Powered By Blogger

Saturday, August 8, 2015

အကျိုးပေးအလုပ် (၀ါ) ဘယ်အလုပ်နဲ့ အကျိုးပေးလဲ နဲ့  သက်ရောက်

အကျိုးပေးအလုပ် (၀ါ) ဘယ်အလုပ်နဲ့ အကျိုးပေးလဲ နဲ့  သက်ရောက်
--------------
ပထမဆုံး စတွေးစရာလိုတာက အဲ့  '' အကျိုးပေးအလုပ်''ဆိုတာ ဘာကို ဆိုလိုတာလဲ လို့  တွေးစရာရှိလိမ့် မယ်...ပြီးတော့ အကျိုးပေးတယ်ဆိုတာ ဘယ်ထောင့် ကကြည့် ပြီး ပြောမှာလဲ ဆိုတာလဲ မေးစရာရှိမယ် ဘာသာရေးထောင့် ကလား ပိုက်ဆံအနဲအများထောင့် ကလား နာမည်ကြီးယုံလေးလားစသဖြင့် တွေပေါ့ 



ယေဘူယျ ကျနော်တို့ အများစုက လူ့ သဘာဝအတိုင်း ပိုက်ဆံချမ်းသာချင်ကြတာချည်းများလို့  အကျိုးပေးတဲ့ အလုပ် ဘာလဲလို့  ဗေဒင်မေးတိုင်း အဲ့ ဒီ့ မေးခွန်းရဲ့ တကယ့် အနက်က ဘာလုပ်စားရင် ချမ်းသာမှာလဲ လို့ မေးတာမျိုးသဘောဆောင်နေတာများတယ်...(အခုလက်ရှိအနေအထားကို ချမ်းသာနေပြီလို့  မခံယူသေးတာမျိုးစိတ်နဲ့ မေးတဲ့ သဘောလည်းဆောင်တယ်)

ဒီတော့  အကျိုးပေးအလုပ် ဘာလဲ ဆိုတဲ့  အမေးတစ်ခွန်းကိုက မေးတတ် ထောက်တတ် တွေးချလိုက်ရင် ထင်တာထက်ကျယ်ပြန့် တယ် ဖြေရတာခက်တဲ့ သဘောဖြစ်သွားတယ် အလွယ်ဖြေလို့ တော့ လည်း လွယ်ပါတယ် မဟာဘုတ် အပေါ်တန်းက နံသင့်  လေး လုံး ပရိယာယ် ချပြောလိုက်ယုံပဲ

အဲ့ တော့ အကျိုးပေးအလုပ်ဆိုတာ ယေဘူယျဆိုရင် ချမ်းသာလွယ်တဲ့  အလုပ် ဘာအလုပ်လဲ လို့ မေးတာမျိုးလို့ သဘောရတယ်။ တကယ့်  သဘောမှာတော့  အလုပ် လုပ်တိုင်း ပိုက်ဆံချမ်းသာတာမျိုး မဟုတ်ပဲ ပိုက်ဆံချမ်းသာမယ့် သူက အလုပ်လုပ်လုပ် မလုပ်လုပ်ချမ်းသာတာမျိုးတွေ့ နိုင်လို့  အလုပ်နဲ့ ပိုက်ဆံ ချမ်းသာခြင်းကို ဒဲ့ ညီမျှခြင်းဆွဲလို့  မဖြစ်နိုင်ဘူး..ဒါပေမယ့်  အများစုက ဒီလိုပဲ ယူတယ် ။။။

ကပ်သီးကပ်သပ်တွေ တွေးခေါ်ပြီး အဲ့ လို ထွေလီကာလီတွေ လျှာကြောရှည်အောင် မေးခွန်းတွေ ထုတ်လိုက် ပြန်ဖြေလိုက်နဲ့ လိုရင်းမရေးပဲ  စာရှည်ကြီးရေးရင် တော်တော် အမြင်ကပ်မှာပဲလို့ ......ဟီးဟီး...

ဒီလိုပါ...ဆိုပါတော့  ၃ကြွင်း အင်္ဂါသားသမီး ဟာ စနေနံ အထည်လုပ်ငန်းတို့  ပါတိတ်တို့  ဗျူတီပါလာတွေတို့ စသဖြင့် ပေါ့  အဲ့ စနေနံနံ အလုပ်တွေနဲ့  အကျိုးပေးပါတယ်လို့ မဟာဘုတ်အရရော နေ့ သားအရပါ ဟောပေးလိုက်ပေမယ့်  အဲ့ အင်္ဂါသားသမီးက သူနဲ့ အကျိုးပေးပါတယ်ဆိုတဲ့ 
အဲ့  စနေနံအလုပ်တွေကို  သူ့ အသက် ၃၃ ၃၄ ၃၅ = အင်္ဂါ+ဟူး+ စနေသက်ရောက်တွေကြမှ ဆိုင်စထောင်မယ် ဆိုင်စဖွင့် မယ်ဆိုရင်...အင်္ဂါလစိတ် ဟူးလစိတ် စနေလစိတ်တွေမှာ စပြီးဆိုင်စဖွင့် မယ် အလုပ်စမိလိုက်မယ်ဆိုရင်....အဲ့ အကျိုးပေးပါတယ်ဆိုတဲ့ အလုပ်ဟာ သူ့ အတွက် အကျိုးပေးအလုပ်ဖြစ်လာပါ့ မလားပေါ့ ဗျာ
-------------------------------
လက်တွေ့ ကြုံခဲ့ သမျှတော့  အဲ့ အင်္ဂါ+ဟူး+ စနေ သက်ရောက် အဲ့ အင်္ဂါ+ဟူး+ စနေ လစိတ်တွေမှာ စတင်တဲ့  အလုပ်တွေဟာ ဗေဒင်က  အကျိုးပေးတယ် ဘယ်လောက်ပြောပြော ကြာကြာမခံဘူး အဆင်မသင့် ရင် လုပ်ဖူးတယ်ဆိုတဲ့  အတွေ့ အကြုံသာကျန်ခဲ့ တယ် ငွေအကျိုးအမြတ်မကျန်ဘူး အခြေအနေဆိုးရင် ဆုံးရှုံးမှု့ တွေတောင်ရှိသွားတယ်...
---------------
ဒီတော့  သဘောက ဗေဒင်သဘောအရ အပြောင်းအလဲတစ်ခုကို စတင်မယ်ဆိုရင် မူလမဟာဘုတ်ပါ အချက်အလက်တွေအရ လမ်းကြောင်းရှာတာတင်မကပဲ စတင်တဲ့ အချိန်အခါ သဘော သက်ရောက်တွေ လစိတ်တွေနဲ့  ချိန်ဆမှ အလုပ်ဖြစ်တယ်ပေါ့ ဗျာ..
------------

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..