Powered By Blogger

Sunday, December 20, 2015

အကြောက်တရား နဲ့  ဘ၀ပစ်မှတ်



အကြောက်တရား နဲ့  ဘ၀ပစ်မှတ်
-------------------------------
ကိုယ်ရှင်သန်ကြီးပြင်းခဲ့ ရာ ပတ်ဝန်းကျင်ရဲ့ သဘောတရားတစ်ချို့ က  ကိုယ့် ရဲ့ အကြောက်တရားနဲ့  ကိုယ့် ရဲ ဘ၀ပစ်မှတ်ကို ပုံဖေါ်ပေးလိုက်တာမျိုးလဲ ရှိတတ်လိမ့် မယ်လို့  ကိုယ့် ကိုယ်ကိုယ် ပြန်ဆင်ခြင်ရင်း ။ ကိုယ်ဟာ လူသားဖြစ်လို့  တစ်ခြားထဲက ကိုယ့် လို တစ်ချို့ လူသားတွေမှာလဲ  အကြောက်တရားနဲ့  ဘ၀ပစ်မှတ် အကြောင်းတရား မတူရင်တောင် ''အကြောက်တရား နဲ့ ဘ၀ပစ်မှတ်'' ခေါင်းစဉ်ကြီးကတော့  တူလောက်မယ်လို့ ပေါ့ ဗျာ ..

ဘ၀ပစ်မှတ်လို့  သုံးမိတာက ငြိမ်းချမ်းရေး တေးဆိုငှက်သံတွေထက်  စစ်မောင်းတီး တိုက်ပွဲခေါ်သံ ကိုယ့် ပုံစံနဲ့ ကိုယ် ရဲတံခွန်လုပ် စစ်ချီတေးနဲ့ ရှေ့ သို့ ချီလော့  တက်လော့ ပါဟေ့  တိုက်ကြဟေ့  ဆိုတဲ့  အသံတွေက ကမ္ဘာတစ်ခွက်ပြဲပြဲစင် ပိုကြားနာနေခဲ့ ရသလိုမို့  ဘ၀ပစ်မှတ် လို့ သုံးလိုက်ရတာ  အာပိုတွေ့ သလိုလို...စိတ်တွေကိုက စစ်သွေးကြွဗီဇက ရှိပြီးသား ဆွပေးမယ့်  လူနဲ့  အခြေအနေတစ်ခုခုပဲလိုတော့ တာ...

ရွှေလင်ပန်း မဆိုထားနဲ့  ဘာနဲ့ အချင်းဆေးခဲ့ မှန်းတောင်မသိဘူး ဆန်ကောလောက်တော့ လဲ မဟုတ်လောက်သေးဖူးနဲ့ တူပါရဲ့  အရပ်လက်သည်နဲအိမ်မှာ့ မွေးခဲ့ တာတဲ့  ၊
 

ကိုယ့် ကိုယ်ကိုယ် လူဖြစ်မှန်းသိတော့  အတော်ရုန်းကန်နေရတဲ့ မိသားစု ၊ အိမ်မဆိုထားနဲ့ ကျူးတဲလေးတောင် ယာယီမပိုင်ရှာ ၊ ဈေးဆိုင်ကို အိမ် ပလပ်စ် ဈေးဆိုင် တူးအင်ဝမ်း မိသားစုနေခဲ့ ရတဲ့  ဘ၀ဗွက်ထနေချိန်ဆိုတော့ ...အဲ့ အချိန်က ဖီးလ်တစ်ခုစ၀င်လာတာက   မုန့် ဖိုးလုံလောက်အောင် မရတာ စိတ်ညစ်တယ်အမေရာ.  ..အဲ့ ကနေ ဆက်ကြီး ဆက်ဖြစ်လာတာက မဆင်းရဲခြင်ဘူး...အဲ့ မဆင်းရဲခြင်ဘူးဆိုတာ ချမ်းသာခြင်တာနဲ့  မတူတာ လောကထဲကို တွေးကြည့်  လိုက်စပ်စုကြည့် ရင် သိနိုင်ပါလိမ့် မယ်.....

မိဘတွေ တက်ညီလက်ညီ စိတ်တူကိုယ်တူ  အစ်ကို​ဤရင် ညီမ မကျွဲဘူး ညီမကျွဲဆိုလာရင်လဲ  အစ်ကို ဇွတ်မဤ ဆိုတဲ့  စတိုင်နဲ့  ရုန်း၍ ကန်၍ ရင်ဆိုင်၍ လုပ်ချလာလိုက်တာ နောက်တော့  ပွဲရုံ ကုန်သည်သမားတွေဖြစ်လာတယ် ပွဲစားကြီးနဲ့  ပွဲကတော်လေးပေါ့ .အမေက ၁၀နှစ် ကျော် လောက်ငယ်တာကိုး၊.

အဲ့ တော့  .ပါးစပ်စိုပြီပေါ့  ခါးလှပြီပေါ့  မိုးလုံခဲ့ ပြီပေါ့ ။ အဲ့ မှာ ပွဲစားကုန်သည်တို့ ရဲ့ ဘာသာဘာဝအတိုင်း အကြွေးပေးရမှာ အကြွေးရစရာ ရှိတာတွေ နဲ့  အာရုံတွေစားနေရပြန်ရောဗျာ..ဘယ်မှာလဲ စိတ်လွတ်ကိုယ်လွတ် သုခရနေတာ..ရစရာ ပေးစရာတေါ ပတ်လည်ရိုက်နေချက်က အသေတောင်ဖြောင့် ပါ့ မလား ထင်ရတယ် ...

