Powered By Blogger

Saturday, August 22, 2015

ဘုံရန်သူ



ဘုံရန်သူ
---------
ပထမကမ္ဘာစစ်ထက်စာရင် ဒုတိယကမ္ဘာစစ်က မှတ်တမ်းတွေ စစ်ကားတွေနဲ့ သမိုင်းတွေက အများကြီးကြည့် ခဲ့ ရတယ်။ ကြည့် ခဲ့ ရလဲ သာမန်အမြင်ပါပဲ ၊ ပထမ စစ်အင်အားကြီးနဲ့  လျပ်တစ်ပြက်ထိုးစစ်တွေနဲ့ ဥရောပတိုက်ကို သိမ်းလာတဲ့  ဂျာမန်တွေ နောက်ဆုံး မဟာမိတ်တပ်ပေါင်းစုကြီးရဲ့ လက်ချက်နဲ့  ပြန်ကျဆုံးတယ်ပေါ့ ။....ဒီလောက်ပါပဲ


ဒီဘက် ခေတ်သစ်စစ်ပွဲတွေမှာတော့  ထင်ရှားတဲ့ စစ်ပွဲတွေမှာ လစ်ဗျားက ကဒါဖီ ကျဆုံးခန်းနဲ့  သီရိလင်္ကာက တမီလ်ကျားတွေကျဆုံးခန်းက သတိမမူမိပဲမနနိုင်လောက်အောင်ဖြစ်ခဲ့ ပြီး
 အဲ့ ဒီ့ စစ်ပွဲ ၂ ပွဲကနေ ဒုတိယကမ္ဘာစစ်က ဂျာမန်တွေကျဆုံးခန်းကို ဘာကြောင့် ဆိုတာ ပိုနားလည်သွားတယ်




လစ်ဗျားစစ်မှာ တစ်ခြားဒေသတွင်းက စစ်တွေနဲ့ မတူတာက အာဏာရှင် ကဒါဖီကို
လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ အဖွဲ့ တွေက အစက နယ်အသီးသီးက ခေါင်းဆောင်
အသီးသီးတွေ ၊ အဖွဲ့ တွေကွဲနေပြီး နိုင်ငံရေး အယူအဆတွေ လူမျိုးစုလေးတွေကွဲနေတယ်၊


နောက်တော့  အားလုံး စုစည်းမိသွားပြီး တပ်ပေါင်းစုဖွဲ့ မိလိုက်ပြီး သမာသမတ်ကျပုံရတဲ့  ဘုံခေါင်းဆောင်တစ်ယောက်ကို တပ်ပေါင်းစု ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ပြီး ကဒါဖီရှိတဲ့ ထရီပိုလီကို ဘုံပစ်မှတ် ကဒါဖီကို ဘုံရန်သူအဖြစ် ပစ်မှတ်ထားပြီး အရပ်လေးမျက်နှာကနေချီတက် တိုက်ကြတော့ တာပါပဲ..

.
လမ်းမှာ ဖြတ်ခဲ့ သမျှမြို့ တွေ တစ်မြို့ ပြီး တစ်မြို့ သိမ်းလာခဲ့ ရင်းပေါ့ ၊ တပ်ပေါင်းစုက စနစ်တစ်ကျဖြစ်သွားတော့  ပြည်ပ အကူုကပါ ရလာလိုက်သေးတယ်. ဘက်ပေါင်းစုံကနေ
ပစ်မှတ် တစ်ခုထဲကို ၀ိုင်းတိုက်ပြီးမြို့ တော် ထရီပိုလီကိုပါ အပြီးသိမ်းဖို့  ဖြစ်လာတော့  ချောင်ပိတ်ပြီး စစ်မျက်နှာတွေများနေတဲ့  ကဒါဖီတပ်တွေလဲ မခံနိုင်တော့ ပဲ နောက်ဆုံးမြို့ တော်ကျ ကဒါဖီပါ ဂန့် ပေါ့ လေ...


အဲ့ စစ်ရဲ့  အဓိက အပြောင်းအလဲက တော်လှန်ရေး အဖွဲ့ တွေက ကိုယ့် ဒေသ ကျဉ်းကျဉ်းလေးကနေ တိုက်နေတာ မဟုတ်တော့ ပဲ ဘုံရန်သူရှိရာ အရပ်ကို ကိုယ့် ဒေသကနေ ထွက်တိုက်တော့ တာက ထင်ရှားတယ်၊

တမီလ်ကျားတွေကြတော့  လစ်ဗျားတပ်ပေါင်းစုနဲ့ ပြောင်းပြန်ဖြစ်နေတာတွေ့ ရတယ်၊ သူတို့ က သီရိလင်္ကာ မြို့ တော်ကို ချီတက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ တာမျိုး မရှိပဲ သူတို့ ဒေသ ကွက်ကွက်လေးမှပဲ ခြေကုပ်ယူပြီး တော်လှန်ရေး လုပ်နေခဲ့ တာမျိုးပဲ၊ သူတို့ ဒေသအတွင်း  ကိုလံဘိုက တပ်တွေ လာရင်တိုက်လွှတ်တယ်၊ ကိုလံဘိုကို အထိပ်တလန့် ဖြစ်အောင်လုပ်တယ် တစ်ခါတစ်လေ အသေခံဗုံးခွဲသမားတွေနဲ့ ပျောက်ကျားဝင်လုပ်တယ် ။


