ဓါတ်ရှင်ရိုက်နေတာလား
---
တကယ့် ဗေဒင်အလုပ်ခွင်သဘောနဲ့  ဖွဘုတ်ပေါ်မှာ ကျနော် ပြောနေတဲ့ စတိုင်တွေက တူတာလဲရှိတယ် မတူတာလဲ ရှိတယ်
အပြင်စတိုင်မှာ အများဆုံးစတိုင်က ဘယ်လိုမေးတဲ့ သူတွေ ရောက်လာလာ ပေါ့ ဆဆ မတွေး မပြောပေးဘူး
သူ့ အရွယ် နဲ့  သူ့ ပြဿနာဟူသမျှဟာ သူ့ ဘ၀ပြဿနာ သဘောတွေချည်းပဲ
၁၈ နှစ်မက အချစ်ရေး လာမေးလို့  ရယ်ပွဲမဖွဲ့  သလို သက်ကြားအိုက စားမကုန်လှုမခန်း ဖြစ်နေပေမယ့်  လောဘသက္ကာယတွေ အလွန်အကျွံကြီးပြီး
သောက တွေ ဒလဗျစ်နဲ့  လာလဲ နှုတ်ခမ်းတွန့် မသွားပါဘူး အကုန်လုံးဟာ သူ့ ဘ၀ဖြစ်တည်မှု့  နဲ့ သူ ဘ၀အခက်အခဲတွေ ချည်းသဘောပါ
ကျနော်တို့  စကားတစ်ခွန်းဟာ သူ့ ဘ၀တစ်ခုလုံးအတွက် အားကောင်းတဲ့  ခွန်အားဖြစ်သွားစေနိုင်သလို အဆင်မသင့် ရင် သူ့ ဘ၀တစ်ခုလုံးကို တွင်းထဲရောက်သွားစေနိုင်တယ်လို့  ကြိုတွေးထားရပါတယ်
ဒီတော့  ကိစ္စတစ်ခုခုဆို ဂြိုလ်စား သက်ရောက်တင် မကပါဘူး..ကိုယ့် ရဲ့  စာပေ ဗဟုသုတတွေ ကိုယ် တိုင်ရဲ့  ဘ၀ဖြတ်သန်းမှု့  အတွေ့ အကြုံတွေ ကိုယ်တိုင် ကြားနာခဲ့ ရတဲ့  ဘ၀ဖြစ်ရပ်တွေကိုပါ ဘက်စုံက ထည့် တွေးပြီး ဆွေးနွေးပေးရပါတယ် အကောင်းဆုံး အဖြစ်နိုင်ဆုံးလမ်းတွေကိုပေါ့ ဗျာ...
ဒါပေမယ့်  ကိုယ့် မိုင်းထဲက လေးလေးနက်နက် တွေ တွေးဆပေးနေပေမယ့်  မေးသူနဲ့ အတူ လိုက်ပြီး ငိုချင်းချပြနေလို့  မဖြစ်သလို အပေါ်စီးကနေ ဆရာကျပြနေလို့ လဲ မဖြစ်ပါဘူး..ကိုယ့် အမူအယာဟာ သူ့ ဘ၀ကို အလေးအနက်ရှိတယ် ဆိုတဲ့ ဟန်လဲ ကိုယ့် မျက်နှာမှာ ထင်ဟတ်ပေးထားရသလို လည်ပင်းဖက်ကြီးလာတဲ့ သူတွေလို အမျိုးတွေလိုလဲ သဘောထားပေးရတာ ကိုယ်က တစ်ခုခုကူပေးလိမ့် မယ်ဆိုတာကို သူ့ စိတ်ထဲမှာ ထင်လာအောင် အက်ရှင်တွေ ရှိထားပေးရပါတယ် နှုတ်လုံတယ်ဆိုတဲ့  သစ္စာတရားပါ အပါပေါ့ ဗျာ...
အဲ့ တော့ မှ မေးသူနဲ့ ကိုယ်ဟာ ပလဲနံပတွေ သင့်  အဟန့် တွေ နဲသွားပြီး သူ့ ပြဿနာ အစစ်တွေကို ပွင့် မြင်သာ ကြားနာခွင့် ရလာလို့  သူ့ ရဲ့  ဘ၀ပြဿနာတွေကို တွေးတော ကူညီပေးရတဲ့ အခါမှာ ပိုပြီးလွယ်သွားတော့ တာပါပဲ
တစ်ခါတစ်လေတော့ လဲ ကိုယ့်  မျက်နှာကြီး တက်လိုက်ကျလိုက် မျက်မှောင် ကျုံ့ လိုက် ရယ်မောပေါ့ ပါးပြလိုက် လေးနက်လိုက် ကရုဏာသက်လိုက်နဲ့ 
အသွင်အမျိုးမျိုး ဖြစ်နေလို့  ဓါတ်ရှင်ရိုက်နေတာလား ဗေဒင်ဟောနေတာလား လို့ တောင် ငိငိ မိပါသေးဗျာ...ငိငိ
---------------------------
ဆရာဝယ်
----------
ခက်ခက် ခဲခဲ ရှောင်ရတဲ့ အထဲမှာ ဆရာလာဝယ်တာမျိုးစတိုင်တွေ ဖြစ်လာတဲ့  ဘောစိတွေကို ကန့် ပစ်ရတာလဲ ပါတယ်ဗျ...
( ဆရာကြီးပြောခဲ့ တဲ့ စကားက လှတယ် ဆရာဆိုတာ အုပ်ချုပ်ရေးကလူတွေနဲ့  သူဌေးတွေရဲ့ လောင်းရိပ်ကနေ လွတ်နေရမယ်တဲ့ ဗျ
သူကလဲ လွတ်လပ်စတိုင်လူစိတ်များနေလို့  ဖရီးမဖြစ်တဲ့  ဘ၀ကို မကြိုက်ပုံရတယ်)
ဘောစိတွေမှာ ပါလာတတ်တဲ့  ဖီလင်တစ်ခုက ဆရာကို ပုံပေးလိုက်ပြီး အိပ်ထဲ ကောက်ထည့် လိုက်တယ် ပြီးရင် ၂၄ နာရီ သူတို့ ကိုသာ ဦးစားပေးရမယ်ပေါ့ လေ အဲ့ မှာ ကျနော်တို့ စတိုင်နဲ့  ငြိတော့ တာပဲ ကျနော်တို့ စတိုင်က အခါတိုင်သမားတွေဆိုတော့  တိုကင်စနစ်တောင်ထားတာမဟုတ်သလို
ပညာ အရင် အတွေးဖြစ်လို့  လူကို စီးပွား အနဲ အများနဲ့  ခွဲ မမြင်ကြဘူး....အရင်လာတဲ့ လူအရင်ပဲ အဲ့ အရင်လူ ကိစ္စပြတ်မှ နောက်လူ သဘော မစောင့် နိုင် ဒိုးပဲ ဘောစိတွေက ကျော်ခွ ဖြတ်ဝင်လုပ်ချင်လာတာ ဓနမာန်ပေါ့  အဲ့တာကို ဆန့် ကျင် ပစ်ရတာ အချုပ်အနှောင် မခံလိုတဲ့ စတိုင်နဲ့ ဆိုတော့  လောင်းရိပ်ဖြစ်လာနိုင်တာတွေကို ကြိုကန်ထားပစ်တဲ့ သဘောပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..