တော်သေးတယ် မိဘတွေက အစီအမံကောင်းတော့  သေလုလု အသက်တွေမှာ ပေးစရာအကြွေး ဇာတ်ထုတ်တွေ  ရှင်းပစ်နိုင်ခဲ့ လို့ ပေါ့  သေလုလုနော် အိုစနာကျလို့ သေလုလုကျမှ  ဒါတောင် တစ်ချို့ ကြွေးက ကိုယ့် ကိစ္စမဟုတ်ပဲ ကြားကနေ အာမခံပေးထားတဲ့ ကြွေးကတန်းလန်း ရှိနေသေးလို့  အဓိဌာန်ဝင်ရမလိုလို ဖြစ်လိုက်သေး၊

အဲ့  အကြွေးဇာတ်ထုတ် အရှုတ်ထုတ် ရစရာပေးစရာတွေမှာ ဘယ်လိုမှ သီးမခံနိုင်တာက ပေးစရာရှိတဲ့ ကြွေးရှင်က သူ့ ဟာသူ ရိုးရိုးသားသား အိမ်လာလယ်တာတောင် ပုံမှန်ထက မျက်နှာသာပေး ဆက်ဆံပေးရတာ  အဲ့ ကြွေးရှင်မျောက်ခွက်ကြီး အဲ မှားလို့  အဲ့ ကျေးဇူးရှင်မျက်နှာတော်ကြီး မြင်လိုက်တာနဲ့  ရင်ထဲထိပ်ကနဲ လှိုက်ကနဲက ကိုယ်က ခလေးရှိသေး ဖီးလ်ဝင်နေပြီ တော်သေးတယ် ကျေးဇူးရှင်တွေက ဟဲ့ ကောင်လေး လာစမ်း ဆိုပြီး ဇက်ကြော မဆွဲခိုင်းသွားလို့ ...ငိငိ

အဲ့ မှာ ပြန်ဆင်းရဲမှာ ကြောက်တာ နဲ့  သူများဆီမှာ ပေးစရာ ကြွေးတစ်ခုခု ရှိနေတဲ့ ဘ၀မျိုးကို လုံးဝ အရောက်မခံနိုင်တော့ ဘူး အသပြာကြောင့်  မျက်နှာအောက်မကျို့ နိုင်ဘူး အလကားနေရင်း သွားမဖြဲပြနိုင်ဘူးဆိုတာ ဘ၀ရဲ့  အကြောက်တရားတွေထဲက ကြီးကျယ်တဲ့ အကြောက်တရားကြီး ၂ ခု ဖြစ်လာတယ်၊ အဲ့ အကြောက်တရား ၂ ခုကပဲ ကိုယ့် ဘ၀ခရီးကို ဘယ်လို ပုံစံ နဲ့ ဖြတ်သန်းမလဲ ဆိုတာ ကိုယ့် ဘ၀ရဲ့  ပစ်မှတ်ဖြစ်လာတယ်ပေါ့ လေ၊...

ပထမဆုံးတွေးခေါ်နေထိုင်လိုက်တာ ချမ်းသာဖို့ ထက် မဆင်းရဲဖို့ ဟာ ကိုယ့် ပစ်မှတ်သဘော အဲ့ တော့  ဆင်းရဲနိုင်လောက်မယ့် ကိစ္စတွေဆို ရှောင်ပြီ။ တစ်ခုခု လုပ်ဖို့ ဆို ရဖို့ ထက် ဆင်းရဲသွားနိုင်လား လက်ရှိကနေ မြေကြီး ရောက်သွားနိုင်လားက အရင်တွက်ပြီ.မချမ်းသာတာပြဿနာမဟုတ်ဖူး ပြန်ဆင်းရဲသွားရင် ကိုယ့် အတွက်တော့ ပြဿနာသဘော.။

နောက်ပစ်မှတ်က ကြွေးယူရတဲ့ ဘ၀ရောက်အောင် မနေတော့ သလို ကြွေးပေးကြွေးယူ ရစရာပေးစရာတွေနဲ့  လည်ပတ်နေတဲ့  အလုပ်တွေကို မလုပ်တော့ ဘူး ဆိုတာ ကိုယ့် ရဲ့  ဘ၀ခရီးမှာ ငြင်းပယ်လိုက်တဲ့  စီးပွားရေးမျိုး ဖြစ်လာသလို အခု ၀ါသနာ သိပ်မကြီးလှပဲ ကံကြောင့်  လက်ခံလုပ်နေလိုက်တဲ့  အခု လုပ်နေတဲ့  အလုပ်က ကိုယ်ကသာ ရစရာရှိရမယ် ဘယ်သူ့ ကိုမှ ဘာပိုက်ဆံ ကြွေးပေးစရာအကြောင်းမရှိတဲ့ အလုပ်မျိုးဖြစ်နေတာကိုက ဒီအလုပ်ကနေ ခွာရခက်နေတဲ့  အချက် တစ်ချက်ဖြစ်လာတယ်.. ..


အဲ့ တော့  ကြွေးကင်းတဲ့ ဘ၀နဲ့ ပဲ ဘ၀ခရီးကို ဖြတ်သန်းချင်တာက ကိုယ့် ရဲ့ အရေးကြီးတဲ့  ဘ၀ပစ်မှတ်တစ်ခုကိုးဗျာ.( အဲ့ မှာလဲ နားလည်မှု့ တစ်ခုထပ်ရတယ်  ပျော်လို့  ၀ါသနာကြီးလို့  ထောလို့  သက်သာလို့  အလုပ်လုပ်နေတာမျိုးချည်း မဟုတ်တတ်ပဲ ကံပါလာတဲ့  အလုပ်မို့  ရှောင်ရ ခက်ပြီးလုပ်နေရတာတွေလဲ ရှိတတ်တဲ အကြောင်း )

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..