Powered By Blogger
Sunday, August 9, 2015
အကျိုးပေးအလုပ် +၁ကြွင်းကြာသာပတေးသမီး+ခရီးသွားလုပ်ငန်း+ရှယ်ယာရှင်+သက်ရောက်+.....
အကျိုးပေးအလုပ် +၁ကြွင်းကြာသာပတေးသမီး+ခရီးသွားလုပ်ငန်း+ရှယ်ယာရှင်+သက်ရောက်+.....
------------------------------
ဒီအပတ်ထဲမှာပဲ တိုက်ဆိုင်ချက်က  အသက် ၄၆ အင်္ဂါသက်ရာက် ထဲရောက်နေတဲ့  ၁ကြွင်း ကြာသာပတေးသမီး အဓိပတိဖွား တစ်ယောက်ရဲ့ ပြဿနာက ပြီးခဲ့ တဲ့  ၃လလောက်က ခရီးသွားလုပ်ငန်းတစ်ခု သူငယ်ချင်းနဲ့ အတူတူစထောင်ပါတယ်တဲ့ ( အင်္ဂါသက်ရောက်အ၀င်မှာ)  ( သူငယ်ချင်း လုပ်နေတယ်ဆိုတဲ့  အလုပ်ထဲ သူက ငွေရှယ်ယာပဲထည့် လိုက်တဲ့ သဘောရှိပါတယ်)...အဲ့ ဒါ ဆက်လုပ်ရကောင်းမလားလို့ ပါတဲ့  ( ဆက်လုပ်ရကောင်းမလားဆိုတာ ပြဿနာရှိနေပြီဆိုတဲ့ သဘောပေါ့ ..အလုပ်က ဂွတ်နေရင် ဒီအလုပ်ကြောင့်  ဗေဒင်ဆရာဆီ ရောက်လာမှာ မဟုတ်ဘူးပေါ့ ..(ဒါက ကွက်ကျော်တွေးပါ) )
သူက အကြံတောင်းတာထက် ထင်သလိုဖြစ်မလာတဲ့  အလုပ်ကြောင့် ညစ်နေလို့ လာတဲ့ သဘောမို့  ကျနော်က အင်္ဂါသက်ရောက်မှာ ငွေကြေးများများစားစား ရင်းပြီး စတင်မိတဲ့ အလုပ်တွေဟာ ရေရှည်အကျိုးဖြစ်ထွန်းမှု့ မရှိတတ်ဘူး လုပ်ဖူးတယ်ဆိုတဲ့ အတွေ့ အကြုံတွေသာရပြီး နောက်တော့  အလုပ်ရပ်သွားလေ့ ရှိတယ် ပြီးတော့  အလုပ်စမိပြီးမှ ဆက်လုပ်ပါ မလုပ်ပါနဲ့ လို့ ပြောရတာတော့  ခက်တယ်...အခုညစ်နေတာဟ တကယ့်  မကောင်းတဲ့ လတွေတောင် မရောက်သေးဘူး အစပဲ ရှိသေးတယ် လာမယ့်  (၇လပိုင်းနဲ့ ၈လပိုင်းမှာ) တော့  ဆက်လုပ်သင့် မလုပ်သင့် အဖြေပေါ်လိမ့် မယ် အဲ့ တော့ မှ ပြန်လာပေါ့  အခုကတော့  လုပ်လက်စနဲ့  ဆက်မှေးနေတာကောင်းမယ် စိတ်တော့ ရှည်ရှည်ထားလိုက်ပါ အကယ်၍ အကြောင်းတစ်ခုခုပြပြီး ငွေထပ်ထည့် ခိုင်းလာရင်တော့  မထည့် သင့် ဘူး လို့  ပြောလိုက်ပါတယ် ( ဖြစ်တန်ရာခြေ အများဆုံးနီးစပ်တဲ့  လစိတ်ကို ကွက်တိ နီးပါး ပိုင်းပြီး ထောက်ပြထားနိုင်တာဟာဒီဟာဘုတ်ပညာရဲ့  အားသာချက်ပါပဲဗျာ)
အခု ၈လပိုင်း စနေနေ့  မနက် ၁၀နာရီလောက် (ဘောမတိုင်) မှာ အဲ့ ၁ကြွင်းကြာသာပတေးသမီး ပြန်ရောက်လာပါတယ်....ကျနော် မှာထားလို့ ပါတဲ့ ၊ ဒါနဲ့  နဲနဲပြန်စဉ်းစားလိုက်တော့  ခရီးသွားလုပ်ငန်းအမျိုးသမီး...၊  ဒါနဲ့  စကားနဲနဲပြောလိုက်တော့  ဒီတစ်ခါတာ့  သူကိုယ်တိုင်က ဆက်မလုပ်ချင်တော့ ဘူးလို့ ဆိုလာသလို့  လုပ်ငန်းက မဖြစ်တဲ့ အပြင် ရှယ်ယာပါထပ်ထည့် ဖို့ ပြောလာတယ်လို့ ဆိုတယ်....