ဒီလောက်နဲ့ စခန်းသွားနေခဲ့ တာ ဆယ်စုနှစ်တွေအကြာကြီးပဲ၊ ကိုလံဘိုတပ်တွေကလည်း တမီလ်တွေကို အပြီးမဖြိုနိုင် တမီလ်တွေကလည်း သူတို့ ဒေသလေးကို အပြီးလွတ်မြောက်အောင် မလုပ်နိုင်နဲ့ ဖြစ်နေခဲ့ ရင်းက ခေတ်ပြောင်းသွားလို့  ကိုလံဘိုတပ်တွေ အင်အားကောင်းလာချိန်မှာတော့  တမီလ်ကျားတွေ ကြီးစိုးတဲ့ ဒေသကို ထိုးစစ်ကြီးတွေ ၀င်ဆင်နွှဲရင်း အပြီးသပ်နိုင်သွားတော့ တဲ့ သဘောဖြစ်လာတယ်။


ဒီစစ်မှာ တမီလ်ကျားတွေရဲ့ အမှားက ကိုယ့် ရဲ့ နဂိုက တောင့် တင်းလာတဲ့ စစ်အင်အားကိုမြို့ တော်ကိုလံဘိုကို တက်သိမ်းဖို့  မစဉ်းစားခဲ့ ပဲ ကိုယ့် ဒေသ ကွက်ကွက်လေးကနေသာ ခြေကုပ်ယူ တိုက်နေခဲ့ တဲ့ သဘောကြောင့် ပဲ

ဒုတိယကမ္ဘာစစ်မှာ စစ်အင်အားတောင့် တင်းတဲ့ ဂျာမန်တွေလက်အောက် ဥရောပနိုင်ငံတွေ တစ်နိုင်ငံပြီးတစ်နိုင်ငံ ကားကနဲ ကားကနဲ ကျကျကုန်တာ အံ့ အားသင့် လောက်အောင်ပါပဲ ဘယ်လိုမှ ထင်မထားတဲ့ ပြင်သစ်ပါ ကားသွားတယ်၊

အကြောင်းက အဲ့ ဒီ ဥရောပနိုင်ငံတွေက မစုမိကြသေးလို့ သဘောပဲ၊ ဂျာမန်တွေ သမချက်က ဗြိတိန်ပါ တဲတဲလေး ကျန်တော့ တာမျိုး...နောက်တော့  အမေရိကန်စစ်ထဲပါလာ ရုရှားတွေပါ စစ်ထဲပါ နဲ့  အဲ့ ဒီ့ တပ်တွေ အကုန်လုံး မဟာမိတ်တပ်ပေါင်းစုကြီး အဖြစ် စုမိသွားချိန်၊ အဲ့ အချိန်မှာပဲ ဂျာမန်တွေကလည်း စစ်မျက်နှာတွေ ဖွင့် တာများသွားချိန်နဲ့ ဆုံမိသွားရော ...ဂျာမန်တွေရဲ့ မြို့ တော်ဘာလင်ကို မဟာမိတ်တပ်ပေါင်းစုနဲ့  ဆိုဗီယက်တပ်နီတော်တွေ ပေါင်းပြီး ချီတက်သိမ်းပိုက်ဖို့  ၀င်ချလာတော့ တာမျိုးပဲ၊ မြို့ တော် ဘာလင်ကိုရရင် ပွဲပြီးပြီပေါ့ လေ..


တကယ်လဲ ပြီးသွားတာပါပဲ...ဟစ်တလာတောင် ပြေးပေါက် မရှိတော့ လို့ သတ်သေသွားတာလား ဘာလားမပြောနိုင်ဘူး..

ဒီစစ်ကြီးတွေရဲ့ သဘောကတော့  ရိုးစင်းတယ် ကိုယ့် တိုင်းပြည်လေး ကိုယ့် ဒေသလေး ကိုယ့် မျိုးနွယ်လေး ကိုယ့် အကြောင်းလေး အတွက်ပဲ ဘုံရန်သူကို တိုက်နေရင် ပွဲပြတ်ဖို့ မလွယ်ဘူး သဘောပေါ့ ၊
စစ်က ကြာတယ်ပေါ့ ၊ အဆင်မသင့် ရင် ခေတ်ပြောင်းလာလို့  စစ်အင်အားတောင့် လာနိုင်တဲ့ ဘုံရန်သူကတောင် ပြန်တီးသွားနိုင်သေးပေါ့ လေ။.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..