Powered By Blogger

Wednesday, August 26, 2015

နှောင်းလွန်အလွမ်း


နှောင်းလွန်အလွမ်း
------------
ပစ်ခွင်းသွားတဲ့  ချစ်ခြင်းတရားက
စစ်ခင်းမြှားတစ်စင်း ဖြစ်ခဲ့ ပြီလား

အပြုံးနဲ့ ချစ်ခြင်းတွေ လို့ ထင်မှတ်ခဲ့ ပေမယ့် 
အမုန်းဖွဲ့ ယဇ်ခင်း သွားခဲ့ တာဆိုတာ
နှောင်းလွန်အလွမ်းတွေ ဖြစ်ခဲ့ မှသိလိုက်ရတော့ 
ရင်ထဲမှာ 'နေ '...

နေတစ်ရာဖြစ်ပါစေ ရေဇလာခမ်းခဲ့ စေ
လေလာရာလမ်းမှာ မင့် ကိုယ်စား
ချစ်ခြင်းပန်းရနံ့ တွေ သင်းပျံ့ လာလေဦးမလားရယ်လို့ 
ဆောင်းနွေမိုးဆက် ရာသီစက်ဝန်းတွေ အဆက်ဆက်
မျှော်လေတိုင်း မှိုင်းမှုံလို့ ရီဝေ
တို့ ရင်ထဲမှာ ''နေ''  ။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..