Powered By Blogger

Friday, August 21, 2015

ကျနော် နဲ့ ပုတီးစိတ်ခြင်း

ကျနော် နဲ့ ပုတီးစိတ်ခြင်း
------
ဒီလိုပါဗျ..ကျနော်လဲ ပုတီးစိတ်တတ်ပါတယ်..( အခု မစိတ်ဖြစ်တာတောင်တော်တော်ကြာပြီ)...ဒါပေမယ့်  ပုတီးသမားလို့ တော့ ပြောရခက်တယ်..နောက်တစ်ခုက ကိုယ့် အနားမှာ ပုတီးမရှိရင် ဘာလိုနေမှန်းမသိ သဘောအထိ စိတ်မျိုးတော့ ရှိတယ်။



အဲ့ မှာ ပုတီးကိစ္စကို ကျနော်တွေးမိရင်းက ကျနော့် ဖီလင်ဖြစ်လာပုံလေးကို ပြောပြချင်တယ်။ ဘာသာရေးလုပ်တာ လိုချင်လို့ လုပ်တာ ချည်းပဲလို့  ယူတယ် လောကီလိုချင်မှု့ နဲ့ လောကုတ္တရာလိုချင်မှု့  သဘောလို့ ခွဲလိုက်တယ်၊ ပုတီးက လောကီလိုချင်မှု့ ထဲမှာ လိုချင်တာကိုရဖို့ အနဲဆုံး ကုသိုလ်ရဖို့  လုပ်တဲ့ ကိစ္စလို့ သဘောရတယ်။ လောကုတ္တရာ လိုချင်မှု့ ကတော့ ရှင်းတယ် ၀ိပဿနာနည်းမှ လွဲ၍ အခြားနည်းမရှိပါပေါ့ ။

ဒီတော့ ပုတီးစိတ်တာဟာ လောကီဘ၀ထဲမှာ ကိုယ်ကျင်လည်နေတုန်း ကိုယ်လိုချင်တဲ့  ကုသိုလ်တွေ ရဖို့  ကိုယ်မလိုချင်တဲ့ အကုသိုလ်တွေ မရဖို့  ဒုက္ခတွေကို ကာကွယ်ဖို့  သုခတွေကို မြန်မြန်ရဖို့ လုပ်တဲ့ အလုပ်ပေါ့ ..ချုပ်လိုက်ရင် ပုတီးစိတ်တာ ရဖို့ စိတ်တာ...လောကီကိုပယ်ပြီး လောကုတ်ကိုလိုချင်ရင် ပုတီးမလိုဘူး ၀ိပဿနာသွားကျင့် ယုံပဲပေါ့ လေ။

အဲ့ တော့ လိုချင်လို ပုတီးစိတ်တာကို လုပ်တာမှာ လိုချင်မှု့ မှာ ရုပ်ပစ္စည်းတွေ လိုချင်လို့  ပုတီးစိတ်တာ နဲ့  စိတ်တန်ခိုးတွေ လိုချင်လို့ ပုတီးစိတ်တာ ဆိုပြီး ထပ်ခွဲလိုက်တယ်...အဲ့ မှာ ပုတီးစိတ်ပုံတွေ နည်းတွေ စကွာသွားတော့ တာပါပဲဗျာ..

စိတ်တန်ခိုးကို လိုချင်လို့ ပုတီးစိတ်ပြီဆိုရင် သမားရိုးကျ ပုတီးစိတ်နည်းတွေနဲ့ မလုံလောက်တော့ ဘူး...စိတ်တန်ခိုးဆိုတာ သီလ သမာဓိ ပညာ သုံးချက်ပေါင်း အားကောင်းမှ ရလာတာမျိုးပဲ ..သီလသဘောမှာ ရှောင်ရန်တွေ ဆောင်ရန်တွေ ပါပြီး အဲ့ တာတွေ ကျင့် သုံးမှ သီလကိုမှီပြီး တည်ငြိမ် မတွန်ဆုတ်တဲ့ စိတ်သမာဓိ ထူထောင်နိုင်မယ် သမာဓိကောင်းလာရင် တောင့် တ တာရလွယ်တဲ့  စိတ်တန်ခိုးကိုရမယ်ပေါ့ .

