Powered By Blogger

Saturday, May 16, 2015

မုန့် ဟင်းခါးဆိုင်ယတြာ





မုန့် ဟင်းခါးဆိုင်ယတြာ
----------
အင်္ဂါသက်ရောက်မှာ ငွေပဒေသာပင်လုပ်ပြီးဘုရားလှုထား ဆိုတဲ့ ယတြာမျိုးလည်းရှိတယ် အဲ့ တော့ ကနက္ကဒါန်ထီးအဖျားမှာ ငွေစက္ကူ တွဲလောင်းဆွဲပြီး ဘုရားစင်မှာလှုထားတာ ခရေညွန့် မှာ ငွေစက္ကူ သီပြီထိုးထားတာမျိုးတွေ လုပ်တယ်...ထိုင်းက ဘာသာရေးပွဲတွေပိုက်ဆံကို သီတံထိုးပြီး ပဒေသပင်ထိုးထားသလို မြင်နေကြပုံမျိုးးပေါ့ ....ခရေ= ငွေလာ...ဆိုပြီး ငွေဝင်အောင် ခရေ ညွန့် မှာ ပိုက်ဆံသီလှုတာကိုလည်း ဘယ်ဂြိုလ်ရောက်ရောက် တပွဲတိုးလုပ်တဲ့ နည်း အဖြစ်ယတြာပေးတတ်တယ်..

..(ဗေဒင်အကြံ သဘောပါပဲ..ယတြာထွေလီကာလီတွေကို ဘေ့ စစ်မပျောက်ပဲ ထွင်ချင်သလိုသာထွင် အမေးအမြန်းထူတဲ့ သူနဲ့ တွေ့ ရင် ယုတ္တိရှိရှိ ပြန်ဖြေနိုင်အောင် ကြိုပြီးတော့ တော့ တွေးထားပါပေါ့ ).....( အဲ့ ဒါတွေ လှုနည်းကတော့  တနင်္လာနေ့  မနက် ၉နာရီကနေ ၁၀နာရီခွဲကြား မှာ စလှုထား တစ်ပတ်တစ်ခါ ၂ပတ်တစ်ခါ တစ်လ တစ်လခွဲလောက်မှာ အသစ်လဲ အဟောင်းပိုက်ဆံကို လှုပစ်တာ ဘုရားပန်းဝယ်လဲလှုတာလုပ်တွေဘာတွေပေါ့ )

ဒါတွေက အများအတွက် မုန့် ဟင်းခါးချက်ပြီး ဆိုင်ဖွင့် ပြီး ရောင်းတဲ့ စတိုင်မျိုး ယတြာတွေ သဘောပဲ....ဆိုင်ရှင်အကြိုက် အရသာဖြစ်ချင်မှ ဖြစ်မယ် ကိုယ်ချက်ရောင်းပေမယ့် ကိုယ့်ဟာကိုယ်  ကြိုက်ချင်မှကြိုက်မယ်..ကိုယ့် ဟာကိုယ် အိမ်စားဖို့  ရှယ်ချက်တာနဲ့ တူချင်မှတူမယ် ..ရောင်းကောင်းမှ ပိုက်ဆံရမှာမို့  ရောင်းကောင်းချင်ရင် ရောင်းကောင်းအောင်တော့ အများကြိုက်လိုက် ချက်ရောင်းရတဲ့ သဘောပဲ .အဲ့ ဒါနဲ့  အုန်းနို့ ခေါက်ဆွဲ အယောင်ဆောင်ထားတဲ့ နို့ စိမ်းခေါက်ဆွဲတွေ စားရတော့ တာပါပဲဗျာ...ခိခိ...တစ်ချို့ ယတြာတွေသဘောမှာလည်း ဒီသဘောရှိပါတယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..