မရဏဥာဉ်ဆိုတာ
-------------
ကျနော့်  ဂရုထဲက ပိုစ်ကို အပြင်ဆွဲထုတ်လာတာပါ..အကုန်လုံးရေးမပြနိုင်ပါဘူး ပျင်းတတ်လို့ နဲ့  စိတ်ကူးပေါက်မှ ထ ထ ရေးချင်ရာရေးတတ်တဲ့ အကျင့် ရှိလို့ ပါ..ဗုသုတ သဘော အပျင်းပြေဖတ်သဘောလောက်ပါပဲ
--------------
မရဏဥာဉ် သဘောလေး
-------
အဲ့ မှာ သဘောတရားက...စာတွေလို စာသံပေသံတွနဲ့ ရေးပြနေရင် သူ့ သီအိုရီရဲ့  အသုံးကျတန်ဘိုးကို မရိပ်မိလွယ်ဘူး..တကယ့်  လူ့ သဘာဝတွေနဲ့  တိုက်ပြမှ ဒီမရဏဥာဉ် ဆိုတာကြီးက ဘ၀အတွက် ဘာအသုံးကျလဲဆိုတာ ရိပ်မိတာမျိုး...ကျနော်တို့ လေ့ လာတာက တိုစိစိ သိအိုရီတွေနဲ့  တကယ့် အပြင် လူရှင်တွေနဲ့  တိုက်ကြည့် တယ် ပြီးတော့  သူ့ ဘ၀ဖြစ်စဉ်ကို အကြာကြီး ''စောင့် ကြည့် ခဲ့ တာ ''....
ဆိုပါတော့ 
၁။။။။ ၁ ကြွင်းမဟာဘုတ်သမား တစ်ယောက်ကို ''လူအဆိုး ''လို့  မရဏအိမ်က ဗုဒ္ဓဟူးနံ ဆိုတဲ့  လူ နဲ့  လူမှု့ ဆက်ဆံရေး သဘောလေးကပဲကြည့် ရင်...မွေးကတည်းက သူများအနိုင်ကျင့် တာခံခဲ့ ရလို့  သူများလို့ ဘတွေကိုချည်း ပေးခဲ့ ရတာများတယ်လို့  သူ ကိုသူထင်လာရာက...တုန့် ပြန်အားပြန်ဖြစ်လာပြီး လူတွေကို ဘုကြည့် တွေနဲ့ မသင်္ကာကြည့် တွေနဲ့  လက်ယဉ်တဲ့  လက်တုန့် ပြန်လိုစိတ်ကြီးမားတဲ့  မခံချင်စိတ်တွေကြီးလာတဲ့  ၁ကြွင်းမွေးတွေ...
၂။။။လိုတရဘ၀မျိုးလို မွေးလာလို့  သူ့ ကိုလှန်တဲ့ သူမရှိလို့  သူ့ ကို အလိုလိုက်သူတွေက ပိုများလို့ ..လူတွေကိုမြင်ရင် ဗိုလ်ကျချင်စိတ် သူ့ အလိုလိုက်ရမယ်ချည်းထင်လာရာက လူပုံကစပြီး ရမ်းသရူးပုံဖြစ်လာတဲ့  ၁ကြွင်း..
၃။။သူများကို မိသားစုကို အလိုလိုကို အနွံတာ ခံချင်နေစိတ်ပါလာလို့  သူများတကာက အားမလိုအားမရ ဖြစ်လောက်အောင် မြေသားဆန်လွန်တဲ့  ပရဟိတ ၁ကြွင်း ..
၎။။အခွင့် အရေမှန်သမျှ အမြဲတမ်း နောက်ကျသူ သူများအလိုကိုသာဖြည့် ပေးနေရသူ ကိုယ့် အတွက်ကြတော့ ကိုယ့် ဟာကိုယ် အားထုတ်ရသူလို့ ကိုယ့် ကိုယ်ကို ခံစား မျက်ရည်ကျိတ်ကျရင်း လောကကို ဂလန့် တွေ မြင်လာ ပြောလာတဲ့  ၁ကြွင်းမွေး.. ။ စသဖြင့်  စသဖြင့် .....
အဲ့ လို တွေ မရဏအိမ်က ပုံစဲမျိုးစုံနဲ့  လက်ဆင်ပေးတာတွေကွဲသွားတာ တကယ့် ၁ကြွင်းတွေကို များများလိုက်ကြည့် ရင် အနုစိတ်တွေ ကွဲသွားတာ မြင်ရမယ်..
