ပညာမပါတဲ့  အသက်မွေးမှု့ ရှိနိုင်သလား...
-----------
ခွဲခြားပုံပါ..ဘယ်အလုပ်ဖြစ်ဖြစ် ပညာသဘောပါပါတယ် ပညာဆိုတာ ကိုယ့် အလုပ်ကို ကျွမ်းကျင်လိမ္မာတဲ့ သဘောလည်းရှိပါတယ်..ဥပမာ ဆန်အိပ်ကို မ တာဟာ ပညာပါပါတယ် မနေမကျသူ မမဘူးသူတွေဟာ ဆန်အိပ်ထောင့် စွန်းတွေကို လက်နဲ့ ဆုပ်ပြီး မ လို့  လက်ဝါးတွေနာပြီး မြေပေါ်ကကြွအောင် မ ရခက်ပါတယ် မနေကျလူ ကတော့  အဲ့ ဆန်အိပ်ထောင့် စွန်းတွေထဲ လက်ထိပ်တွေကို ထိုးနှိုက်စိုက်သွင်းလိုက်ပြီး ကုပ်ပြီးမလိုက်တော့  လက်ဝါးကြီးနဲ့  ဆုပ် မတာထက်ပိုလွယ်သွားပါတယ် ဒါဟာ ဆန်အိပ်မတဲ့ နေရာမှာတောင် ဆန်အိပ်မနည်း ပညာ သဘောပါ...
ဗေဒင်က ပြောတဲ့  ပညာနဲ့ အသက်မွေးသဘောမှာ..အသက်မွေးအလုပ်ကို ကိုယ့် ငွေမပါ ပညာသက်သက်နဲ့ အသက်မွေးတာ နဲ့  အခြားအသက်မွေးတစ်ခုခုကို ပညာပါပါ အသက်မွေးတာဆိုပြီးခွဲမြင်နိုင်ပါတယ်
ပညာ+ပညာသဘောက...ကျူရှင်ဆရာ ကျောင်းဆရာ စာရေး စာရင်းကိုင် ဗေဒင်ဆရာ ရှေ့ နေ ၀ပ်ရှော့ ဆရာ စာပေအနုပညာ +တရားဟောဆရာ }လစာစားဝန်ထမ်း စသဖြင့် တွေဟာ ပညာအတွေးအခေါ်က သူ့ အရင်းအနှီးသဘောပါ..ငွေရင်း အဓိကမဟုတ်သဘောပါ
စာရေးကိရိယာရောင်းတာ မိတ္တူစက်ထောင်တာ အိုင်ဖုံးလက်တော့ ပြင်စားတာ + ကုန်သည်+ ကားထောင်တာ +..ငွေရင်းတစ်ချို့ ကို အတိုင်းအတာတစ်ခုအထိ စိုက်ထုတ်ထားရတာပါတဲ့  အလုပ်ဟူသမျှလိုလို အလုပ်ဆိုင်ရာကျွမ်းကျင်လိမ္မာမှု့ + ငွေရင်း တစ်ချို့ စိုက်ထုတ်ထားခြင်း သဘောဟာ ပညာ+ အလုပ် သဘောပါပဲဗျာ
ဒီတော့  ပညာမပါတဲ့ အလုပ် မရှိသဘောပေါ့ ဗျာ...ဘာကိုပဲ ခွဲခြားရလဲဆိုတဲ့  ပညာရှင်သက်သက်နဲ့  သွားလို့ ရတဲ့ ကာလလား ။ ပညာ+ငွေရင်း သွားလို့ ရပြီဆိုတဲ့ ကာလလား ချိန်ဆရတဲ့ သဘောကို ခွဲခြားရတာပါပဲဗျာ..
အဲ့ မှာ တော့  အတော်ချိန်ဆယူရပါတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..