Powered By Blogger

Wednesday, August 26, 2015

ဂြိုလ်သဘာဝနဲ့  ပညာရေး


ဂြိုလ်သဘာဝနဲ့  ပညာရေး
------------------------
ဂြိုလ် ၈ ခွင်စလုံးမှာ စာမေးပွဲကျတတ်တယ်..၊ ဂြိုလ် ၈ ခွင်စာလုံးမှာ  စာမေးပွဲ အောင်တတ်ပါတယ် အကြောင်းတရားတော့ ကွဲသွားတတ်တယ်.

..ဂြိုလ်ကောင်းမှာ ကျတတ်ပုံက ဂြိုလ်ကောင်းဆိုတာ လိုတရကံလေး ရှိလာတယ် ပျော်စရာတွေပေါတယ် ဘော်ဒါတွေပေါ်တယ် ငွေဇယားလေးက ရလွယ်တယ် ဒီတော့  ဖရီးရိုက်ပြီး ဟိုလူလာခေါ်ပါသွား ဒီလူလာခေါ်လိုက်သွားနဲ့  အိမ်ပြန်လာတော့ ခြေပစ်လက်ပစ် ထိုးအိပ် နဲ့  စာဖတ်ချိန်မပေးနိုင် အပျော်တွေ ဘေးကိစ္စတွေ လူမှု့ ရေးတွေထဲ ပျော်ဝင်နေတော့  စာထဲ  အာရုံမလာတော့  စာမရ  စာမရတော့  ဘုံးကနဲပေါ့ ...အဲ့ ဒါကြောင့်  ဂြိုလ်ကောင်းမှာ စာမေးပွဲကျရင် ဂြိုလ်ထက် လူကြောင့် ဖြစ်နေတာများတဲ့ သဘောဖြစ်လာတယ် ....



ဂြိုလ်ဆိုးမှာကတော့  မိသားစုအတွင်းရေးတွေ ရှုတ်ထွေးနေလို့  စာထဲအာရုံမသွားတာ ခဏခဏခြူခြာနေလို့ စာမှတ်မရတာ စာမေးပွဲနီးမှ လူမှု့ ရေး အနှောက်အယှက်တွေ  ရောက်လာတာ အသည်းတွေ ပိုးစိုးပက်စက်ကွဲနေတာ ကိုယ်က စာတွေရနေပေမယ့် စာမေးပွဲနီး ရက်ပိုင်း အလိုမှ အရမ်းခြူခြာသွားတာမျိုးတွေကြောင့် လည်းကျတတ်တယ် ဒါကတော့  ဂြိုလ်ဆိုးက လူ့ လိုလားချက်ကို နည်းမျိုးစုံနဲ့ နှောက်ယှက်ကြည့် တဲ့  သဘောမျိုးလေးပါနေတတ်တယ်...( ဂြိုလ်ဆိုးမှာ စာမေးပွဲ ပလုံတာတွေမှာ တစ်ချို့ ကိစ္စတွေက လူကို အပြစ်ပြောရခက်တဲ့  သဘောတွေ ရှိတတ်ပါတယ်ပေါ့ )

ဂြိုလ်ကောင်းမှာ အထောက်အပံ့ ကောင်းတွေရတတ်လို့  ပျင်းပျင်းနဲ့ ဖြေတာတောင် အောင်လွယ်တတ်ပြီး ၀ီရိယသာ ထပ်ပိုးလိုက်ရင် မှန်းတာထက်တောင်ပေါက်ရောက်သွားတတ်လေ့ ရှိသလို ဂြိုလ်ဆိုးမှ မိသားစုရေး လူမှု့ ရေးတွေမှာ ညစ်နေရတာများလို့ စိတ်ပေါက်ပေါ်က်နဲ့  စာတွေချည်း လှိမ့် ဖတ်မိလိုက်တာနဲ့ စာမေးပွဲကို  ထင်မထားပဲ အောင်မြင်သွား တာမျိုးတွေလည်းရှိတယ်...ဂြိုလ်ဆိုးမှာ စာမေးပွဲအောင်ရတာ ရုန်း၍ ကန်၍ ရင်ဆိုင်၍ သဘောဆန်တယ်

ဆိုလိုတာက ဂြိုလ်ကောင်းမှာ ဘေးအထောက်အပံ့ ရလွယ်ပြီး ဂြိုလ်ဆိုးမှာတော့  ဘေးပံ့ ပိုးမှု့ ထက် ကိုယ့် အားကိုယ် အားပြည့် ထည့် သုံးမှ အလုပ်ဖြစ်လွယ်တယ်ပေါ့ လေ..အဲ့ ကနေ ဘာမြင်နိုင်သလဲဆိုရင် ဂြိုလ်ဆိုးတွေမှာ စီးပွားသဘောထက် အသက်မွေးမှု့ ကို အထောက်အပံ့ ဖြစ်စေတဲ့ ပညာရပ်တွေ များများရလွယ်တယ် သင်တန်းမျိုးစုံတွေတက်ရလွယ်တာမျိုးဖြစ်လာတယ်

နောက်တိုးအချက်က  တဂိမ်းထဲ ဂိမ်းနေပြီး ဖွဘုတ်ချည်း ပွတ်ပြီး တက်နေချိန်များသွားရင်လဲ ဘာဂြိုလ်ကြီးဖြစ်ဖြစ်  ဘုံးကနဲ ဖြစ်တာတွေရှိလာပါတယ် ...ငိငိ...

ကြုံ ကြား မြင် အဖြစ်အပျက် အားလုံးကို စုစည်းလိုက်ပြီး ခြုံငုံကြည့် လိုက်တဲ့  ယေဘူယျသဘောလေးပါပဲ...ဟောကိန်း မဟုတ်ပါဘူး..


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..