.ပြီးတော့  ဒါမျိုး ရှယ်ယာထပ်တောင်းတယ်ဆိုတာ နဂိုကတည်းက အလုပ် မဖြစ်နေတာကို ဖုံးဖိဖို့  ရှယ်ယာထပ်တောင်းတာမျိုးများတယ်..တကယ်အောင်မြင်နေတဲ့ အလုပ်တွေကလည်း ကိုယ့် လူနဲ့ ကိုယ်သာ ကြိတ်ဝါးနေလေ့ သာများပြီး သူများကို ရှယ်ယာလာထည့် ပါလားလို့ ပြောလေ့ သိပ်မရှိဘူး ..ခွင်တွေကို သိမှာတောင်စိုးလေ့ ရှိတာမျိုးများတယ် သူငယ်ချင်းကို အပြင်လူတွေကို ရှယ်ယာ ကမ်းလှမ်းပြီဆိုရင် ဒါဟာ တစ်ခုခုတော့ တစ်ခုခုပဲလို့  တွေးစရာရှိတယ်...
ဒီတော့  ဆက်မလုပ်နဲ့ တော့  ရပ်ပစ်လိုက်တာက အဆုံးအရှုံးသက်သာတယ်  တစ်ခုခု အလုပ်လုပ်ချင်သေးတယ်ဆိုရင် မွေးလရောက်ရင် ပြန်လာပါ အဲ့ တော့ မှ ဘာလုပ်ရင် ရမလဲဆိုတာ ၀ိုင်းတွေးပေးလို့ ရမယ် အခု ၈လပိုင်းကနေ လာမယ့်  ၁၁လပိုင်း အထိတော့  နောက်ထပ် ပိုက်ဆံထုတ်ပြီး ဘာမှ လုပ်လို့ မရဘူး ထိုင်စားနေတာက ပိုကောင်းတယ်လို့ ပြောလိုက်တော့  အဲ့  ကြာသာပတေးသမီး လက်ခံသွားပါတယ် သူ့ ကံကြမ္မာကို သူကိုယ်တိုင် နားလည်သွားပုံရပါတယ်ပေါ့ ဗျာ..
င်္ဒီနေရာမှာ ၁ကြွင်းဟာ ခရီးသွားလုပ်ငန်းလုပ်စားလို့ မရတော့ ဘူးလားလို့ တွေးမိကောင်း တွေးမိပါလိမ့် မယ်....ဒီလိုမေးလာရင် ဒီလို မဟုတ်ဖူး ခရီးသွား လုပ်ငန်းကြီး လုပ်စားနေတဲ့  ၁ကြွင်း ကြာသာပတေးသမီး အဓိပတိဖွား အခု အသက် ၄၆ နှစ်  အင်္ဂါသက်ရောက်သမား နောက်တစ်ယောက် ကျနော့် ဆီမှုာရှိပါတယ် သူက လုပ်စားလာတာ ၁၀ နှစ်မကတော့ ပါဘူး...ကျနော့် ဆီ ခရီးသွားလုပ်ငန်း လုပ်စားရကောင်းမလားလို့  လာမေးကတည်းက (သက်ရောက်ကောင်းနေလို့  ) ဆော်သာဆော် တီးသာတီး အလုပ်ဖြစ်မှာ ၀ီရိယတော့  သူများထက်နဲနဲ ပိုထုတ်ရလိမ့် မယ် ဒါပေမယ့် မပူနဲ့  အချိန်နဲနဲ ရလာရင် အကျိုးအမြတ်ရလာလိမ့် မယ် လို့ တွန်းအားပေး ချွန်ပေးလိုက်တာပါ..အခု အောင်မြင်နေပါတယ်...အခုလည်း အလုပ်လည်ပတ်နေဆဲပါပဲ...
