Powered By Blogger

Sunday, August 9, 2015

တစ်ကပြန်စလို့ ရရင် စချင်တယ်လေ....

တစ်ကပြန်စလို့ ရရင် စချင်တယ်လေ....

တစ်ကပြန်စချင်ပေမယ့်  နှောင်းလွန်အိပ်မက်တွေ ဖြစ်ခဲ့ ပြီပေါ့ လို့ ဆိုရလောက်ပေမယ့် 

မင့် မျက်ဝန်းကြည်လဲ့ မှာ ၀ဲနေတဲ့  မျက်ရေကြည်လေးတွေ နဲ့  မင်းရဲ့  တုန်ရီနေတဲ့ 
နီတာရဲ အောက်နှုတ်ခမ်းလွှာလေးကို ဖိကိုက်ထားတဲ့ ဝမ်းနည်းနေတဲ့ မင့် ပုံရိပ်..

လမ်းခွဲစကားကို မင်းနှုတ်ဖျားက တိုးတိုးညင်သာ ခပ်ဖွဖွ မရဲတရဲ ဆိုအပြီးမှာ မင်းရဲ့ 
ကြာသွယ်ညို ဖူးငုံလက် နှစ်သွယ်ထဲက လက်ကိုင်ပုဝါ ပန်းရောင်လေးကို
တင်းတင်းဆုပ်ရင်း အဆက်မပြတ် ခြေမွလိမ်ကျစ်ရင်း မင့် တုန်လှုပ်မှု့ ကို တည်ငြိမ်အောင်
ဟန်ဆောင် ထိမ်းသိမ်းနေတဲ့  မင်းရဲ့ ပုံရိပ်တွေကို...

ငါ့ ရဲ့ တစ်သက်တာရဲ့  အိပ်မက်ဆိုး ညတွေမှာ ဘယ်လို မှ မေ့ ဖျောက်မရခဲ့ ဘူးလေ....

မင့် ဆန္ဒအစစ်တွေပါလို့ လဲ ငါမထင်ခဲ့ တာ မင့် ကို မကြာခဏ သတိရ
တမ်းတမိတာက ငါ့ သက်သေပါ.. မင်း..အခက်မပွေရအောင် မင့် ဆန္ဒတွေကို
သစ္စာထားပျက်သူရယ်လို့ မဆိုရက်ပဲ ကြေကွဲ နှလုံးသားတွေကို ရင်းပြီး
လိုက်လျောပေးခဲ့ တာလဲ အပါအ၀င်ပဲပေါ့ 

မင့် မျက်ရည်တစ်စက်ဟာ ငါ့ နှလုံးသားကို ကမ္ဘာဖျက်မီးလျံတွေထက်ပြင်းတဲ့ 
လောင်မြိုက်တဲ့ အက်စစ်တစ်ခွက်လိုပါပဲ

မင်းဘယ်ရောက်နေလဲ ငါမသိတော့ ဘူး မင်း ဒီကမ္ဘာကြီးရဲ့  ရပ်ဝန်းတစ်နေရာရာမှာ
ရှိနေသေးလား ငါမသိတော့ ဘူး..ငါသိတာ မင်းရဲ့ နောက်ဆုံးမျက်ရည်တွေနဲ့ လိမ်းကျံထားတဲ့ 
ငါ့ ရဲ့ နှလုံးသားထောင့် စွန်းနေရာလေးမှာ ...မင့် ပုံရိပ်တွေ ရှိနေဆဲပဲဆိုတာပါပဲလေ...

နှောင်းလွန် အိပ်မက်တွေလို့ ပဲဆိုပါစေ..
မင်းနဲ့ ဆုံစည်းစ
အချစ်ချို
ပန်းနုရောင်ကဗျာနု
ကောင်းကင်ပြာ
မြက်ခင်းစိမ်းကာလ အချိန်လေးတွေကို
တစ်ကပြန်စလို့ ရရင် စချင်တယ်လေ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..