Powered By Blogger

Friday, August 21, 2015

ရိုက်ပေါက်...

ရိုက်ပေါက်...
---------------------------------------------
ကျနော်လဲ ခဏခဏ အမေးခံရတယ်...စောစောက ဗေဒင်စာတစ်ခုမှာလဲ ဖတ်လိုက်ရတယ်...ကျနော် ခဏခဏ အမေးခံရတဲ့ မေးခွန်းက သူတို့ ကို ဘယ် အထက် ပုဂ္ဂိုလ်တွေက စောင့် ရှောက်နေသလဲတဲ့ ဗျ...ကျနော်ကလဲ သိသမျှ ဒဲ့ ပြောတာပဲ သိဘူး လို့ .ကျနော့် ကိုယ် ကျနော်တောင်မသိဘူးလို့ ..:P 😁😁  .
.( ဆက်ပြောတာတွေ ရှိသေးပေမယ့် ..ဒါ ခဏထားလိုက် )..



.ဖတ်ခဲ့ တဲ့ ဗေဒင်စာမှာ...''' ဒီအကြွင်းကို ဘယ်အထက်ပုဂ္ဂိုလ်က စောင့် ရှောက်နေတဲ့ အကြွင်းရှင်တွေ ''''လို့ ရေးထားတာတွေ့ တယ်ဗျ....အဲ့ မှာ တွေးစရာ မေးစရာက..

အဲ့ ဒီလို အဲ့ အကြွင်းရှင်ကို အဲ့  ပုဂ္ဂိုလ်တွေက စောင့် ရှောက်တယ်ဆိုတာ ဘာကြောင့်  ဘယ်အချက်ကိုကြည့် ပြီး ပြောနိုင်တာလဲ လို့ စမေးခွန်း ထုတ်စရာရှိလာတယ်ပေါ့ ..

..ပြီးတော့  အဲ့  ပုဂ္ဂိုလ် စောင့် ရှောက်တဲ့ အကြွင်းလို့  ဘယ်လို သက်သေပြနိင်လဲ သက်သေပြနိုင်တဲ့ နည်းရောရှိလား.ပြီးတော့  အဲ့  ပုဂ္ဂိုလ် က ဘယ်ကလဲ သူ့ ရာဇ၀င်က ဘာလဲ သူ့ အမည်က ဘာလဲ  ဘာလုပ်ခဲ့ လို့  ပုဂ္ဂိုလ်ထူးဖြစ်နေတာလဲ အဲ့  ပုဂ္ဂိုလ်ထူးက အဲ့  အကြွင်းရှင်တွေကို စောင့် ရှောက်တဲ့ အလုပ်အပြင် ဘာ အလုပ်တွေ လုပ်သေးလဲ..တစ်ခြား လုပ်စရာမရှိဘူးလား...အဲ့ ကြွင်းနှစ်မွေးတွေနဲ့  အဲ့ စောင့် ရှောက်နေတယ်ဆိုတဲ့  ပုဂ္ဂိုလ် က ဘယ်လိုတွေ ပတ်သက်ခဲ့ ကြလို့ လဲ...

..ပြီးတော့  အဲ့  ပုဂ္ဂိုလ် က အဲ့ အကြွင်းနှစ် မွေးတွေကိုပဲ စောင့် ရှောက်ဖို့ တာဝန်ရှိပြီး တစ်ခြားအကြွင်းရှင်တွေကိုတော့  စောင့် ရှောက်ဖို့ တာဝန်မရှိဘူးလား
ဒါမှမဟုတ် တစ်ခြားအကြွင်းနှစ်မွေးတွေကို တာဝန် မယူဘူးလား.

.. စောင့် ရှောက်တယ်ဆိုရင် မွေးကတည်းက သေတဲ့ အထိစောင့် ရှောက်တာလား ပြီးတော့  အချိန်ပိုင်း ခဏ စောင့် ရှောက်တာလား ၂၄ နာရီ လုံးလုံးစောင့် ရှောက်တာလား

.လာစောင့် ရှောက်နေတယ်ဆိုတာ ဘော်ဒီဂတ် သဘောလာ မိဘအကြီးအကဲလို စတိုင်မျိုးနဲ့ လား ဘယ်လိုပုံစံမျိုးနဲ့ လာစောင့် ရှောက်နေတာလဲ လိုချင်တာခိုင်းလို့  (၀ါ) အကူအညီတောင်းလို့ ရလား ရရင် ရကြောင်းဘယ်လိုသိနိုင်လဲ....

