လျပ်စစ် နဲ့ ကလေး
------------
လျပ်စစ်နဲ့ ပတ်သက်ပြီး သေမလို ဖြစ်တာတွေထဲမှာ ဇာဂနာ ကိစ္စကတော့  မသေတာကံကောင်းအပြင် ကိုယ့် ရဲ့  ကြံကြံဖန်ဖန် တွေးခေါ်စပ်စုတတ်တဲ့ ဥာဉ်ကို ကိုယ့် ကိုယ်ကိုယ်ပါ ပြန်အံ့ သြရတဲ့ အပေါက်ပေါ့ ...ပြီးတော့  ကိုယ် ကညော့ ခဲ့ တာတွေကနေ ...ဘယ်ကလေးကိုမှ လျှော့ မတွက်နဲ့ သတိမလစ်စေနဲ့  သူတို့ က ဘာတွေ စပ်စုဖို့ ကြံနေမှန်းမသိဘူး ဆိုတာပါ တွေးလို့ တွက်လို့ ရတယ်
ကပ်သီးကပ်သတ်တွေးဆော့ တာ မူလတန်းကနေ အလယ်တန်းအစ ငါးတန်းတက်စပဲရှိသေးတယ်...အဲ့ မှာ စပ်စုတွေး တွေးပုံက တူးပင် ပလပ်ပေါက်ထဲ ဇာဂနာကို ထည့် ပြီး မီးဖွင့် ကြည့် ရင် ဘယ်လိုနေမလဲ မသိလို့  မီးပလပ်ပေါက်ကြည့် ပြီး တွေးလိုက်တာ အဲ့ တုန်းက ဇာဂနာအသုံးတွေက တွင်ကျယ်ပြီး ဆိုဒ်လည်းကြီးတယ်လေ..အဲ့ ဒါ လူကြီးတွေ အိမ်ရှေ့ ခန်းရောက်နေတုန်း လက်တွေ့ အကောင်အထည်ဖေါ်ပုံက ဇာဂနာ အချွန် နှစ်ဖက်ကိုဖြဲ ပြီး တူးပင် ပလပ်ပေါက်ထဲထိုးထည့်  တံမျက်စည်း တုတ်ခေါင်းနဲ့ ခပ်လှမ်းလှမ်းကနေ မီးခလုပ်ကို ခြောက်ကနဲ လှမ်းဖွင့် လိုက်တာ.....
ဖြောင်း ရှုးးးး..ဖေါင်း..ဆိုပြီး မီးတန်းကြီးက ဒုံးပျံဖင်ကထွက်သလိုမီးတန်းကြီးထွက် ဇာဂနာပါ ဖေါင်းကနဲ ကန်ထွက်လာတာ လူကါ လန့် ပြီး နောက်ကို လွင့်  လန်ထွက်သွားပေါ့  တစ်အိမ်လုံးပါ မီးပြတ်သွားရော..ညှော်နံ့ လေးနဲနဲပါထွက်လိုက်သေးတယ်..ဟီးးးလူလည်း အဲ့ တော့ မှ လန့် သွားတာ ခ်ခ်
တော်သေး ဘိုးတော်ရောဘွားတော်ပါ မရှိဘဲ...သဘောကောင်းတဲ့ ဦးလေးနဲ့ မို့ လို့ ဗျောတီးမခံရတာ...အဟီး...လူက အဲ့ လိုတွေပါလေ...
အဖျားတိုင်းတဲ့  ပြဒါးတံ ဖန်ချောင်းကို ရေနွေးပူတွေနဲ့  ဖန်ခွက်ထဲလဲ ဘယ်လိုများနေမလဲဆိုပြီး ထိုးစိုက်ကြည့် ဖူးတယ်.....ပြဒါးတွေ အပူလွန်ပြီး ကန်ထွက်သွားလို့ ဖြောင်းကနဲပဲ ကျိုးထွက်သွားတာ.ဟီးဟီး......:P 😁 😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..