.ဒီတော့  စိတ်သမာဓိ ဖြစ်နေဖို အတွက်က ပြင်းထန်ပြီး စနစ်ဇယား ကျင့် စဉ် အလွန်တိကျ တဲ့ ပုတီးစိတ်နည်းတွေ လုပ်ရလိမ့် မယ် ပါးပါးလေးနဲ့ မရတော့ ဘူး..အဲ့ လိုလုပ်ပြီဆိုရင်လဲ လုပ်လေလေ စိတ်တန်ခိုးလွယ်လွယ်မရအောင် လောကသဘော အဖျက်တွေက တန်းစီလာလေလေ ပဲ ဒါကို ကျော်နိုင်မှ မကျော်နိုင်ရင် ပုတီးကြောင်ဖြစ်သွားနိုင်တယ်...

ရုပ်ပစ္စည်း လိုချင်ရုံလေးကတော့ စိတိတန်ခိုးလိုချင်လို့ ပုတီးစိတ်တာမျိုးလောက်အထိ တော့  အားထည့် စရာမလိုဘူး...ပေါ့ ပေါ့ ပါးပါးလေး မကြာခဏ စိတ်ဖြစ်နေရင်ရပြီ ရုပ်ပစ္စည်းတွေလိုချင်လို့ စိတ်ပုံက အဓိက ကုသိုလ်ပိုများအောင် ကောင်းတဲ့ ကံတွေပွင့် လာပြီး မကောင်းတဲ့ ကံတွေ မလာနိုင်အောင် ပစ်မှတ်ထားစိတ်တာမျိုး..နည်းပညာတွေ နာရီတွေ ဇယားတွေ အလွန် တိကျနေစရာမလိုသဘောရှိတယ်.သဘောက ငွေစီးလာအောင် ကံမြောင်းလေးရှင်းပေးတဲ့ စိတ်နည်းမျိုးလေး

စိတ်တန်ခိုးလိုချင်လို့ ပုတီးစိတ်တဲ့ နေရာမှာ စနစ်ဇယားတိကျ ပြင်းထန်တော့  အဲ့ ဒါကို အတိအကျဖြစ်အောင် ကျင့် ယူရတာကစပြီး လေလွင့် နေတတ်တဲ့ သမားရိုးကျ ပုထုစဉ်စိတ်တွေနဲ့  ထိပ်တိုက်စတွေ့ တော့ တာမျိုးဖြစ်လာတာကို ဒီင်္အဆင့် ကို စကျော်ရတာတောင် အတော်ကြိုးစားယူရတယ် ကိုယ့် ဘော်ဒီရဲ့ ခံနိုင်စွမ်းရည် ကိုယ့် မိသားစုဘ၀ လူနေမှု့ စတိုင် ကိုယ့် အသက်မွေးဝမ်းကျောင်းရဲ့ သဘာဝစတိုင်တွေကို အများကြီးချိန်ဆရသေးတယ်...စိတ်သမာဓိနဲ့  လောကီလူမှု့ ဆက်ဆံရေးစတိုင်က နေရာတော်တော်များများမှာ ၀ိရောဓိ အသွင်ဆောင်တာကို ထည့် တွက်ရတဲ့ သဘောရှိတယ်.

