'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, September 4, 2015
ပြောင်းဖူး
ပြောင်းဖူး
---------
သမုတိလောက သဘောကိုကိုင် ထားရင် ယတြာမဖြစ်တဲ့ ပစ္စည်းမရှိဘူးဖြစ်သွားတယ်...
သဘောက လောကုတ်အရ သီဟ မရှိဘူး
ခန္ဓာ၅ပါးရုပ်နာမ် ၂ပါးပဲရှိမယ် လောကီအမြင်အရ သီဟ ရှိနေတယ်ပေါ့ 
လောကီသမုတိ သဘောကြောင် သီဟ က
န၀င်းသီဟ ပြောင်းလို့ ရတယ် သီဟလဲ အမှန်ပဲ န၀င်းသီဟလဲ အမှန်ပဲသဘောပေါ့ 
---------------------
လိုင်းခန်းကနေ မပြောင်းချင်ဘူးလို့  တနင်္ဂနွေသား ရဲတစ်ယောက်က ဆိုလာတော့  ဘာဗေဒင်မှ မတွက် ဘာတိုင်မှ မကြည့် ပဲ
( တွက်ကြည့် နေရာမှာပျင်းလို့ နဲ့  သူက ဒီကိစ္စတစ်ခုထဲအတွက်လာတာ ကျန်တာ ဘာမှမမေးဘူးလေ)
မရမ်းရွက် ၁ ရွက် နဲ့ ၃ ရက်ခြား၁ ခါ ၃ခါလောက် ရေမွှေးရေနဲ့ ဖြန်း ဖြန်းပြီးအရွက် ဘုရားအိုးပြန်ထိုးထား...ပြောင်းဖူုးပြုတ် ကို အစေ့ ချွေ ၂ဇွန်း၃ဇွန်းပေါ့ 
ပြီးရင် ပန်းကန်ထဲထည့် ဆီဆမ်းဆားဖြူးပြီး ဘုရားကပ်...၅ရက်ဆက်ကပ်...နောက်တော့  ခဏခဏကပ်လို့  ယတြာ ညွှန်လိုက်တယ်
( တနင်္ဂနွေသား လို့  ပြောလို့  နဲ့  ရဲ ဆိုလို့  သစ္စာပန်းအရွက်ထက် နဲနဲ ရှာရပိုခက်တဲ့ မရမ်းရွက် ရှာခိုင်းလိုက်တာ)
--------------------
၃ပတ်လောက်ကြာတော့  အဲ့ ရဲပြန်လာတယ် မပြောင်းရတော့ ဘူးတဲ့  သူ့ ဆရာက ခေါ်မေးတယ် ပြောင်းချင်လား မပြောင်းချင်ဘူးလားဆိုတော့ 
မပြောင်းချင်ဘူးလို့ ဖြေလိုက်လို့  မပြောင်းရတော့ ဘူး..ကျေးကျေတွေဘာတွေပေါ့ 
-------------
မပြောင်းချင်ရင် ပြောင်းဖူးလှုဆိုတာ လူအများသိဖြစ်တယ် စာသမားတွေ သိပ္ပံဆရာတွေ ဗွီဒီယိုဓါတ်ရှင်ဆရာတွေ လူရွှင်တော်တွေ ဗေဒင်ယတြာ
လက်တွေ့ မလုပ်ဖူးသူတွေအတွက် ကျော်ကြားထင်ရှားတဲ့ ဟာသ တစ်ခုပေါ့ ...ဒါပေမယ့်  ကမ္ဘာဟာ သမုတိသစ္စာ ကမ္ဘာတစ်ခုဖြစ်တယ်
ပညတ်တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာဖြစ်တယ် ဗေဒင်ကလည်း ပညတ်ပေါ်အားပြုထားတဲ့  လောကီပညာဖြစ်တယ် ဒီတော့  ပညတ်ကမ္ဘာနဲ့ 
လောကီပညာနဲ့ ဟာမိုနီဖြစ်နေတယ်
ဒီတော့  တစ်ချို့ ပညတ်တွေဟာ လိုက်လျောညီတွေ ထည့် သုံးတတ်ရင် ( ကိုယ့် မှာလဲ သုံးနိုင်လောက်တဲ့ သြဇာရှိရင်) တပွဲတိုးတော့ အလုပ်ဖြစ်တယ်
------------------------------
မရမ်းရွက် နဲ့  ပြောင်းဖူး တန်ခိုးကြောင့်  မပြောင်းရတာလာ သူ့ ဟာသူ ပြောင်းကံ မရှိသေးလို့ မပြောင်းရတာလားက ကျနော်တို့ အလုပ်မဟုတ်ဘူး ကျနော်တို့ 
အလုပ်က မပြောင်းချင်တဲ့ သူကို မပြောင်းရအောင် ပေးလိုက်တဲ့ ယတြာက မပြောင်းရတော့ ဘူး ဆိုတဲ့ အချိန်မှာ ကျနော်တို့  အလုပ် ရည်ရွက်ချက်က
အောင်မြင်ခဲ့ ပြီ ယတြာရဲ့ ရည်ရွယ်ချက် တာဝန် ပြီးမြောက်ခဲ့ ပြီ
..ပြီးတော့  ဒီတစ်ယောက်ကို ပြောင်းဖူးလို့ ပေးပေမယ့်  နောက်တစ်ယောက်ကြတော့  ပြောင်းဖူးဖြစ်ချင်မှဖြစ်လိမ့် မယ် .
.ဘာကြောင့် လဲဆိုတော့  လက်တွေ့ ခွင်ထဲက ဗေဒင်ဆရာဟာ သူ့ သီးခြား လမိုင်းနဲ့ သူ အလုပ်လုပ်သွားနေလို့  ယတြာပညာမှာ ပုံသေမဆန်လို့ ပဲ..
ပြောင်းဖူးစေ့ ကို ချွေပြီးအကပ်ခိုင်းတာက အဖူးလိုက်ကပ်တာဟာ ဘုရားအတွက် သရုပ်ပျက်တယ်လို့ ခံစားမိလိုက်လို့  နဲ့  အစေ့ ကို တကူးတက အချွေခိုင်းတာက
ကိုယ့် အလှုပစ္စည်းကို လေးနက်စေလိုမှု့  နဲ့  ပုဗ္ဗစေတနာ အားကောင်းနေဖို့ ပါပဲ...( သဘောက ဗေဒင်ဆရာက ယတြာပေးတဲ့ အခါ သူ့ စိတ်ထဲမှာ ဘက်စုံကနေ
ချိန်ဆပြီးပေးသွားတာလို့ ဆိုလိုတာ ကိစ္စတိုင်းမှာ ရည်ရွယ်ချက် အကြောင်းပြချက်တွေပါတတ်တယ်ပေါ့ လေ)..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..