------------
အမျိုးသမီး ၂ ယောက်လာတယ်...လာရခြင်း အကြောင်းက တစ်ခုထဲ သက်ကြီးမိဘ အတွက် ကျမ္မာရေး ကိစ္စ တစ်ကြောင်းထဲ အတွက်လာတာ လို့ ပြောတယ် ။ တစ်ယောက် တစ်မအေစီတွေ၊ အဲ့ ထဲက တစ်မအေ တစ်ယောက် အကြောင်းပါ...ဒါနဲ့  မွေးသက္ကရာဇ်ဆိုတော့  ၉၇ ဖွား..ဗုဒ္ဓဟူးသမီးတဲ ၈၀ထဲမှာ..အင်္ဂါသက်ရောက်ထဲမှာ ပေါ့ ..ကျမ္မာရေးဆိုတော့ အခု ဘာဖြစ်နေလို့ လဲဆိုတော့ အခုတော့  ဘာမှမဖြစ်တဲ့  ( အရင်က တစ်ခုခု ဖြစ်သလိုလို )..ဘာမှ မဖြစ်ဆိုတော့  ဖြစ်တတ်တာတွေ ပြောရတာပေါ့ လေ...( ဒီနေရာမှာ ကျနော့် အကျင့် က ဖြစ်သမျှ အကြောင်းဂြိုလ်ထဲချည်း ပစ်ထဲ့ တာမဟုတ်ဘူး အရွယ်သဘာဝအသက်သဘာဝသဘောတွေ ပါထည့် တွေးလေ့ ရှိတယ်)
ဒါနဲ့ မွေးလကသီတင်းကျွတ်မို့  ဗုဒ္ဓဟူးတွေဟာ သူတို့ မွေးလကို ပြန်ဝင်ခါနီး တစ်လခွဲအလို ဆို ဖေါက်တတ်တာက စပြောပြီး...ဘယ် ဗုဒ္ဓဟူးမဆို အသက် ၈၀၊ ၈၁၊
၈၂ ၊ သုံးနှစ်ဟာ ဂြိုလ်ကံမကောင်းဘူး ၈၀ ဆိုတာ ပထမမြောက် အညံ့ နှစ် မွေးလကျော်ရင် တစ်ရှောင်ရှောင်ဖြစ်တတ်တဲ့  ၈၁ နှစ် ဒုတိယမြောက်နှစ်ကို ၀င်မှာ သတိတော့ထားတာကောင်းတယ်..ပေါ့ ..၉၇ ဖွားမို့  အသည်း ရယ် အစာအိမ်အူလမ်းကြောင်းရယ် မေ့ တတ်တဲ့ ခေါင်းပိုင်း ရောဂါမျိုးရယ် သုံးခုကို ပိုသတိထားဖြစ်ရင် ကုရခက်တယ် စပယ်ပန်းတွေတို့  စပယ်ပန်းအရွက်တို့ က သူတို့ တွေရဲ့  အသက်ရှည်ဆေးပဲ ဘုရားလှုပါ ခေါင်းအုံးအောက်ထားအိပ်ပါ ရေစိမ်ချိုးတာတွေ လုပ်ရင် အိုကေ နေတတ်တယ် ကြက်သွန်ကြော်လည်း သူ့ မွေးနေ့ ဆို ဘုရားလှုပေးပါ ဘာညာပေါ့ ...အဲ့ လို ဆိုလိုက်တော့  ဒီအသက်တွေကိုကျော်နိုင်ပါ့ မလားတဲ့ ...( ငင့် ...).
ဒါတော့  အပြတ်ပြောရခက်တယ် ကံတွေက မတူကြဘူးလေ တစ်ချို့  ကျော်သွားလို့  ၉၀ တန်းတွေတောင် ဖြစ်ကုန်တယ် တစ်ချို့ ကတော့  ၈၂ ၈၃ ၀န်းကျင်မှာ ကံကုန်တာမျိုးလဲရှိတယ်လို့  ပြောလိုက်ပြီးမှ...ဒါက ပုံမှန် ဂြိုလ်သဘော လူကြီးက အသက် ၈၀ တန်းဖြစ်နေပြီ ဘုရားအသက်နဲ့ တောင်တူနေပြီ ဒီတော့ သက်
ကြီးသဘောဆိုတာ မနက်က အကောင်း ညနေကြမှ ရင်ပြည် ရင်ကယ်ထဖြစ်ချင်ဖြစ်နေတတ်တယ်.. ဒီတော့ ဂြိုလ်ကံချည်းပဲ မဟုတ်ဘူး အိမ်မှာ တစ်ယောက်ယောက် ရှိနေပိုကောင်းတာပေါ့ ဆိုလိုက်တော့  ....အခုတော ဘာမှမဖြစ်တဲ့  အသည်းမှာ စီပိုးရှိနေလို့ တဲ့  ဗျာ....။
စီပိုးရှိနေပေမယ့်  အခုတော့  ဘာမှမဖြစ်သေးပေါ့ လေ..ဒါနဲ့  သူက တစ်ခွန်းထွက်လာတယ် န၀င်းပွဲလိုလားတဲ့ ..( ဘယ်သူ ချွန်လိုက်လဲတော့ မသိ :P 😁.ငိငိ)..ဘာမှ မှမဖြစ်တာ မလိုသေးဘူးပေါ့ ..တစ်ခုခုဖြစ်ရင်တော့ ပြန်လာဗျာလို့ ပဲပြောလိုက်တယ်...ကိစ္စပြီးရောပေါ့ လေ.
.
( နောက်တစ်ယောက်ကလည်း မဂွတ်ဘူး ကြာသာပတေးသမီး အသက် ၇၉ တဲ့  ဗုဒ္ဓဟူး သက်ရောက်ထဲမှာ ၈၀၀င်ရင် စနေသက်ရောက်ဖြတ်မှာ...၃ကြွင်းကြီး..ဆိုတော့  ချော်လဲခလုပ်တိုက် သဘောသတိထားဗျာ...ဘာညာပဲပြောရသေး လဲပြီးလို့  ခြေထောက် စတီးရိုးထည့် ထားရတယ်လို့ ဆိုတော့ ...ပထမ ဗုဒ္ဓဟူးသမီးကလည်း ၂ ကြွင်းတွေ အဖြစ်များတဲ့ အသည်းပြဿနာ၊ အခု ကြာသာပတေးသမီးကလည်း ၃ကြွင်းတွေအဖြစ်များတဲ့ မရဏရောဂါ ချော်လဲခလုပ်တိုက်သဘောပဲ.... မူလမဟာဘုတ်က မရဏ အိမ်က နံ ကောက်ရဲ့ ရောဂါသဘောတွေ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့် အကြွင်းနဲ ကိုယ် ဖြစ်နေပုံပြောပါတယ်....။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..