Powered By Blogger
Friday, August 21, 2015
တံခွန်
တံခွန်
------
တံခွန်ကို ဘုရားစေတီတွေမှာ  ကွန်ကရစ်တိုင်အရှည်ကြီးနဲ့ တွဲလောင်ကြီးမြင်နေရမှာ ဖြစ်ပြီး အောင်ပွဲခံတဲ  အောင်မြင်ခြင်း အထိမ်း အမှတ်ပစ္စည်းသဘောအဖြစ်မြင်နိုင်တယ် အောင်မြင်လိုသူတိုင် တံခွန်တိုင် စိုက်ကြသည်ပေါ့ ....
ကျနော်က အခါတိုင်ဘက်ကနေလည်း ယူပါတယ် တံခွန် ဆိုတဲ့  အခေါ်ပညတ်ဟာ တိုက်တိုက်ဆိုင်ဆိုင် သူရဇ္ဖတိုင် (၀ါ) တနင်္ဂနွေတိုင်ရဲ့  အလယ်တွဲ အမြစိအညွန်အတွဲ့  စနေနံ + တနင်္လာနံ အတွဲ ဖြစ်နေပါတယ်...ဒီတော့  အလယ်မူလက တနင်္ဂနွေနံ သဘော  မိသားစု အိမ်ဂေဟာ အလုပ်အကိုင်နေရာဌာနသဘောတွေကို အကာအကွယ် ဓါတ်ပညတ်သဘော ဖြစ်သွားသလို့  အတိုက်အခိုက်သဘောတွေကို ကာကွယ်တဲ့  နေရာမှာ သုံးတဲ့  ပညတ်ပစ္စည်းဖြစ်သွားပါတယ် ...ဒါကြောင့်  အိမ်မှာ တံခွန်ကို မကြာခဏ လှုနေဖြစ်တယ် တနင်္ဂနွေနေ့ တွေမှာ လှုဖြစ်တယ်ပေါ့ လေ...
(တိုက်ခန်း ရောင်းတာ ကွန်ဒို ခန်းရောင်းတာပါ...(၀ယ်ချင်တာရော) ဒိန်ချဉ် ခဏခဏကပ်ဆုတောင်းစေတာအပြင်...ဒီလို ဆူးနဲ့ တံခွန်လုံးကိုပါ ၂ကြိမ်၃ကြိမ်လောက် ရက်ခြားလေး တနင်္ဂနွေထောင့် မှာသွားလှုစေပါတယ်..)   တိုက်ခန်း= ဒိန်ချဉ်= တံခွန်..-နံတူ လှူစေတာ ။   ကွန်ဒို= တံခွန် ကက်ကင်းရိုက်တဲ့ အလှုအဖြစ် သဘောပါ
တံခွန် က တနင်္ဂနွေတိုင်ရဲ့  အကာအကွယ် ပညတ်ဖြစ်နေတယ်ဆိုတော့  '''အလံ'' ကြတော့  သောကြာတိုင်ရဲ့  သစ်စိမ့် တွဲ ရေအိုး ၀င်အူ ဆိုတဲ့ အတွဲရဲ့  ပြောင်းပြန်ကြီး ဖြစ်နေတာ အဲ ဒါကြတော့  ဘယ်လို လုပ်မလဲ လို့ မေးစရာ တွေးစရာရှိပါတယ်...
အဲ့ လို ပညတ် ထော်လော်ကန့် လန့် တွေမှာ ဗေဒင်ဆရာ ရဲ့  ဆရာသမား ၀ိဥာဉ်သဘောက ကိုယ်လိုရာ ပညတ်ကိုသာ ကိုယ့် ခွင်ထဲမှာ ဆွဲစိသုံးသွားတာဖြစ်ပြီး အသုံးမတည့် ရင် သူ့ မူလဓါတ်ပစ္စည်းအတိုင်းပဲ ထားပါတယ် သဘာဝအတိုင်းပဲသုံးတယ် သွားမထိပါ မသိချင်ယောင်ဆောင်နေလိုက်ပါတယ် တစ်ခါတစ်ရံ တပွဲတိုးသုံးပါတယ်..ဆိုပါတော့  အလုပ်ရှာနေရင် အာလူးကြော်လေးဘုရားကပ် အလုပ်ရပါစေလို့ ဆုတောင်းကပ်ဆိုတာ ၇နေ့ သားသမီးလုံးကို ဂြိုလ်မရွေး ပေးတဲ့  တပွဲတိုး ယတြာသဘောပေါ့  အလုပ်ရသွားရင် ဆက်ကပ်နေစရာမလိုပေါ့  နေရာရွေးပြီးသုံးပါတယ်ဗျား
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..