဟာဘုတ် အစွန်း ၂ဖက်သဘော နဲ့  အလယ်အလတ်သဘော



မဟာဘုတ် အစွန်း ၂ဖက်သဘော နဲ့  အလယ်အလတ်သဘော
---------------
မဟာဘုတ်မှာ အမာရော အပျော့ ရော အစွန်းရောက်တာ ကြာရင် မကောင်းဘူး သဘောရှိတယ်...

၁ က ရင့် လွန်းရင် လူမုန်းများခံလာရပြီး သဘောကောင်းပေးလွန်းရင် လူတကာ ခိုင်းဖတ်ဖြစ်လာတာမျိုး

၂ တွေ  သူ့ အတွေးအခေါ်ကို ထိရင် ကြက်ခေါင်းဆိတ်မခံ ဖြစ်လွန်းရင် အပြန်အလှန် ပေါင်းရခက် သဘောဖြစ်လာတယ်...
သူများအတွေးအခေါ်တွေကို ဖေါလိုက်လွန်းရင်းလဲ အရည်အချင်းမဲ့ သဘော လူလေးစားသမှု့ မခံရတော့ ဘူး..

၃  တွေ ငါ့ စကား နွားရ လုပ်လွန်းရင် စကားက စတဲ့ ပြဿနာတွေ ထူပြောလာပြီး သူများစကားမှန်သမျှ ဖေါလိုက်လွန်းရင်လည်း အာစက်လျှာက်စက် မရှိတော့ ဘူး ကိုယ့် စကား အရမ၀င်တော့ ဘူး ဖြစ်လာတာ

၎ တွေ မာန်ထောင် လွန်းရင် အရှက်ကွဲစရာတွေ သတင်းအတင်းတုတ်ခံရတာမျိုးတွေ ခဏခဏ ကြုံလာရပြီး  ကိုယ်ရည်ကိုယ်သွေးကို နှိမ့် ချလွန်းရင် လူရာမသွင်း အလေးမထားခံရတော့ ပြန်ဘူး

၅ တွေ မိသားစုကို ငါတကောနဲ့ ဖိအားပေးလွန်းရင် မိသားစုထဲမှာ သင်းကွဲဖြစ်လာတတ်ပြီး မိသားစု လုပ်သမျှ ကောင်းပါသည်ခများလို့ ဖေါလိုက်လွန်းရင်လဲ မိသားစုက ကိုယ့် တန်ဘိုးကိုအလေးမထားတော့ ပြန်ဘူး

၆ က ထောင်ထောင် ထောင်ထောင် လုပ်လွန်းရင် အဖိုက်ခံရတာတွေ သိက္ခာကျစရာတွေ ကြုံကြုံလာတတ်ပြီး ကုတ်ချောင်းချောင်းနေလွန်းရင် ကိုယ်ရည်ကိုယ်သွေ ပျောက်သွား လူရာမ၀င်ဖြစ်သွားတတ်တယ်

ဝ တွေက ငါ့ စိတ်ချည်း လုပ်ရင် တည့် သူမရှိ ဖြစ်သွားတတ်ပြီး သူများစိတ်တွေနောက်ချည်း ဖေါလိုက်ရင် ကြီးကြောင်ကြာပေါ လေပွဲစား စာရင်းထဲအထည့် ခံထားရတတ်တယ်...
------------------------------------------

သဘောကတော့  ''''လောကီထဲမှာ လောကီ စိတ် နဲ့ နေ ပါဦးမယ်လို့ ဆိုရင်''' အကန့် အသတ် သဘောတွေ နဲ့ နေတာ ဘ၀တည်ငြိမ်မှု့ အတွက်  ကောင်းတယ်လို့ ဆိုလိုတာ...အလွန်အကျွံ သဘောကောင်းတာလဲ မကောင်းဘူး အမြဲ ရင့်  နေတာလဲ မကောင်းဘူး သဘောကောင်းသင့် သူကိုကောင်း ရင့် လွှတ်သင့် သူကို ရင့် သာလွှတ်လိုက်သဘော...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..