Powered By Blogger

Wednesday, August 26, 2015

တွေးရဲသူတွေ

တွေးရဲသူတွေ
--------
ရုပ်ပစ္စည်း အလန်းတွေနဲ့  ကျောက်ဂူနေတွေထဲကနေ မိုးမျှော်တိုက်တွေအထိ တီထွင် စီစဉ်ပြီးနေလာနိုင်တာရော အယူဝါဒတွေပါမကျန် ဖြစ်လာတာ တွေးသူ တွေရှိလို့ ပဲ စိတ်အကြံက အရင်စတဲ့ သဘောပေါ့ ..တွေးတာကတော့  ကလေးကအစ ဘဘကြီးအထိ တွေးတာချည်းပါပဲ..

အဲ့ ထဲကမှ ထူးခြားသဘောကို ဆွဲထုတ်တာ တွေးရဲသူ တွေကြောင့် လို့ ၊ အရှေ့ အနောက်
ဒဿနသမိုင်းက သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ ဒဿနဆရာတွေဆိုတာလည်း ဟုတ်ဟုတ် မဟုတ်ဟုတ်
မှားမှား မှန်မှန်  သူတို့ ခေတ်က လူတကာ တွေးနေကြပုံစံတွေနဲ့ ကွဲပြီး တွေးရဲကြလို့ ပြီးတော့ 
လက်တွေ့ ပါ ပါလာကြလို့ အမည်ကျန်ခဲ့ တာမျိုးပေါ့ .



.အနောက်ဒဿနက ငါတွေးသည် ဒါ့ ကြောင့် ငါရှိသည် ဆိုတာလဲ အဲ့ ခေတ် လူသားအပါအ၀င် အရာရာ အပြဌာန်းခံက သူ့ လို ဘယ်သူမှမတွေးရဲ ကြဘူး ဖြစ်တည်မှု့ ဝါဒီတွေ ခေတ်စားတာလဲ အဲ့ ဒီ့ အရာရာ အပြဌာန်းခံဘ၀ကို ကလန်လိုက်ပြီး ငါ အတ္တနဲ့ ငါ့ အမှန် ငါ့ ဟာငါ့ ရွေးခြယ်ခွင့် ရှိတယ်  ငါလုပ်သမျှငါ တာဝန်ခံတယ် ဆိုတာမျိုးထလုပ်လိုက်တော့  အဆိုအမိန့် တွေ လူ့ အဖွဲ့ အစည်း လူမှု့ စနစ် စည်းကမ်းတင်းကျပ်မှု့တွေ ၀ါဒတွေ က သိပ်ဖိအားများလွန်းတယ် သိပ်ချုပ်ချယ်လွန်းနေပြီ ငါတို့ ဘော်ဒီတွေတင်မကဘူး ငါတို့ ခေါင်းထဲက အတွေးအမြင်တွေကိုပါ ၀င်ချုပ်ချယ် လာလွန်းနေပြီလို့  ခံစားရင်း လွတ်လပ်ငှက်တွေ အရမ်းဖြစ်ချင်နေတဲ့  လူတွေအကြား သိပ်ကို ရေပန်းစား သွားကြတော့တာမျိုးပေါ့ ..


သမိုင်းစာတင်ကျန်ခဲ့ တဲ့ အရှေ့ တိုင်းဒဿနတွေထဲမှာ အိန္ဒိယတိုက်ကြီးထဲက ဒဿနတွေတစ်ချို့ က တစ်ခြားဒေသတွေထက် ထူးခြားတွေတောင်ဖြစ်နေတာမျိုးတွေတွေးရဲခဲ့ ကြတယ်..လူ့ ဇာတ်ခွဲတဲ့ အတွေးတွေ အလွန်ပြင်းထန်တဲ့ ဒေသ တမလွန်ကို အလွန်ဇောင်းပေးတွေးခေါ်တာမျိုးတွေ နေရာရနေတဲ့ ဒေသမှာ ပျော်ပျာ်သာ နေသွားကြ သေရင် ဟိုမှာဘက်ဆိုတာ မရှိဘူးဆိုတဲ့ သူတွေကိုလဲ လူကြိုက်များလို့ သမိုင်းစာတင်ခဲ့ သလို