အဲ့ ဒီ ကွဲသွားတဲ့ ယေဘူယျ အုပ်စုတွေမှာ လောကဓံဆိုးတွေနဲ့ ကြုံလာရင်.. အုပ်စု ၁ က ၁ကြွင်းတွေက လောကဓံ အတက်အကျ မြန်တတ်တာ ၊ အုပ်စု ၂ က ၁ကြွင်းမွေးတွေက သေကံအထိမလှတတ်ဘူး လောကဓံဆိုးတွေကြုံလာရင် ကယ်မယ့် သူမရှိဘူးဖြစ်သွားလွယ်တာ..။ အုပ်စု ၃ က တော့  ဓမ္မနွယ်သွားတာ၊ အုပ်စု ၄ က သောကနဲ့ သာ နပမ်းလုံးနေတော့ တဲ့ အပူသည်ဖြစ်နေတာ စသဖြင့်  အကျိုးဆက်တွေဖြစ်လာတာ တွေ့ ရတတ်ပြီ..
လူတကာကို အဆိုးမြင်ချိန်များတဲ့ ၁ကြွင်းက လောကဓံဆိုးသက်ရာက်တွေရောက်ရင် အတော်လေးအဖဲ့ ခံရလွယ်သလို အကောင်မြင်စိတ် ( တကယ်က လူတကာ့ အနင်းအနှိမ်ကို ပေခံနေတာမျိုး မတရားမှု့ ကိုတောင် မတုန့် ပြန်တော့ တာမျိုး) ကလည်း အခွင့် အခါကောင်းတွေကို လက်လွှတ်ရလို့  ဖြစ်သင့် သလောက်ဖြစ်မလာတတ်တော့ ဘူး.
ဒီတော့  ၁ ကြွင်းတွေကို လက်တွေ့ ဘ၀ထဲမှာ အလုပ်ဖြစ်တဲ့ ၁ ဖြစ်သွားအောင် အကန့် အသတ်နဲ့ သီးခံပါ..ကိုယ့် ထမင်းအိုးကို ထိလာနိုင်မဲ့ သဘောတွက်လို့ ရရင် ဒူးအော်ဒိုင်း တုန့် ပြန်ပစ်လိုက်ပါ...အခြေအနေအရ မင်းသမီးမျက်နှာဖုံးစွပ် လူတွေကို ဆက်ဆံပါ ဘ၀အတွက် လိုအပ်ရင် ဘီလူးဆိုင်းထတီးပါ ဆိုတဲ့  စိတ်ချိန်းနည်းတွေဟာ ၁ကြွင်းတွေအတွက် ဘ၀နေနည်းဖြစ်လာတယ်...
ဒါဟာ ဗုဒ္ဓဟူးနံ ( ရယလ၀) ထဲက လူ နဲ့ လူမှု့ ဆက်ဆံရေး နာမ်သဘော ပဲ ရှိသေးတယ်...ရုပ်သဘောဖြစ်တဲ့  လေချုပ်ဝမ်းချုပ်တွေ လိပ်ခေါင်းဒူလာသဘာဝတွေ ရင်ကျပ်လွာ်တာ အဆုပ်အအေးပတ်လွယ်တာတွေ ရေလမ်းသွားရတာ အန္တာရာယ်များပုံတွေ စတဲ့  ရုပ်ဘော်ဒီ သဘာဝတွေ ရှိသလို ရွှေပွဲစားသက်သက်ဆို ဒုက္ခဖြစ်လွယ်ပြီး ပညာသဘောဦးစီးတဲ့ ရွှေပန်းတိမ်ပါတွဲလုပ်တော့  အလုပ်ဖြစ်နေတာ အလုပ်ရလိုက်ရင် လူပင်ပမ်းတဲ့ အလုပ်မှ ရလွယ်တာဆိုတဲ့  မရဏအိမ်က
ဗုဒ္ဓဟူးနံ ရဲ့  အမျိုးမျိုးပရိာယ်တွေနဲ့ လှည့် ရစ်တတ်တာကို ဘယ်လို အကြောတည့် အောင်ပြန်ကိုင်တွာ်မလဲဆိုတာတွေ
သဘောက မရဏဥာဉ် လို့ တစ်လုံးထဲသာ ပြောလိုက်တာ ဘ၀အထွေထွေ လူအထွေထွေ အတိတ်ကံ အထွေထွေ ထဲ ဆွဲသွင်းလိုက်ရင် ကျယ်ပြန့် တယ်...ပြီးတော့  အခုရေးခဲ့ တာ တကယ့် ဗေဒင်ဟောနေတဲ့ အထဲမှာ တစ်ခါမှ မဟောရသလောက်ပဲ...
