ဥာဏ်ပညာ
--------------
စာတွေဖတ်တယ်ပေါ့ လေ အဲ့ ဖတ်တာတွေထဲက ကိုယ့် လက်တွေ့ ဘ၀ လက်တွေ့  ကိုယ့် အတွေးအမြင်သဘောနဲ့  ကီးကိုက်တာတွေကိုတော့  ဆင်ခြေဆင်လက် သဘောသုံးဖို့ အပ်ပါအ၀င် လက်တွေ့ ဘ၀ထဲချသုံးဖို့  ယူထားလိုက်တတ်တယ်ပေါ့  စာအရတော့  ဂွတ်တအားရှယ်နေပြီး ကိုယ့် လက်ရှိဘ၀ လက်ရှိအသိ နဲ့  လာ မဟတ်မိသေးရင် အဲ့ စာအုပ်ထဲပဲ ပြန်ထားပစ်ခဲ့ လိုက်တယ်ပေါ့ လေ..
အနောက်တိုင်းဒဿနခေတ်ဦးကာလလို့ ဆိုလိုရတဲ့ ခေါမရောမအေသင်မြို့ ပြ ဂရိခေတ်က အလွန်မှထင်ရှားတဲ့  ဒဿနဆရာကြီးရဲ့  တုန့် ပြန့် ချေပတဲ့ စကားကလဲ ကိုယ့် ဘ၀အတွက် အရေးပါတဲ့ အသိတရားကို ရစေခဲ့ တာမျိုးရှိခဲ့ တယ် ဒဿနဆရာကြီးရဲ့  တုန့် ပြန်စကားကြားတာနဲ့ ဘယ်သူဆိုတာ အသိများပါတယ် နှာခေါင်းကြီးတဲ့ ကိစ္စလေ
ဆရာကြီးရဲ့ နှာခေါင်းကြီးချက်က တစ်ကိုယ်လုံးမှာ အကြီးဆုံးများဖြစ်နေလားတော့ မသိပါဘူး ထင်သာမြင်သာ ရှိလွန်းလောက်အောင်ကြီးပုံရပါတယ် အဲ့ ဒါ ပညာဥာဏ်နဲ့  ဥာဏ်အလင်းဖွင့် ပေးတာ ကောင်းလွန်း တော်လွန်းလို့ တပည့် တပမ်းတွေ ၀ိုင်းဝိုင်းလ်ာနေတဲ့  ဆရာကြီးကို မနာလိုတိုရှည် ဘေးထိုင်ဘုပြောတွေက မဟာနှာခေါင်းကြီးရဲ့ 
လက္ခဏာအခမဲ့ ဖတ်လိုက်ချက်က ဗမာလို လိုတိုရှင်း တိုတိုပြောရရင် ''ဒီလို နှာခေါင်းကြီးတဲ့ သူတွေက နှာဘူးကြီးပါကွာ.''...ပေါ့ ဗျာ..
ဆရာကြီးရဲ့ တပည့် တပမ်းတွေ ကြည်ညိုတဲ့ လူကုံထံတွေတစ်ချို့ က ဆရာကြီးကိုယ်စား မကျေမနပ်ပေါ့ အဲ့ မှာ ဆရာကြီးက ''''အေး မင်းတို့  ငါ့ နှာခေါင်းကြန်အင်ဖတ်တာ မမှားဘူး
ဒါပေမယ့်  ငါ့ ခေါင်းထဲက အသိဥာဏ်ပညာက ပိုကြီးတယ် အဲ့  နှာဘူးစိတ်ကို ငါ့ ခေါင်းထဲက ကြီးမားတဲ့ အသိဥာဏ်ပညာနဲ့ ထိမ်းချုပ်ထားနိုင်တာကွယ့်  '' လို့  နှာခေါင်းဖတ် ဘုပြောသမားတွေကို ပြန်ပြောလိုက်သတဲ့ 
( နဲနဲပိုပိုသာသာလေးတွေတော့ ထည့် ရေးမိတာပေါ့ ညှော် အိုဗာတင်း ပြောတတ်တာတွေ များတဲ့ ခေတ်ထဲနေလာတာကြာတော့ အကျင့် ပါနေလို့  စ်...)..
အဲ့ စာကို ဖတ်ခဲ့ ရတုန်းက လွှတ်သဘောကျမိတာပေါ့ ..အသိဥာဏ်ပညာ နဲ့  မြေမြိုနိုင်တဲ့  ကိစ္စတွေကို မပြုမိအောင် ထိမ်းချုပ်နိုင်တယ် ကိုယ့် မှာပါတဲ့  အားနဲချက်ကို ကိုယ့် အသိဥာဏ်ပညာနဲ့  ထိမ်းကြောင်းပဲ့ ပြင်နိုင်တယ် ဒါဟာ လူ ဆိုတာ အရှင်သဘောဖြစ်တယ် အရာရာ အတိတ်ကံချည်း ပုံချမနေအပ်ဖူး....နောက်...ဥာဏ်ပညာသဘောကို အများကြီးချဲ့ တွေးလို့ ရသလို...အဟီးးး..နော့် နှာခေါင်းက သာမန်ထက် ကြီးနေသယောင်ဖြစ်နေတယ်လို့  ကွကိုယ်လည်းထင် တစ်ချို့ ကလဲ အဲ့ လိုပဲ ပြောကြတာကိုးဗျား..အဲ အဲ .ငိငိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..