သူ့ အခု အသက် ၄၆ အင်္ဂါသက်ရောက်ရဲ့ ပြဿနာတွေက ဘိုကင်တစ်ချို့ ဖျက်သွားတာ ဟိုတယ်ခန်း လုံလောက်အောင် မရတာ ခရီးသည် တစ်ချို့ ဖျားနာတာ ကားပျက်တာ အရစ်ခရီးသည် တစ်ချို့ ပါလာတာ စသဖြင့့် ခရီးသွားလုပ်ငန်းမှာဖြစ်ရိုးဖြစ်စဉ်တွေကိုသာကြုံနေရတာပါ  လုပ်ငန်းကြီးပြိုလဲမသွားပါဘူး ဒါကို ယတြာနဲ့ ကျော်လွှားနေပါတယ်...ဒီတော့  သဘောက အလုပ်အကျိုးပေးမပေးဟာ မိန်းမဟုတ်ဘူး  ဖြတ်နေတဲ့ သက်ရောက်တွေ အလုပ်သစ်တွေကို စတင်မိတဲ့ အသက်အပိုင်းအခြားတွေဟာ မိန်းဖြစ်တယ်တယ်ဆိုတာပေါ်နေတဲ့ သဘောပါပဲလို့ မြင်နိုင်ပါတယ်ဗျား..
ရှယ်ယာထည့် မိမှား ၁ကြွင်းကြာသာပတေးသမီး အကြောင်းကို တစ်ချက် ပြန်တွေးကြည့် ပါ ...အင်္ဂါသက်ရောက် အ၀င်မှာ သူများ အပြောကောင်းတာနဲ့ ရှယ်ယာ အရင်သွားထည့် မိလိုက်ပြီးမှ နောက်တော့  ထင်သလိုဖြစ်မလာလို့  ညစ်ပြီး ဗေဒင်ဆရာဆီရောက်လာတာတွေ့ ရမှာပါ ..ကျနော်တို့  ဒါကိုပဲထောက်ပြနေတာပါ ကုန်မယ့်  ဆုံးမယ့်  သူတွေဟာ အဲ့ သက်ရောက်မှာ မလုပ်သင့် ဘူးဆိုတဲ့ အပြုအမူတွေကို စလုပ်ဖို့ ကြံတယ် စလုပ်မိလျက်သားဖြစ်နေကြလေ့ ရှိတယ်ပေါ့ ဗျာ...နောက်တစ်ဖက်က ထပ်တွေးရင် မကုန်မယ့်  မဆုံးမယ့် သူတွေဟာလဲ အဲ့ သက်ရောက်မှာ မလုပ်သင့် လို့ တားမြစ်ထားတဲ့  ကိစ္စတွေကို လုပ်ရိုး ကြံရိုး မရှိကြသေးဘူးလို့ တွေးနိုင်တယ် တကယ်လဲ ဒီအတိုင်းချည်းလိုလိုပါပဲဗျာ..
ဒါဟာ တကယ့် လူ့ ဘ၀ထဲမှာ တကယ့် ကိုဖြစ်နေတဲ့  ဘ၀တွေကို ဗေဒင်နဲ့  အကျိုးရှိအောင် ပံ့ ပိုးခြင်း အကြံပေးခြင်း ဖြေရှင်းခြင်းပညာပါပဲဗျာ  စိတ်ကူးယဉ် ပညာတွေ စိတ်ကူးယဉ်လောက အကြောင်းတွေ တစ်ခုမှမပါပါဘူး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..