စိတ္တဇ လေကြော...
-------
အိမ်မှာ ကောင်းကောင်းနေတဲ့ မိန်းမကို အသလွတ် အပြစ်ရှာပြီး ပေါက်ကွဲပြတတ်တဲ့  ဘဲတွေထဲမှာ အပြင်လောကမှာ မအောင်မြင်ပဲ ကျဆုံးလာတဲ့ ဘဲနာကြီးဘဲနာလေးတွေလဲ ပါတာတွေ့ ရတတ်ပါတယ် သူတို့ က အပြင်လောကမှာ မနိုင်၍ သီးခံခြင်းသည်၎င်း.ဆိုတဲ့  တရားနဲ့ အညီ ကျွတ်ကျဲလာသမျှ သူ့ မျက်နှာကြည့် နေရတဲ့  သူ့ ကိုပြန်မလှန်မဲ့  အိမ်က အိမ်သူသက်ထားဇနီးမယား သူ့ မိန်းမကို အနိုင်စားယူပြီး စိတ်ထွက်ပေါက်အဖြစ် ရှုံးမဲ မဲတဲ့ သဘောပေါ့ လေ...
စီးပွားမှာ အရင်ကဘောစိ ဘ၀ အရာရာပါခွင့် ရ လူရာအသွင်းခံခဲ့ ရာကနေ ကိုယ့် ကိုယ်ကို ဆြာမကြီးထင်လာ အပင့် လေတွေမှာ မျောပါမြောက်သွားရာက အလွဲလွဲ အမှားမှားတွေ နဲ့ ကျဆုံးခန်းရောက်သွားတဲ့  အမျိုးသမီးတစ်ယောက် အရပ်ထဲမှာ ရှိပါတယ်..
.ဆင်ပိန်ကျွဲအောက် ဆိတ်အဆင့် အထိ ဖြစ်သွားတော့  သူ့ ဟာသူ သိမ်ငယ်ပြီး အိမ်တွင်းပုန်း လူတောမတိုး အဖြစ် နေနေတော့ တဲ့ ဘ၀ရောက်သွားပါတယ် လူမို့ လို့  တစ်ခါတစ်လေ အိမ်လည်လေ့ တော့ လည်း ရှိပါသေးတယ်...အဲ့ အိမ်တွေကလည်း သူနဲ့ အရင်က မကင်းရာ မကင်းကြောင်းတွေ လောကဓံရဲ့  အတက်အကျ သဘာဝတရားကို နားလည်ပေးပြီး လူလူချင်း တန်းတူ ဆက်ဆံပေးတတ်သူတွေ ၊ အပြင်ကလာသမျှ စကားကို ခွန်းတုန့် မပြန်ပဲ အားလုံးနဲ့ တည့် ပြီးတာပဲ ရန်သူမရှိပြီးတာပဲနဲ့  စကားဆိုး စကားကောင်း မှန်သမျှ လူသေကြီးလို့  မပျင်းမရိ ငုတ်တုတ်ကြီး ထိုင်နားထောင်ပေးနိုင်တဲ့  အိမ်မျိုးတွေပါ...
သူ အိမ်လည်သွားပြီဆိုတာဟာ သူ့ မှာ ဖြစ်လာတဲ့ မကျေနပ်မှု့ ဝေဒနာတွေကို စိတ်ထွက်ပေါက်အဖြစ် သူ့  သည်းငြီးကို ပေတေပြီး ခံပေးတတ်တဲ့ အိမ်မျိုးတွေမှာ သွားပေါက်ကွဲပြချင်လို့ ပါပဲ ၊
သူပေါက်ကွဲပြသမျှထဲမှာ သူတော်ကြောင်းသူသာသိကြောင်း ဘယ်သူက ဘယ်လိုအပြစ်အနာ အဆာများကြောင်း ဘယ်သူက ဘယ်သူနဲ့ ခြေပုန်းခုတ်နေကြောင်း ဘယ်ဝါက အစက အဆင့် မရှိသူဖြစ်ကြောင်း လိုးဝါးစတန်းဒတ်ဖြစ်ကြောင်း အခုဘောစိဖြစ်နေတဲ့ ဘယ်သူက အစက ဘယ်နေရာမှာ သူတောင်းစားသာသာဘ၀ဖြစ်ကြောင်း တွေ
အထူးသဖြင့်  အခုထောနေတဲ့ ဘယ်သူဟာ အစက သူတို့ ဆီမှာ ခိုင်းဖတ်ဖြစ်ကြောင်း သူများ ပိုက်ဆံတွေ လိမ်ပြီး ထောနေတာဖြစ်ကြောင်း...စသဖြင့်  ငယ်ကျိုးငယ်နာတွေ ပေါက်ကရ ရှစ်သောင်းတွေ မျိုးစုံဝေဖန်ပြီး အားရပြီဆိုတဲ့ အခါ သူတော်ကောင်းမကြီးလို ဘယ်ဆြာတော်ကြီးဆီ ဘာလုပ်ဖို့ သွားရဦးမယ်တြားစခန်းကို ဘယ်တော့ စခန်းဝင်ဖို့  စီစဉ်ထားပြီးကြောင်းတွေ နဲ့  ဓမ္မနဲ့ စကားပိတ်ပြီး အိမ်တော်ကိုပြန်ကြွချီတော်မူ တတ်ပါတယ်...တလောကလုံး အဆိုး သူသာလျင် မတတ်ပ မကရုဏာရှင်ကြီးပေါ့ ဗျာ...
ဒါတွေဟာ လောကထဲ အရပ်ထဲက လူတော သိပ်မတိုးတဲ့  စိတ္တဇ၀ါလေကြောသမား တစ်ချို့ တွေရဲ့  အပြုအမူတွေထဲက နမူနာ နဲနဲပဲရှိပါသေးတယ်...ကျဆုံးခန်းရာက်နေသူတွေရဲ့ စိတ်ဝေဒနာ အာသာဖြေနည်း စိတ္တဇတစ်မျိုးလို့  ဆိုလို့ ရနိုင်ကောင်းပါရဲ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..