ကိုယ်ပူချ အဖျားချတဲ့ ရိုးရာ ဓါတ်ရိုက်နည်း...
-----------------
ပထမဆုံးအချက်က ကိုယ်ပူရင်ဖျားရင် အနောက်ဆေး တိုင်းရင်းဆေး တစ်ခုခု နဲ့  စနစ်တစ်ကျ ကုသမှု့ ခံယူရမယ်ဆိုတာ ပထမ အရေးအကြီးဆုံးအချက်ပါ...
ပြီးတော့ မှ ဘေးအကူ အဖြစ် အပူမြန်မြန်ကျဖို့  အဖျားမြန်မြန်ကျဖို့  အလွန်အကျွံ အပူတွေ အဖျားတွေ သတိလစ်မတတ်အထိ ထိုးတက်မသွားဖို့ အတွက် ရိုးရာဓါတ်ရိုက်နည်းကို သုံးနိုင်ပါတယ်...တစ်ချို့  ကြားဖူး ဖတ်ဖူးကောင်း ဖတ်ဖူးကြားဖူးမှာပါ...ဒီနည်းက ဆေးပညာကို သွားမနှောက်ယှက်သလို လုပ်ရတာလဲ လွယ်ကူလွန်းပါတယ်...ဓါတ်လွှဲပညာသဘောပါပဲ..
အပူုတက် အဖျားတက်နေတဲ့  ကလေးက အစ လူကြီးအထိ အသက်အရွယ်မရွေးပေါ့ ...သူ့ အပေါ်အင်းကျီ ကို ချွတ်ယူလိုက်ပါ..( အသစ်လဲပေးလိုက်ပေါ့ လေ)..အကယ်၍ ချွတ်ရခက်နေရင် သူ့ အင်းကျီဖြစ်ရင်ပြီးရောပေါ့ လေ....။
အဲ့  အင်းကျီ တစ်ထည်လုံး ရေလောင်း လိုက်ပါ ၊ အင်းကျီ တစ်ထည်လုံး ရေစိုသွားပြီဆိုရင် အဲ့ အင်းကျီကို သောက်ရေအိုးမှာ သွားပတ်ထားလိုက်ပါ (သို့ )
ရေသန့် ပုံးမှာ သွားပတ်ထားလိုက်ယုံပါပဲ....။
အဲ့ လိုပတ်ထားလိုက်ရင် အဖျား အပူ ဆက်မတက်တော့ ပဲ တန့် သွားပြီး နောက်တော့ ကိုယ်ပူ တစ်စတစ်စကျလာပါလိမ့် မယ်...( ဆေးတန်ခိုးလဲပါမှာပေါ့ လေ လိုရင်းက အပူမြန်မြန်ကျဖို့ ကိုး..နို့ မို့  ကြားဘူးနားဝ အတိုင်း အပူကြီးလွန်းရင် တက်တာတွေ ခေါင်းထိတာတွေ ဦးနှောက် အမှေးပါး ဘာဖြစ်တတ် ညာဖြစ်တတ် ဆိုတာကိုး ) ...
ပုံမှန်အပူချိန် (သို့ ) သိပ်စိတ်ပူစရာ မရှိလောက်တော့ တဲ့  အခါမှာတော့  အဲ့ အင်းကျီကို ပြန် ခွာထားလို့ ရပါပြီ....( အပူကြီးလေလေ အဲ့ အင်းကျီက ခြောက်သွားတာမြန်တတ်လေပါ...)......ဒီနည်းဟာ အများအားဖြင့် ဆေးခန်းဝေးတဲ့  ခေါင်တဲ့ တောနယ်တွေမှာ လုပ်တဲ့ နည်းလို့ ဆိုတယ် ပြီးတော့ 
ရာသီနာသဘောတွေ အပူရှပ် အအေးပတ်တွေ သဘောမှာ အများဆုံးသုံးတဲ့ နည်းလို့ ဆိုပါတယ်...နည်းလေးက လွယ်ပြီး အန္တရာယ်ကင်းလို့  မဆိုးဘူးပေါ့ 
(ကျနော်တော့  ဆေးပေါလို့  ကိုယ့် အတွက်ကိုယ်တော့  ပါရာ တစ်လုံး ရေနွေးနဲ့ ဝါးမြိုလိုက်တာနဲ့  ချွေးထွက်သွားလို့  လက်တွေ့ မလုပ်ဖူးကြောင်းပါခင်များ ..)
(နည်းလေးတစ်နည်း ရေးတာ စာက ရှည်ထှာ....ငိငိ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..