မဟာဘုတ် ၄ ပါး ဖြစ်တည်နေတဲ့ အာကာသဓါတ် ဆိုတာတကယ်ရှိတယ် အဲ့ အာကာသဓါတ်ကြောင့်  ဓါတ်ကြီးလေးပါးဟာ တကယ်တော့  မရောယှက်သွားပဲ တစ်ခုနဲ့ တစ်ခု အာကာသဓါတ်ကိုကြားခံပြီး တွဲစပ်နေကြတာ ဒါကြောင့်  လူတစ်ယောက်ရဲ့  အသားကို ဓားနဲ့ ခုတ်ရင် အဲ့ လူရဲ့ အသားကို ခုတ်မိတာ မဟုတ်ဘူး အဲ့ လူရဲ့ အသားစိုင်ကြားက အကာသဓါတ်ကြားထဲ ဓားကတိုးဝင်ဖယ်ရှားနေရာ ယူသွားတာပဲဖြစ်တယ် ..အသားတွေက ဘေးဖယ်ပေးလိုက်ရတာ ဆိုတာမျိုး ဆိုတာ အဲ့ ခေတ်က အယူစွဲ ပြင်းထန်တဲ့ ဒေသက ဆရာသခင်တွေကို နားရွက်တံတွေးတက်ဆွတ်သွားတဲ့ တွေးရဲသူတွေမျိုးပေါ့ ..
.

တွေးရဲကြသလား မမေးနဲ့  အရှေ့ တိုင်း ဒဿန သမိုင်းစာအဖြစ်တောင် မှတ်တမ်းကျန်ခဲ့ တယ်.
ဓလေ့ အစဉ်အလာကနေ နဲနဲလေးသွေဖီတဲ့ အတွေးတွေတောင် ငရဲနဲ့ မလွတ်ဘူးဆိုတဲ့ ခေတ်မှာ ဘယ်သူများ သူတို့ လိုတွေးရဲပါ့ မလဲ...

အဲ့ လိုတွေးရဲသူတွေမှာ တူနေတဲ့ အချက်က သူတို့ ရဲ့ ခေါင်းထဲက အတွေးတွေအထိ ဟိုလိုမတွေးရ ဒီလိုမတွေးနဲ့  ဒီလိုတွေးပါ ဟိုလိုတွေးပါ ဆိုတာမျိုးအထိ လာပြီးချုပ်ချယ်တာမျိုးကို လက်မခံတတ် မကြိုက်တတ်ကြဘူး ဆန့် ကျင်ကြတယ်ဆိုတာက တူညီနေကြတဲ့ အချက်ပါပဲ


တကယ်က အတွေးတွေ အကြာင်း ပြောပြမလို့ ကြံစည်တာက လက်ဝါးပြင်ဖတ် လက္ခဏာ စာအုပ်တွေလျှောက်ဖတ်တုန်းက တွေးဖူးတဲ့ အတွေးတစ်ခုကို ပြောပြမလို့ ကြံတာ...

အဲ့ စာအုပ်တွေက ပုံတွေပါတော့  ပုံကြည့် လိုက် ကိုယ့် လက်ဝါးကိုယ်ထောင်ကြည့် လိုက် စာညွှန်းကြည့် လိုက် ပေါ့ မှန်လိုက်တာတွေ ဟုတ်လဲမဟုတ်ဘူးတွေပါ ဝေဖန်ချက်တွေ ထုံးစံအတိုင်းပါတာပေါ့ 

...နောက်တော့  ကြားကအတွေးဖေါက်ဝင်လာတာက မွေးရာပါ လက်နှစ်ဖက်စလုံး ပါမလာသူတွေဆို ဒီလက္ခဏာပညာ ကြီးက အသုံးချ မရတော့ ဘုးပေါ့ လို့ ကြားဖေါက်တွေးမိတာမျိုးဖြစ်ခဲ့ ဘူးတယ်လို့ တွေးမိခဲ့ တာကိုရေးမလို့ ကြံတာ။ အဲ့ ကနေ ဆက်တွေးမိတာ လောကရဲ့ လျို့ ဝှက်တဲ့  အကန့် အသတ်တွေ သဘောပေါ့ လေ.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..