Powered By Blogger

Sunday, August 9, 2015

အယူ မျှော်လင့် ချက်..နဲ့  ကျဆုံးခန်း...

အယူ မျှော်လင့် ချက်..နဲ့  ကျဆုံးခန်း...
-------------
သမ္မာဖြစ်စေ မိစ္ဆာဖြစ်စေ ဘာကြောင့် အယူတွေဟာ တည်မြဲနေသလဲ လူကြိုက်များသူ ရှိနေလဲ တွေးရင် သမ္မာဖြစ်စေ မိစ္ဆာဆိုစေ...ဒုက္ခရှိကြောင်း သုခရှိကြောင်းကို ပြတယ် ပြီင်္းရင် ဘာကြောင့် ဒုက္ခဖြစ်လာကြောင်းပြတယ် ဘယ်လိုလုပ်ရင် ဒုက္ခတရားကလွတ်မြောက်ရာ ရှိကြောင်း ယုံကြည်အောင်ပြတယ်..ပြီးရင် သုခတရားကို သွားရာလမ်းကြောင်း ရှိကြောင်းပါပြတယ်.




.ဒါဟာ အယူတွေဝါဒတွေကို အဲ့ အယူဝါဒတွေဟာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူကြိုက်များသူရှိရခြင်းရဲ့  အခြေခံသဘောပဲ...အဓိက အချက်ကတော့ ဒုက္ခကလွတ်နိုင်ကြောင်း သုခကို ရောက်နိုင်ကြောင်း လမ်းရှိကြောင်း '''မျှော်လင့် ချက် '''ကို လူယုံကြည်အောင် ပြောပြပေးနိုင်တယ်....


နိုင်ငံရေးတွေ စနစ်တွေ သဘောမှာ တော်လှန်ရေးတွေ ဝေဖန်မှု့ တွေဆိုတာ ရှိတာ ပုံမှန်ဖြစ်တယ် ၊ အဖြူနဲ့ အမဲသဘာ နေ နဲ့  လ သဘော ဒွိ အခြေအနေလိုပဲ ဘယ်ဒေသ ဘယ်ကာလဖြစ်စေ အုပ်ချုပ်သူနဲ့  တော်လှန်သူ ၊ အာဏာရ ပါတီနဲ့ အတိုက်အခံပါတီ ၊သဘောရှိတယ် ၊ နောက်လိုက် အင်အားထု အနဲအများအရ အဓိက အင်အား၂ စု ခွဲနိုင်တယ်၊ အာဏာလက်ရှိ အုပ်ချုပ်သူ (၀ါ) အာဏာရပါတီ နဲ့  အာဏာလက်ဝယ်မရသေးသူ(၀ါ) အတိုက်အခံပါတီ ဖြစ်တယ်

တစ်ဖက် အုပ်စုနဲ့ တစ်ဖက်အုပ်စု အပြစ်အနာအဆာ အားနဲချက်တွေကိုသာရှာပြီး ဝေဖန်တာ ပုတ်ခပ်တာ ရှုံ့ ချတာ အမှားစောင့် တာ ပုံမှန်သဘောဖြစ်တယ် အာဏာလက်ရှိသူက အာဏာမြဲဖို့  အာဏာမရသေးသူက အာဏာရဖို့ ...

အဲ့ အဓိက အုပ်စုကြီး ၂ ခု (၀ါ) ကွဲပြားတဲ့ စနစ် ကွဲပြားတဲ့ မူဝါဒ ၊ ကွဲပြားတဲ့ လုပ်နည်းလုပ်ဟန် ပုံစံ ၂ မျိုးထဲက တစ်မျိုးမျိုးနောက်ကို ထောက်ခံဖို့ လူထုက ကိုယ့် ဟာကိုယ်အကဲခတ် ကိုယ့် အကြိုက်နဲ့ ကိုယ် ကိုယ် ကြိုက်တဲ့  အချက်အလက်တွေရှိတဲ့  အုပ်စုကြီး ၂ ခုထဲက တစ်ခုခုကိုထောက်ခံလေ့ ရှိတယ်..

