Powered By Blogger

Friday, September 4, 2015

ကံဆိုတာ ပြောရခက်တယ် လူဆိုတာ ဥာဏ်များလွန်းတယ်



ကံဆိုတာ ပြောရခက်တယ် လူဆိုတာ ဥာဏ်များလွန်းတယ်
------------------------
တစ်ခါက ဗေဒင်လာတွက်တဲ့ ကောင်မလေးတစ်ယောက်က အိမ်ထောင်ပြုမယ်လို့ ဆိုတော့ မွေးသက္ကရာဇ် တောင်းလိုက်တာ ၁၇ ၀င်စ ရှိသေးတယ် မစောလွန်ဘူးလား လို့ ထောက်လိုက်တော့  ( အမှန်က ၁၈ မပြည့် သေးတာကို သတိထားမိလို့ )...ဒုတိယ အိမ်ထောင်ပါတဲ့ .ဟား  မွေးမေလေ့ .ဖျားငုတ်တို ရောင်တော်လွှတ်.. ..ဖြုံသွားတယ်...ဒါနဲ့  ခေတ်တွေ ပြောင်းခဲ့ ပြီပဲလေ  ဆိုပြီး အသက် ၁၇ ကျော်လေးမှာ ဒုတိယမြောက်ဆိုတာက အံ့ သြလက်စကနေ တောင်ခြစ်မြောက်ခြစ်လုပ် တော်ကီနဲနဲ ထုပြီး သူ့ ပထမ အိမ်ထောင်ကိစ္စကို မေးရတယ် တရားဝင်ကွာခဲ့ တာလား ( နောက် ဘဲလေး မယားခိုးမှု့ နဲ့  အမှု့ ပတ်နေမှာစိုးလို့ ) ဘယ်အသက်က အိမ်ထောင်ကျသလဲလို့ မေးတော့  တရားဝင်ကွာခဲ့ တာ အသက် ၁၄ နှစ်ကျော်ကျော်က ကျတာ တောမှာနေတာပါ ပထမအိမ်ထောင်နဲ့ ကလေးတစ်ယောက် ယောက်ျားလေး ရတယ် ၁၆နှစ်လောက်မှာပါ ..သူနဲ့ ကွဲတော့  ကလေးကို ယောက္ခမတွေက ယူထားလိုက်တယ် ကျမလည်း တောကတက်လာပြီး အခုမြို့ မှာ အလုပ်လုပ်နေတာ..( ဟန်ပြ အလှပြင်ဆိုင်အလုပ်ပေါ့ ) .လို့  သူ့ သမိုင်းနုနုလေးကိုပြောတော့  ဘာမှ ပြန်မပြောနိုင်တော့ ဘူး..ကိုယ်ဟန်ပေါက်ကတော့ အရွယ်ရောက်စောနေတာတော့ သိသာနေတယ် ၂၀ကျော်နဲ့ တူနေတယ်..အသက်ထက်စာရင် အရွယ်ရင့် နေတယ် .ကံတွေ ဘ၀တွေပေါ့ .

...အဲ့ ဒီမှာ ကျေးလက်တွေရဲ့  လူမှု့ ဘ၀တွေ သဘောကို လိုက်မမီတော့ ဘူး ၁၄ နှစ်စွန်းနဲ့  အိမ်ထောင်ပြုတာ ဥပဒေ အရ အကြုံးဝင်သလား မ၀င်ဘူးလား အသေအခြာမသိဘူး   မ၀င်ဘူးဆိုရင် မိဘတွေကိုပါ တရားစွဲရမှာလား..မိဘချင်းရော မောင်မယ်ချင်းရော အိုကေရင် အိုကေတာလား...မတွေးတတ်တော့ ဘူး...ကိုယ်ကလည်း လောသမား မဟုတ်ဖူး လူရိုက်မှု့ လေးတောင် ဂျေး ဘယ်နှစ်လမှန်း မသိဘူး အချုပ်တွေ ဂျေးတွေလည်း တစ်သက်တာ တစ်ခါမှ မရောက်ခဲ့ ဘူးဘူးလေ...

ကြားခါစက ရယ်စရာလုပ်ခဲ့ ပေမယ့်  စေ့ စေ့ တွေးရင် မရယ်ရဲတဲ့ အဖြစ်တစ်ခုက...ပွဲရုံမှာ အလုပ်သမားစုံရှိတယ်..အများစုက တောနယ်တွေကနေ မြို့ တက် အလုပ် လုပ်တဲ့ သူတွေများတယ်... အဲ့ ဒီမှာ လူလတ်တွေပါတယ် သူတို့ နယ်ဘက်အကြောင်းတွေပြောရင်းက သူ့ ရွာက ရီးစားနဲ့ ချိန်းတွေ့ ပုံအကြောင်း ပြန်ဖေါက်သည်ချတယ်...ရီးစားက ပြူတင်းရှိတဲ့  အခန်းလေးနဲ့  အပျိုခန်းဆိုပြီး သီးသန့် ညအိပ်တယ်..နေ့ ခင်းမှာ ညဘက် လာခဲ့ မယ်လို့ သူက ချိန်းလိုက်ရင် သူ့ ရီးစားက သူ့ ခြေမလေးမှာ ဘာနီကြိုးလေး ချီပြီး ကြိုးစကို ကြမ်းကြားကနေ အစကို အိမ်အောက် တွဲလောင်းလေးချထားပေးထားတယ် ညအမှောင်နဲ့ ဆိုမမြင်သာဘူးပေါ့ လေ...

.ညကြတော့  အဲ့ အိမ်အောက်ကနေ ကြိုးစလေးသွားဆွဲတော့  ရီးစားကနိုးလာပြီး အိမ်ထဲက လူရိပ်ကြည့်  ချိန်းတွေ့ ပေါ့ ...လင်းအားကြီးကြတော့ ပြန်လာတယ်...ဟားးးး.ပိုင်လိုက်တာ..လို့  အဲ့ တုန်းက ပြောမိပေမယ့်  အခုတော့  လူတွေဟာ အတော် ဥာဏ်များတာပဲလို့ ....တွေးမိတဲ့ အဖြစ် ရောက်သွားတယ်...ဒီ ဇာတ်ထုတ်က ဖြုံစရာ ဇာတ်ထုတ်တွေ အများကြီးထဲက တစ်ထုတ်ပဲ ရှိသေးတယ်..

ကံဆိုတာ ပြောရခက်တယ် ကံသတ္တိတွေရဲ့ သဘာဝက  သမားရိုးကျ ဥာဏ်သဘော နဲ့ ပုထုဇဉ်ဥာဏ်ကို ကျော်နေလို့ ကံ အလုပ်လုပ်ပုံကို ထိုင်တွေးမနေနဲ့  ကြံမနေနဲ့  ဂေါက်သွားမယ်လို့  ဆိုခဲ့ တာလေလား.....လူတွေကလည်း...ကိုယ်ထင်တာထက်ကို ကိုယ်မှန်းဆနိင်တာထက်ကို  ဥာဏ်များလွန်းလှတယ် တယ်.....ကံသာအမိ ကံသာအဖ ဘုရားစာသာ နာနာရွတ်နေတာပဲ ကောင်းပါတယ်လေ....ငိငိ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..