Powered By Blogger
Wednesday, August 26, 2015
ပေါ့ ပေါ့ ပါးပါး
-----
ပုတီးစိတ်ရင် အနဲဆုံးအကျိုးက ကုသိုလ်ရတယ်ပေါ့ ၊ အကြောင်းက ပေါက်ကရပြောနေတာ မဟုတ်ပဲ ဘုရားစာရွတ်နေတာမို့ လို့ ပေါ့ လေ ။ နောက်တစ်ချက်က ဒီပုတီးစိတ်တဲ့ ကိစ္စ အကြောင်းကို ကိုယ်တွေ့ တွေကို အခြေခံပြီး စဉ်းစားလိုက်တဲ့ အခါ..ကိစ္စများမြောင် လူတို့ ဘောင် ဆိုတဲ့ အတိုင်း အချိန်အကြာကြီး ထိုင်စိတ်နေဖို့ က အခြေအနေအမျိုးမျိုးကြောင့်  အခက်အခဲရှိလာတယ်..ပြီးတော့  လှုပ်ရှားခေတ် ဖြစ်လာတော့  လူမှု့ ဆက်ဆံရေး သဘောအရ ပုတီးကို အချိန်သိပ်မပေးနိုင်တော့ ကောင်တာနှိပ် လေးတွေ နဲ့ သွားရင်းလာရင်း နှိပ်မှတ်တဲ့ စတိုင်တွေကလည်း ခေတ်စားလာတယ်။
အဲ့ မှာ ပိုခက်ခဲလာတာက အကြောင်းရေ ၁၀ကြောင်းအထက် ဂါထာ  ဘုရားစာမျိုးတွေဆို ထိုင်စိတ်ရင် ၁၀၈ လုံး ပုတီးတစ်ပတ်ရအောင် စိတ်ရတာ စိတ်သားမကျ
သူတွေ အတွက် ပုတီးတစ်ဝက်ကျိုးဖို့ တောင် အတော်အားထုတ်ယူရတယ် စိတ်သားကျသူတွေလည်း သိပ်မကွာပါဘူး...လူက အလုပ်များပင်ပမ်းနဲ့  ပုတီးက လက်က ခဏခဏ လွတ်ကျပေါ့  အဲ့ တော့  အာရုံတွေကလွင့် လို့ ဖြစ်လာတာများတယ်..ဒီတော့  ခပ်တိုတိုဂါထာမျိုးတွေ ခပ်သုတ်သုတ်ပြီးမယ့်  ပုတီးစိတ်ပုံတွေကို
စဉ်းစားတယ် စမ်းတယ် အလုပ်လဲဖြစ်ရမယ်ပေါ့ ..
..
အဲ့ မှာ အလုပ်လဲဖြစ် ပြီးတာလဲမြန် လူလဲ မငိုက် ကောင်တာနှိပ်တောင် အဆင်ချောတဲ့ စတိုင်ကိုကြံစီတော့ ...
ဆိုပါတော့ ဂုဏ်တော်ကို ကုသိုလ်ရေးလေး ပုံမှန်ပုတီးစိတ်မယ်ဆို. ဂုဏ်တော် ၉ပါးစလုံး တစ်ခါရွတ် ပုတီးတစ်လုံးချ နဲ့  ၁၀၈ လုံးပြီးအောင်ဆို အချိန် အတော်ယူတယ် ပုတီးတစ်ဝက်ကျိုးရင်တောင် ခါးညောင်းလာရတာနဲ့  အလုပ်ပေါ်လာရတာနဲ့  အာရုံက မရတော့ ဘူးဖြစ်လာတယ်...ဒီတော့  ဘယ်လိုကြံစိတ်လိုက်လဲဆိုရင်...အရဟံ အရဟံ အရဟံ...ဆိုပြီး ဂုဏ်တော်တစ်ပါးကို ပုတီးတစ်ပတ် သမ္မာသံဗုဒ္ဓေါ ကို တစ်ပတ်..ဆိုပြီး ဂုဏ်တော်တစ်ပါး တစ်ပတ်နဲ့  ဘဂ၀ါ အထိ ၉ပါး ကို ပုတီးစိတ်လိုက်တော့  မြန်လည်းမြန်သွားတယ် လူလည်းမထိ အာရုံလဲမလွင့် တော့ သလို ကြားမှာကိစ္စပေါ်ရင် ထလုပ်လို့ လွယ်သွားတယ်..
ဒိဝါတပတိ အာဒိစ္စော လည်း ဒီလိုပဲ  တစ်ကြောင်းကို ပုတီးတစ်ပတ်ပုံစံနဲ့ စိတ်လိုက်တာ  ဗုဒ္ဓေါ တပတိတေဇသာ အထိ ၆ကြောင်းမြောက် အထိ ပုတီး ၆ပတ်က တော်တ်ာမြန်သွားတယ်..၆ကြောင်းစလုံး တစ်ခါရွတ် ပုတီးတစ်လုံးချ နဲ့ ပုတီး တစ်ပတ်စိတ်သလိုလည်း ဖြစ်သွားတယ် အာရုံလဲမလွင့် လူလည်း ခါးမညောင်းပေါ့ ..
သဘောကတော့  ကုသုလ်အကျိုး အတွက် ပုံမှန်ပုတီးလေး ဘာလေးစိတ်တဲ့ အခါ အလုပ်လည်းဖြစ်တဲ့  ပေါ့ ပေါ့ ပါးပါး စိတ်ခဲ့ ပုံလေးတွေ ပြောပြတာမျိုးပါ..
စီးပွား ပညာ ကျမ္မာ ဘာအတွက်ညာအတွက် တိကျတဲ့ ပစ်မှတ်မရှိ ပဲ ကောင်းမှု့ သဘောကို ပိုဆောင်တဲ့  ပုတီးစိတ်တဲ့ စတိုင်ပေါ့ .ပြီးတော့  ဘ၀ဖြတ်သန်းမှု့ မှာ
နဂိုကကို စိတ်ဖိစီးမှု့ တွေများရတဲ့ ကြားထဲ ကောင်းမှု့ လုပ်တာတောင် ထပ်ပြီး စိတ်ဖိအားများမယ့် ကိစ္စတွေဖြစ်မလာအောင် တတ်နိုင်သလောက်ကြံဆတဲ့ သဘောလဲပါပါတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..