Powered By Blogger

Saturday, May 16, 2015

ဆရာဝယ်တာလား မသိ..ငိငိ --------




ဆရာဝယ်တာလား မသိ..ငိငိ
--------
ဒီမနက် ၇ခွဲလောက်ပေါ့ ဗျာ...လာခဲ့ လို့ ရလားလို့ လှမ်းမေးတာ ဟိုနေ့ က  ကျောက်ကပ်ပျက်သွားလို့  လူးနေတဲ့ ဖအေကို သက်တောင့် သက်သာ ဂိစေချင်တဲ့ မောင်နှမတွေအုပ်စုထဲက အကိုအကြီးဆုံး တစ်ယောက်ပေါ့ ...( သူက ကျနော့် ဆီ အရင်ရောက်တာ...သူ သွားတဲ့ ဆရာနောက်ကို ချောင်းပြီးသူ့ ကျန်တဲ့ မောင်နှမ
တွေက လိုက်ရင်း အဲ့ လုပ်ငန်းတူ စီးပွားပြိုင်ဘက်လိုဖြစ်သွားတဲ့ မောင်နှမ ၂ယောက်ကြား ကျနော်က မီးစင်ကြည့် ကနေရတဲ့ ဘွပေါ့   ငိငိ).

လာပေါ့  ဆိုတော့  ၉နာခွဲလောက် ရောက်ချလာရင်း ပထမတော့  သူ့ အလုပ်ကိုပဲ ဆွေးနွေးနေရင် သူ့ လမ်းဖုံးကို ဖုံးကောလ်ဝင်လာရောဗျ... ဆေးရုံကတဲ့  သူ့ အဖေ ဂိ သွားပြီးတဲ့ .အဲ့ ဒီလိုပြောပြီး ဆက်ပြောတာက  အဖေ့ ကိစ္စအတွက် ဆရာ့ ဆီ ညီမလေး လာသွားသေးလားတဲ့ ....(ဟားးး..ဆရာပေါက်တူးတော့ ဖြစ်ပြီပေါ့  လို့ စိတ်ထဲ တွေးလိုက်မိသေးတယ် အဟီးး) ..ဒါနဲ့  ပြီးခဲ့ တဲ့  တစ်ပတ်လောက်က ခင်ဗျားညီမ ခင်ဗျာ့ အဖေ ကျမ္မာရေး အတွက်လာသွားကြောင်း အဲ့ ကတည်းက တစ်ပတ်လောက်ပဲ ခံနိုင်တော့ မယ် လို့ ပြောပေးထားလိုက်ကြောင်း ဘာညာတွေပြောလိုက်ရတော့ တာပေါ့ ..( သက်တောင့် သက်သာ ဆိုတာကြီးတော့  မပြောလိုက်ပါဘူးဗျား)...အဲ့ မှာ အမွေကိစ္စတွေ တစ်စွန်းတစ်စ ထွက်လာတော့ တာပါပဲဗျားးး......

ဒါနဲ့ ကျနော်က အဲ့ ကိစ္စတွေကို တစ်လလဲဆွမ်း ၃လလဲဆွမ်းတို့  လပတ်ဆွမ်းကပ်ပြီးမှ ဆက်ဆွေးနွေးတာပေါ့ ..အခု ခင်ဗျား ဆေးရုံကိုအမြန်လိုက်သွား ဆေးရုံကိစ္စ မြေချကိစ္စတွေက သားအကြီးဆုံးလက်မှတ်ပါမှ ကောင်းမှာ ဘာညာနဲ့  စကားစအရင်ဖြတ်လိုက်တော့ ...သူလည်း ဟုတ်...ဆိုပြီးးး...ဆြာ့ ကို သူ့ အဖေအတွက်ကို ...ကျေးဇူးတင်လို့ ပါဆိုပြီး..ပွဲလည်းလှုပေးပါဆိုပြီး ၂ သိန်း ချပေးပြီး လစ်သွားရောဗျား..ဟားးးသေပြီဆရာ့ ...ငါ့ ကိုတော့  ဆရာမွေးသွားပြီဟ...လို့ ......ဟီးဟီးး...သူနဲ့  သူ့ ညီမက အလုပ်တူတယ် သူ က  အခုသေသွားတဲ့  သူ့ အဖေနဲ့ က ငြိပြီး အိမ်ကထွက် လုပ်ငန်းခွဲထောင်တော့  အဲ့ ကတည်းက ကျနော်နဲ့ ပတ်သက်ခဲ့ တာ...အိမ်ကထွက်ပြီး အလုပ်ခွဲထူထောင် ကိုယ့် တံဆိပ်သစ်ကိုယ်တပ်သုံးပါ ရဲရဲခွဲထွက်ပါ ခင်ဗျားအဖေလက်အောက်မှနေရင် လောင်းရိပ်ပိ အကုသိုလ်များနေလို့  ခင်ဗျားဘ၀နလံထူမှာမဟုတ်ဘူး လို့ စပြီးချွန်တွန်းလုပ်ခဲ့ တာကလည်း ကျနော်ပဲဗျ...သူကလည်း ယုံပြီး လုပ်တော့ စီးပွားက မခံချင်စိတ်နဲ့  ၀ီရိယနဲ့ ပေါင်းပြီး   ကံလိုက်ပြီး ထောင်တက်လာတာ.....သူ့ အဖေအလုပ်က ကျန်ခဲ့ တဲ့ သူ့ ညီမ က ဆက်လုပ်နေတာ ကလည်း အလုပ်က ဆက်ဖြစ်နေတယ်.....ဇာတ်လမ်းက ဂလိုတွေ....

အဲ့ မောင်နှမ ၂ ယောက် အလုပ်တူသွားပြီး ၂ယေက်စလုံး စီးပွား ထောင်တက်နေတာကလည်း တူနေချိန် အဖေ က အမွေကိစ္စတွေ မရှင်းမရှင်းနဲ့  လုပ်ထားခဲ့ တာ ဒီဇာတ်ထုတ်က နောက်ဆက်တွဲ ကိုရီးယား ဇာတ်လမ်းတွဲဖြစ်ဦးမှာဗျား....အဲ့ မောင်နှမ ၂ ယောက်က တစ်ယောက်နဲ့  တစ်ယောက် မြွေမြွေချင်း ခြေမြင်သလိုဖြစ်နေကြတာ တစ်ယောက်ကြံတာ တစ်ယောက်က အမြဲလှမ်းချက်နေတာ..တစ်ယောက်က ဘယ်ခြေလှမ်း လှမ်းရင် ဘာလုပ်တော့ မယ်ဆိုတာ နောက်တစ်ယောက်က  တွက်မိ သိမိနေကြတာတွေက....၂ ယောက်စလုံး ၂ ကြွင်းမွေးတွေချည်း ဖြစ်နေလို့ ပါပဲဗျားးး....( အကြီးနှစ်ကြွင်းမွေးက အသက် ၄၀ကျော် အငယ်နှစ်ကြွင်းမွေးက ၃၀ကျော်တွေ...)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..