Powered By Blogger

Sunday, December 20, 2015

ဖုံး

ဖုံး
---
ပြတ်စရာရှိရင် တွေးတောပြီး ပြတ်သားတတ်ပါတယ်ဆိုတဲ့ အကြောင်းပေါ့ ၊ ဟမ်းဖုံး ၄ လုံးကိုင်ပါတယ်၊ ဈေးပေါတဲ့ အခွံ ၃ခုနဲ့  အလတ်တန်း အခွံတစ်ခုတစ်ခုပေါ့  ၊  ဒူး ၂၊ နော ၁ နဲ့ အမ်အီးစီ ၁ပေါ့ ၊ ၉၉ ရာနှုံးလောက်က ဒူးပဲ သုံးတယ်၊  ကျန်တဲ့ လိုင်းက အရံ နဲ့ တစ်ခါတစ်လေ အင်ဂျင်နှိုးတဲ့  သဘော  ခဏ နဲနဲ ကောက်သုံးတယ်၊  ဒူး၂ လုံးထားတာက  ဒူးတစ်လုံးစက် ပူလာရင် နောက်ဒူး ၁လုံး ပြောင်းသုံးဖို့ ၊ အဲ့ ၄ လုံးစလုံး ဖွဘုတ်ပေါ်နဲ့  နက်လိုင်းပေါ် ၀ိုင်ဖိုင်လွှင့် တက်တဲ့ အခါပဲ အဓိက သုံးတယ်၊ လူမှု့ ကိစ္စတွေ အပါအ၀င် အပြင်ကိစ္စတွေမှာ လုံးဝမသုံးဘူး ယုတ်စွအဆုံး ကိုယ့် အိမ်ကိုယ်တောင် အဲ့ ၎ လုံးနဲ့  တစ်ခါမှ မသုံးဘူး အိမ်ကလဲ အပြင်ရောက်နေချိန်တွေမှာ အဲ့ ဖုံးတွေကို ဖုံးဆက်လေ့ မရှိသလို သူတို့ ကိုယ်တိုင် အဲ့ ၎ လုံးရဲ့ နံပတ်တွေကို အလွတ်မသိကြဘူး ကိုယ်တိုင်လဲ အဲ့  ၄လုံးစလုံးရဲ့ ဖုံးနံပတ်တွေ စခရင်ပေါ်တင်ထားလို မြင်နေရတာတောင် အလွတ်မရဘူး၊

ကိုယ်ရေးကိုယ်တာ အလုပ်သဘောတွေ မှာ ဖွားဖက်တော်လိုဖြစ်နေတဲ့  လိုင်းဖုံးသာ သုံးလေ့ ရှိတယ် ။ လိုင်းဖုံးက ပျက်ခဲပြီး ပျက်တိုင်းလဲ ကံပဲလို့  သဘောထားပြီး အပြင်ဆရာကို ရုံးအကြောင်းကြားလိုက်တယ် လာချင်တဲ့ အချိန်လာပြင်ပေါ့ လေ။ ဖုံးဆာဗာတွေကလဲ ကြောငြာ် မတ်စိပဲပို့ တာမျိုး ။ လိုင်းမကောင်းတာ ဘာဖြစ်လို့ ဆိုတာမျိုးကိုတောင် ဖုံးဆာဗစ်တွေကိုတောင် လှမ်းမမေးဘူးဘူး ကောင်းတော့ သုံးတာပေါ့ လောက်ပဲ သဘောထား ပစ်လိုက်တယ်၊

