ယောက္ခမကြီး
-------------
အဲ့ အမျိုးသမီးဗေဒင်လာတွက်တာ...ပုံစံ၁၀နဲ့ လာဗေဒင်တွက်သလိုပဲ..မှတ်လာတဲ့ မွေးသက္ကရာဇ်တွေ ပြောလိုက် တွက်ပြီး ပြောပေးလိုက်ပေါ့ ..နုတ်ဘုတ်လေး ထုတ်လိုက်ကတည်းက ရိပ်မိတာနဲ့ လိုတိုရှင်း ပွိုင့် တွေချည်းပြောပြလိုက်တာတောင် လျှာပဒေါင်းလိုက်ချင်လာတယ်..ဖလပ်ဖလပ်ဖလပ်နဲ့  ပါးစပ်းထဲ သံပုရာပေါင်းတစ်ဖတ်ကောက်ထည့် ရေတစ်ငုံသောက်...ခိခိ..ဒါနဲ့  နောက်ဆုံးတစ်ယောက်အတွက်က ၁၀ခုဖွား တန်ခူးမွေးသောကြာသမီး တဲ့ ယောက္ခမတဲ့ ...။
သောကြာ ၆၈ အင်္ဂါ သက်ရောက် ၄ ခွင်မြောက် ဘုမ္မိသက်ရောက်ဆိုတော့  ..သူကတော အမျိုးသမီး အရပ်သူဆိုတော့  ဟိုသုညသောကြာသားကြီးလို ဥက္ကဌရာထူးက အဖယ်ခံရတာမျိုးတော့ မဖြစ်လောက်တော့ ဘူးပေါ့ လေ. .ဒီတော့ ကျမ္မာရေးပေါ့ ၊ အဲ့ မှာ ၂ ပိုင်း ခွဲသတိပေးရတယ်.
.၁ ကြွင်း တွေရဲ့  မရဏနံ ဗုဒ္ဓဟူးနံ (ယရလ၀) ကျမ္မာရေးက လေချုပ် ၀မ်းချုပ်ကိုအခြေခံတဲ့ ကျမ္မာရေးရော ၀မ်းချုပ်နေရာက ဟိုဖက်အစွန်း လေ၀မ်းပျက်တတ်တာတွေ လေရိုက် သွေးတိုးလေဖြန်းလွယ်တာတွေက. ..မဟာဘုတ်ပါ ရောဂါရဲ့ သဘော။
အင်္ဂါ သက်ရောက်သဘောက ကားပွတ်ခံရတာလွယ်တာ ခါးကြောညတ်သွားတတ်တာ ခေါင်းခဲတာ..သွေးထွက်သုံယိုလေးတွေ စသဖြင့် တွေ ကိုပေါ့  ဒီနှစ်သတိထားပေါ့  မနှစ်ကနဲ့ မတူဘူးဖြစ်ရင် အတော်ခံရမယ်..ဒီနှစ်ကိုက အညံ့ နှစ်ထဲဝင်သွားတာ အခု ၀ါခေါင်လကိုက အည့ံသဘောလာနေပြီ ရှေ့  တော်သလင်းနဲ့ သီတင်းကျွတ်ကြားပိုသတိထား..ဘာညာနဲ့ ...ပြောလဲပြောလိုက်ရော...
( အမလေး ညံ့ တာက..ဆိုပြီး... )....ဟိုရက်က အုန်းသီးခေါင်းပေါ်ပြုတ်ကျတာ ကံကောင်းလို့ ရှပ်ကျသွားလို့ ဆိုတာလဲပါတယ်၊ လမ်းလျှောက်တာ သူများကားဘေးကဖြတ်သွားတုန်း ကားတံခါးဖွင့် တာကို သူက၀င်တိုက်မိလို့ ဖင်ထိုင်လဲတာလဲပါတယ် ဟိုတလောကလေဖြန်းချင်သလိုလိုဆိုတာလဲပါတယ်..
လိပ်ခေါင်း တက်ဖြတ်တာ သူများတွေကကောင်း သူ့ မှာက အနာက မပျောက်နိုင်လို့ ခံနေရတာလဲပါတယ်..သူပဲ ၀မ်းက ချုပ်ချုပ်နေလို့  ၀မ်းပျက်တော လဲပျက်ပြန်ပြီဆိုတာလဲပါတယ်. .တရှောင်ရှောင်နဲ့ ..ဘာညာ...ဆိုပြီး ပြောလာတော့ ...
.( ထိုင်နားထောင်ပေးရရင်း...ရယ်ချင်လာရောဗျား...ယောက္ခမ ရောဂါထူတဲ့ အကြောင်းကိုပြောနေတဲ့  လေသံနဲ့ မျက်နှာနဲ့ )..ဒါနဲ့ တစ်ချက်ထောက်လိုက်တာ...အဲ့ သောကြာသမီးက ဘာအလုပ်မှမရှိတော့ ဘူးလား လို့ ထောက်လိုက်တာပင်စင်စားတဲ့ ...ရောဂါထူတာက ...၉၅ လောက်ထဲကကို တရှောင်ရှောင်....
..
( အဲ့ မှာ...ငါတော့  ပါးစပ် ပိတ်ထားမှ ဖြစ်တော့ မယ်..ဧည့် ထောက်ခံပြီး ကရုဏာသက်ပြနေလို့  မဖြစ်တော့ ဘူး ယောက္ခမအကြောင်း ရာဇ၀င်ခင်းသွားမယ့်  အလားအလာ ရှိတယ် ဆိုပြီး ငြိမ်နေလိုက်ရတော့ တယ်ဗျား...ဟီးဟီး
---------------------------------------
အဲ့ လို သက်ရောက်သဘော အသက်ပိုင်း သဘော အရွယ်သဘော ထက် ကျော်ပြီး ရောဂါထူပြီဆိုရင် မူလမဟာဘုတ် ဒါမှမဟုတ် မွေးချိန်မဟာဘုတ် မရဏအိမ်ကံ နံကို မှီပြီးဖြစ်နေတဲ့ သဘောမျိုးဖြစ်ပြီး ဒါကို ကျနော်တို့ က မရဏရောဂါ လို့ ခေါ်တယ်...ပစ္စုတ်ပန်လူ အနေအထိုင်ထက် အတိတ်ကံသတ္တိက ပိုများတယ်..အရှင်းပျောက်ခဲတယ် သက်သာလိုက် ပေါ်လာလိုက်ပေါ့ ၊ နောက်တစ်မျိုးက မျိုးရိုးပါ ကျမ္မာရေးမျိုးလည်း နာတာရှည်ဆန်တယ်. .ဒါမျိုးကိုယတြာပေးတဲ့ အခါ သက်သာခွင့် ပဲရမှာပါ...မတွန့် စေရအညွန့် 
( ဥပမာ အင်္ဂါဆိုခရေ သောကြာဆို ပိတောက်) ကိုသာအမြဲသုံးဖို့ နဲ့  ဘယ်လရောက်ရင် ပိုသတိထားဖို့ ပေါ့ ...
ဒီလောက် အနှစ်၂၀လောက် ရောဂါထူလာတဲ့  ၁ ကြွင်းသောကြာသမီး သူ့ ယောက္ခမကြတော့  ထပ်သတိပေးရတာ အရင်ကတရှောင်ရှောင်ကနေ လာမယ့်  တော်သလင်းသီတင်းကွတ်ကြားကြတော့  သွေးတိုးလေဖြတ်ပြီးအိပ်ယာထဲလဲသွားမယ် ပိုသတိထားဘာညာပေါ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..