.ပြီးတော့   အဲ့ မဟာဘုတ်နှစ်မှာ မွေးလာတဲ့ သူတွေ  တစ်နှစ်အတွင်းမှာကို ကမ္ဘာပေါ်မှာ ထောင်ဂဏန်း သောင်း ဂဏန်း ရှိနိုင်ပြီး  ၈ နှစ်တစ်ပတ်လည်တိုင်း အကြွင်းတူ မဟာဘုတ်ရှင်တွေ မွေးခဲ့ တာဖြစ်လို့  နှစ် တစ်ရာ သက်တန်းအတွင်းဆို (ဥပမာ ၁ကြွင်းမဟာဘုတ်ပေါင်း ၁၂ခါ ပေါ့ )..မဟာဘုတ်တူ အသက် မတူ လူတွေ သန်းချီရှိနေတာ အဲ့ ကမ္ဘာအရပ်ရပ်က လူမျိုးမတူ ဘာသာမတူ  အသက်မတူ လူသန်းချီကို အဲ့  ပုဂ္ဂိုလ်ထူးဆိုတာကြီးက အကုန်လုံးကိုစောင့် ရှောက်နေတာလား..

.ပြီးတော့  အဲ့ မဟာဘုတ်တစ်မျိုးထဲမှာပဲ လူကောင်းရောလူဆိုးရော ပါနေတာ အကုန်လုံးကို စောင့် ရှောက်နေတာလား..ပြီးတော့  အဲ့ ပုဂ္ဂိုလ်ကိုကျနော်တို့ က ကျနော်တို့  လာစောင့် ရှောက်ပါလို့  အကူအညီ မတောင်းပဲ မစောင့် ရှောက်ခိုင်းပဲ ဘာလို့ လာစောင့် ရှောက်နေရတာလဲ..

..ပြီးတော့  အဲ့ ပုဂ္ဂိုလ်က သူ့ သဘောနဲ့ သူ အဲ့ အကြွင်းရှင်တွေကို လိုက်စောင့် ရှောက်နေတာလား သူ့ သဘောနဲ့ သူ မဟုတ်ဖူးဆိုရင် ဘယ်သူက အဲ့ ပုဂ္ဂိုလ်ကို အဲ့ အကြွင်းရှင်ကို သွားစောင့် ရှောက်လိုက်ပါလို့ တာဝန်ပေးတာလဲ..ဘာကြောင့်  သွားစောင့် ရှောက်ခိုင်းရတာလဲ...

.ပြီးတော့  ကျနော်တို့ က မဖိတ်ခေါ်ပဲ  အဲ့ လာစောင့် ရှောက်ပါတယ်ဆိုတဲ့  ပုဂ္ဂိုလ်ကို ကျနော်တို့ က အလိုမရှိဘူး လာမစောင့် ရှောက်ပါနဲ့ လို့ နှင်လိုက်ရင် အဲ့ ပုဂ္ဂိုလ်က မလာတော့ ဘူးလား...မလာတော့ ဘူးဆိုရင် မလာတော့ ကြောင်း ဘယ်လိုသိနိုင်မလဲ...ပြီးတော့ ...စသဖြင့်  စသဖြင့် ..စသဖြင့် ပေါ့ .....

ဒါဟာ ပြဿနာရှာနေတာ မဟုတ်ဘူး...အဟောခံရသူနေရာကနေ ခံစားပြီး သူ့ စိတ်ထဲမှာ သူသိလိုတဲ့  အချက်တွေ  မရှင်းလင်းတဲ့ အချက်တွေ မေးခွင့် ရှိတယ်
( ခပ်ရင့် ရင့် ပြောရရင်  ပိုက်ဆံပေးပြီး ဗေဒင်မေးတာလေ..)...အဲ့ လို မေးခွန်းတွေ တစ်ချက်ပြီး တစ်ချက် ထုတ်လာရင် ဗေဒင်အဟောခံရသူ စိတ်ကျေနပ်သွားအောင် ဘ၀ကျသွားအောင် ကိုယ်ဟောတဲ့ ဗေဒင်ဟောကိန်းအပေါ် ယုံကြည်မှု့  ရှိသွားအောင် ယုတ္တိကျကျ ပြန်ဖြေဖို့  အဖြေအဆင်သင့် ရှိပြီလား သဘောပါ...