သဘောက ပုတီးစိတ်တာ ဘာကြောင့် စိတ်တာပါလို့  ပြတ်ပြတ်သားသား အရင်မြင်လိုက်တာရယ် ကိုယ်လိုချင်တာ တန်ခိုးလား စီးပွားသဘောလား စန်းပွင့် ချင်လို့ လားငွေလိုချင်လို့ လားကို ခွဲပစ်လိုက်တာပါပဲ..ငွေလိုချင်တာတောင် လည်ပတ်နေပြီးတာပဲဆိုရင် ပက်လက်ကုလားထိုင်မှာ ပျင်းကြောလေးဆွဲ ပြီး စလောင်းကြည့်  တီဗွီရှိုးကြည့် ရင်း လက်ထဲမှာပုတီးကိုင် စိတ်က စိတ်နေယုံနဲ့ လုံလောက်တယ်...ဒိထက်များများဆိုရင် ဒိထက် တိကျတဲ့  သဘောနဲ့ ပုတီးစိတ်ပေးရတော့ မယ်ပေါ့ လေ

ဒါ ကျနော့် အတွေ့ အကြုံတွေပေါ်ကနေ ဖြစ်လာတဲ့ အတွေးအယူပါ...စိတ်တန်ခိုးလိုချင်လို့ ပုတီးစိတ်ကြတဲ့ သူတွေအတော်များများ စိတ်တန်ခိုး ရသွားလားဆိုတာတော့  သိပ် မထင်ရှားဘူး ။ ပုတီးကြောင်တွေတော့ အများကြီးတွေ့ ခဲ့ ရတာက ထင်ရှားတယ်.အဲ့ လိုဖြစ်ရတာက စိတ်တန်ခိုးရရင် ပွဲပြီးတာကို သတိမထားမိပဲ  တန်ခိုးလဲလိုချင် ပိုက်ဆံလဲလိုချင် ချမ်းကလဲချမ်းသာချင် စန်းကလဲပွင့် ချင် ဆရာကလည်းကျချင် ..စသဖြင့် လိုချင်တဲ့  ပစ်မှတ်တွေက အများကြီးဖြစ် ရောနေလို့  လိုရင်းမရောက်ဖြစ်နေတာများတဲ့ သဘောမျိုး..
----------------------------
ပုတီးစိတ်ရင် ချမ်းသာတယ်လို့ တော့ ဒဲ့ မယူပါဘူး...ကမ္ဘာပေါ်မှာ ဘာပုတီးမှ မစိတ်ပဲ ချမ်းသာနေသူတွေ အများကြီးပဲလေ...ယူတာက ငွေလာနိုင်အောင် ကံမြောင်းရှင်းပေးတာမျိုး ပုတီးစိတ်ပေးတာလို့ ပဲယူတယ်...ပုတီးစိတ်ရင် ကုသိုလ်ရတယ်ဆိုတာ ဘုရားစာကို ရွတ်စိတ်နေလို့  ပုတီးလုံးတွေကို
ခွေးကောင် ခွေးကောင်ခွေးကောင်လို့  ကိုယ် မကျေနပ်တဲ့ သူကို အာရုံပြုပြီး ဆဲတဲ့ စကားလုံးလေး နဲ့ ပုတီးစိတ်နေရင် ပုတ်ီးစိတ်ပြီး အကုသိုလ်ရှာတဲ့ နည်းဖြစ်သွားရော...

ကျနော်စိတ်လေ ရှိတာ့က စမ လေးလုံး နဲ့ ဒိဝါတပတိိပါပဲ.ဒါပဲ အထုံဖြစ်နေအောင်စိတ်လာတာပါပဲ .ဂါထာလဲ၃ပုဒ်လားရတာပါ..ဂါထာရွတ်ရတာလည်း အလွန်ပျင်းပါတယ် ဂုဏ်တော်တောင် ပုတီးတိတိကျကျ မစိတ်ဖူးဘူး..ဒါပေမယ့်  ပုတီးနဲ့ ကိုယ်ရတဲ့ ဂါထာစိတ်ရွတ်ကတော့ အရမ်းကွန်တက်ပြတ်မသွားပါဘူးဗျာ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..