ဟမ်းဖုံး ၄ဖုံးစလုံး ရဲ့  နံပတ်တွေကို အပြင်လူကို တစ်ယောက်ကိုမှ မပေးခဲ့ ဘူးသလို ဟမ်းဖုံး နံပတ် တောင်းလဲ ပေးဖို့ လဲ စိတ်ကူးမရှိသေးဘူး စိတ်ကူးမရှိဆိုရင်ပိုမှန်မယ်။ အသားလွတ်ကြီး ဖုံးနံပတ်ပေးတာမျိုးကိုလဲ  အကျင့် မရှိခဲ့ သလို ကိုယ်တိုင်ကိုယ်က အပြင်လူကို မိတ်ဆွေတွေ ဆရာသခင်တွေ အပါအ၀င် ကိုယ့် အိမ်ကိုယ်တောင် လမ်းကနေ အိမ်ကနေ ဖုံးဆက်ခဲ မှခဲ ၊ ပြောရရင် ကိုယ်က စပြီး အပြင်လူတွေ ကို ဖုံး မဆက်ခဲ့ တာ  နှစ်တွေ ကြာလှပြီ  ကိုယ်က စ ဆက်လောက်စရာ အကြောင်းကို မရှိသေးဘူးလို့ ကို ထင်နေတုန်းပဲ ..ကိုယ့် ဖီးလ်ကိုဆိုလိုတာပါ။

အဲ့ ဟမ်းဖုံးတွေထဲမှာ သီချင်း တစ်ချို့  နဲ့  သတင်းပေ့ ခ်ျ တစ်ချို့ ကလွဲရင် ဘာကိုယ်ရေးကိုယ်တာ မှတ်တမ်းတွေမှ ထည့် မထားသလို ဖုံးဂိမ်းလဲ တစ်ခါဆို တစ်ခါမှ မကစားခဲ့ ဘူး  စိတ်မ၀င်စားလို့ ကို မကစားတာမျိုး၊  ဒီ လိုတွေ တွေးတော ကိုင်တဲ့ အတွက် ဖုံးပျောက်ခြင်း မပျောက်ခြင်းက ကိုယ့် အတွက် အပိုသောက ကို ဖြစ်မလာစေတော့ ဘူး။ အဲ့ မှာ အဲ့ ဟမ်းဖုံး ၄ လုံးကို ပြင်ပ က ဖုံးခေါ်သံတွေ မကြာခဏ ၀င်ဝင်လာလေ့ ရှိတယ် ။ အဲ့ လိုဝင်လာတိုင်း ဘယ်ကလဲခမျတွေ ဘယ်ကို ခေါ်ပါလဲတွေ နဲ့  ကိုင်ပြီး ပြန်ဖြေနေလေ့ ရှိဘူး ဖုံးခေါ်သံထွက်လာတာနဲ့  တန်းပိတ်ပစ်လိုက်လေ့ ရှိတယ်

 တစ်ဖက်က ဘယ်သူ ခေါ်နေတာလဲကိုတောင် စပ်စုမနေတော့ ဘူး . အိမ်ကခေါ်လေ့ မရှိမှန်းလဲ သိနေပြီးသား ဖြစ်သလို ကိုယ်တိုင်ကိုယ်က ပြင်ပ လူတစ်ယောက်ကိုမှ ဟမ်းဖုံးနံပတ်ပေးထားတာမျိုး မရှိလို့  ပြန်ဖြေနေစရာ အကြောင်းမရှိဘူးလို့ တွေးထားလို့ ပဲ..ဒါအပြင် ဟမ်းဖုံးနဲ့ အွန်လိုင်းနဲ့  ဖွဘုတ်နဲ့   ကိုယ့် အသက်မွေး ၀မ်းကျောင်း အလုပ်ကို တစ်ခါမှ ချိတ်ဆက်မထားခဲ့ လို့ ( ချိတ်ဆက်ထားဖို့ စိတ်ကူးမရှိသေးလို့  ) လဲပါတယ် .ပြတ်သားစရာရှိရင် တွေးတောပြီး အဲ့ လိုပြတ်သားတတ်ပါတယ်ဆိုတာ ဒါကိုဆိုလိုတာပါဗျား  ပြောရရင် အားလုံးဟာ ကိုယ့် ဘ၀နဲ့ ကိုယ့် အကြောင်း သူ့ ဘ၀နဲ့  သူ့ အကြောင်းသဘောအပေါ်မှာလဲ အမြင်တစ်ချို့ က ရပ်တည်တယ်ပေါ့ လေ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..