အဟောက ဒီလိုသဘော  ''''' (--) နှစ်မွေး မဟာဘုတ်ရှင်တွေကို ဝိဇ္ဇာနှင့် ပုဂ္ဂိုလ်ထူးများ စောင့်ရှောက်သူ ဖြစ်ပါသဖြင့် ဘဝတွင် အခက်အခဲကြီးကြီးမားမား မကြုံတွေ့ နိုင်..''တဲ့ ..ဟောကွက်က ဒါပဲ ပြန်မေးချင်စရာက.....

ဒါမျိုးဆန်ဆန် ၂ကြွင်းတွေကို ကျန်ာတို့ ပြောလေ့ ရှိတယ် ၂ကြွင်းမှာ အာရုံလွန်သိသဘော သူများအကြွင်းတွေထက် စန်းစန်းတင့် ဖြစ်တာမျိုးရှိတယ် သူများက မသိစေချင်တာမျိုး ၂ ကြွင်းက ကြံဖန်ပြီး သိသွားတာ ကြိုတင် ခံစားတတ်တာမျိုး..

ဒါမျိုးကို ကျနော်တို့ ကရွှီးချင်ရင် အစောင့် အရှောက်တွေပါတယ်တို့  သိုက်ဆက်နီးတယ် တို့  ပါးစပ်စီးတယ်တို့ ဘာညာဆို  ၂ တွေ အားကြီးသဘောကျသွားလေ့ ရှိတယ်..
.( ဆိုက်ကိုပေါ့  အမှန်တော့  လူတွေကို စွမ်းရည်ထူးရှိသူလို့ ထူးခြားသီးသန့် လူလိုလို ပြာလိုက်ရင် အများစုက သီးသန့်  ငါ ကို ခံစားလိုက်ရလို့  သဘောကျသွားလေ့ ရှိတာချည်းများတယ်...ငိငိ)....

ဒါပေမယ့်  အဲ့ စို့ က ဖုံးထားတဲ့  ပုတိအိမ်က အင်္ဂါနံ စိတ်သတ္တိကနေ တစ်ခါတစ်ခါ ပွင့် ပွင့် ထွက်လာတတ်တဲ့ စိတ်ကနေဖြစ်လာတာလို့  အဖြေ အဖြစ်ရှင်းပြနိုင်တယ် .
.အခု အဟောကိုရော ဘယ်စို့ ကနေ ယုတ္တိရှိရှိရှင်းပြနိုင်မလဲ လို့ တွေးစရာ မေးစရာရှိလာတယ်ပေါ့ ...

ပြီတော့  မေးခဲ့ သမျှ မေးခွန်းတွေ အားလုံးထက် အရေးအကြီးဆုံး ပွိုင့် မေးခွန်းက ဝိဇ္ဇာတွေနဲ့  ပုဂ္ဂိုလ်ထူးများစောင့်ရှောက်တယ်ဆိုတာက ကျနော်တို့ (--) ကြွင်း မဟာဘုတ်ရှင်တွေရဲ့  ဘ၀ခရီးကို ဘယ်လောက်အထိ ကောင်းကျိုး သက်ရောက်မှု့ ရှိနိုင်သလဲ..

.တကယ်လို့ မစောင့် ရှောက်တော့ ဘူးဆိုရင် ဆိုးကျိုးကြီးကြီးမားမားဖြစ်လာနိုင်သလား...အကယ်၍ ကျနော်တို့ (--)  ကြွင်းတွေ အိမ်ထောင်ပျက်တာ စီးပွားရှောတာ ကားတိုက်တာ ရေနစ်တာ အိမ်မီးလောင်တာ လေယာဉ်ပျက်ကျတာ  သူများလုပ်ကြံတာတွေ ကြုံခဲ့ ရင် အဲ့ စောင့် ရှောက်နေပါတယ်ဆိုတဲ့  ဝိဇ္ဇာတွေ ပုဂ္ဂိုလ်ထူးတွေမှာ တာဝန် တစ်စိတ်တစ်ပိုင်းရှိသလား လို့ တွေးစရာမေးစရာရှိတယ်...

အမှန်တော့  အဲ့ လို ကြံကြံဖန်ဖန် ကပ်သီးကပ်သတ်တွေ  ဘယ်သူမှ မမေးပါဘူး..အမေးလဲမခံရပါဘူးပါဘူး မေးသံလဲမကြားဘူးပါဘူး...ကျနော့် ဟာကျနော်ဖတ် ကျနော့် ဟာကျနော်မေးခွန်းတွေထုတ်ကြည့် နေတာပါဗျား....ဟီးးး  .:P 😁😁  .


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..