တကယ့် အလုပ်က ဆေးခန်းလိုနဲ့ ပိုတူတယ် ဘာဖြစ်လာလဲံ အဲ ဒါကို ဖြေရှင်းရတာပိုများတယ်...အဲ့  ဖြစ်လာသမျှတွေအများစုကလည်း သက်ရောက် သဘောကို မသိလို့ ဖြစ်လာတာတွေချည်းများလို့  အသက်တွေ တိုလွယ်တဲ့ ခေတ်မှာ လိုတိုရှင်းတွေဖြစ် တပွဲတိုးပြေလည် ပြီးရောဆိုတဲ့ ယတြာတွေနဲံ့ နေ့ တဓူဝ ချီတက်နေရတာလို့ ပါ...ကြာတော့  ဗေဒင်ကို သာယာနာပျော်ဘွယ်ဖြစ်အောင် မဟောတတ်တော့ ဘူး နောက် ၁၀နှစ်က အရေးမကြီးဘူး အခု ကြွေးတင်နေတာ အရင်ရှင်း ဖြစ်လာတဲ့ ခေတ်လို့  ...ဒါကြောင့်  သက်ရောက် သဘောနဲ့  ယတြာက ဘ၀အတွက် မိန်းဖြစ်နေပြီလို့ ဆိုတာပါ...ဥာဉ်တွေ အကျင့် တွေက တော်ယုံဆိုရပါတယ် သက်ရောက် သဘောနဲ့  ယတြာလေးတွေ က လုပ်တတ်လေ ဒုက္ခက သက်သာလေးလို့ ဖြစ်လာတာမျိုးပေါ့ ..
ပြီးတော့ အမြဲဆင်ခြင်တာက ဘာဗေဒင်မှ မဗေဒင်ပဲ မွေးပြီး ဘ၀ဖြစ်ပြီး ဘ၀ထဲကျင်လည်ပြီး သေသွားတဲ့ သူတွေက ဗေဒင်ကိုသိပြီး ဗေဒင်နဲ့ ပတ်သက်ပြီး သေသွားတဲ့ သူတွေထက် အဆပေါင်းများစွာ ပိုများတယ်ဆိုတာ အမြင်ဆင်ခြင်ထားလို့  ကျနော်က ဗေဒင်ကို ဗေဒင်လောက်ပဲ သဘောထားတာမျိုးဗေဒင်အပေါ်မှာ စန်းစန်းတင့် မဖြစ်လှဘူးဖြစ်နေတယ်လို့ အဲ့ တော့  ဗေဒင်ကို စန်းစန်းတင့် ဖြစ်လွန်းတဲ့ သူတွေနဲ့ အဆီအငေါ်မတည့် လှဘူးလို့ ......
------------------
မရဏမှာာစနေရှိတယ်ဆိုရင် အဲ့ဒီညဉ်က ဘာဖြစ်မလဲဟင် ၄ကြွင်း က
ရင်ထဲမှာ မခံချင်စိတ် (၀ါ) ကိုယ်တန်ဘိုးထားတဲ့ အပေါ်မှာ ဂုဏ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ မာန အခံက ကိုယ်ကိုယ်တိုင် သိနေတာထက် ထုထည်ကြီးတယ်ဆိုတာ အခြေခံဘေ့ စစ်ဗျ၊ အဲ့ မာန က ဘယ်အပေါ်မှာ အခြေခံခဲဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားတယ် (တစ်ခြားအချက်အလက်တွေအရပေါ့ ) ငွေဂုဏ်ဖြစ်ချင်ဖြစ်မယ် အလှဂုဏ်မောက်တာဖြစ်ချင်ဖြစ်မယ် ပညာဖြစ်ချင်ဖြစ်ဖြစ်မယ် နောက်ဆုံး သီလစင်ကြယ်တယ် ဆိုတဲ့ အပေါ်မှာတောင် မာနခံသွားတယ် သဘောက တစ်ခြားဟာတွေ သီးခံနိုင်ပေမယ့် ကိုယ်က ဂုဏ်ယူလောက်အောင် သီလကောင်းကောင်းနဲ့  တစ်သက်လုံးနေခဲ့ တာကို အဲ့ သီလကို ပေါက်ကရတွေ လာပြော လာထိမှ ထောင်းကနဲ..ဆို ပြန်တုန့် ပြန်တော့တာကို စနေ နံ မာနသဘောကြွတက်လာတာလို့ ..အဲ့ လိုကြွတက်လာတော့ သွေးအရင်တိုးပြီး ပူလောင်သွားတာပေါ့ .အကယ်၍ အဲ့ လိုမျိုးမဟုတ်ပဲ သူမသိလို့ ပြောတာပါ အချိန်တန် အမှန်တရားပေါ်လာမှာပါလို့ တွေးလိုက်ရင် ရင်ထဲမှာချက်ချင်းအေးချမ်းသွားမယ်ပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..