အုပ်စုကြီး တစ်ခုကို ထောက်ခံလိုက်တာဟာ ကျန် အုပ်စုကြီးတစ်ခုကို တစ်ပြိုင်နက်ထဲ ငြင်းပယ်တဲ့  သဘော၊ လက်ရှိ အုပ်ချုပ်သူတွေကို ငြင်းပယ်ပြီး တော်လှန်ရေးသမားတွေကို ထောက်ခံတဲ့  အသွင်လည်း ဆောင်တယ်.တရားမျှတမှု့ နဲ့ မတရားမှု့ သဘောတရားမှာ မတရားတာနဲနဲ တရားတာ နဲနဲဆိုတာမျိုး....ကြားနေသဘောတရားဆိုတာ မရှိဘူး.

လက်ရှိအခြေအနေထက် တရားမျှတမှု့ ကို ပိုပြီး ဖေါ်ဆောင်ပေးမယ်လို့  ယုံကြည်လောက်အောင်ပြောနိုင် လမ်းကြောင်းပြနိုင် ခေါ်ဆောင်သွားနိုင်တယ်လို့ ယုတ္တိရှိရှိ မျှော်လင့် ချက်ပေးနိုင်တဲ့ အုပ်စု ကို လူတွေက ယုံကြည်ပြီးထောက်ခံလေ့ ရှိတယ်..

အဲ့ ဒီ လို အုပ်စုကြီး ၂ ခုစလုံး ထဲက ဘယ်အုပ်စုကိုမှ ယုံနိုင်စရာ မရှိဘူးလို့ ပြောဆိုနေသူတွေဟာ တစ်ခြား ဘာယုံစရာရှိပါသေးလဲ ၊ မျှော်လင့် ချက်အသစ်တစ်ခုခုပေးနိုင်ပါသလား ခေါ်ဆောင်သွားနိုင်ပါသလား လမ်းကြောင်းတစ်ခုခု ချပြနိုင်ပါသလားလို့ တွေးစရာမေးစရာရှိတယ်..
.

မျှော်လင့် ချက်အသစ် တစ်ခုခု ထပ် မပေးနိုင်ရင်တော့  အဲ့ ဒီ့  ဘယ်အုပ်စုကိုမှ မယုံပါဘူးလို့ သာ လေ နဲ့ တွင်တွင်ပြော လက်တွေ့  ကျတဲ့  အသစ်တစ်ခုခု ချမပြနိုင်တဲ့  လူတွေဟာ လူ့ အဖွဲ့ အစည်းရဲ့ အပယ်ခံဘ၀ အယုံအကြည် ကင်းမဲ့ ရာဘ၀ တအိအိနဲ့  ကျဆုံးခန်းနဲ့ ပဲ မှေးမှိန်ပျေက်ကွယ် နိဂုံးချုပ်ရလေ့ ရှိတယ်..
.
အကြောင်းက လူဆိုတာ '''မျှော်လင့် ချက် '' တစ်ခုခု နဲ့ ရှင်သန်ဖို့ အမြဲကျိုးစားနေကြတဲ့ သတ္တ၀ါတွေ ဖြစ်လို့ ပဲ ။

မျှော်လင့် ချက်မဲ့ သွားသူတွေဟာ ရူးသွပ်ခြင်း သတ်သေခြင်း ထင်ရာစိုင်းကုန်ခြင်း ၊ လောက တည်ငြိမ်မှု့ စည်းဖျက်စီးခြင်း၊ လောကကို မီးရှို့ ခြင်းတွေလုပ်ဖို့ ဝန်မလေးကြတော့ ဘူး..

လောကသဘောဟာ စင်းလုံးချော မရှိကြောင်း ''ကောက်ကောက်ထဲက ဖြောင့် ဖြောင့် ရွေးတော့  ကွေးကွေးလေးက ဖြောင့် ဖြောင့် ပါပဲ ''ဆိုတဲ့  သံချပ်စာချိုးက သက်သေပါပဲ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..