Powered By Blogger

Monday, December 21, 2015

'' နှောင်းလွန် အလွမ်း '' ..............


'' နှောင်းလွန် အလွမ်း '' ..............
------
သူလေးက နော့် ဘ၀မှာ သဘောထားအပြည့် ဆုံး နားလည်အပေးနိုင်ဆုံး သီးအခံနိုင်ဆုံး အနွံတာအခံနိုင်ဆုံး သူကလေးမို့  တွေးလိုက်တိုင်း ရင်နင့် အောင် .....
...ဆို မမှားပါဘူးလို့ ပဲ ဆိုနိုင်မှာပါ....

သူလေးနဲ့ နွယ်မိချိန်တွေထဲက အမှတ်တရ အဖြစ်ရဆုံး အဖြစ်လေးတစ်ခုက..
.
တစ်နေ့ တော့  နော်ရော သူလေးရော ကျောင်းပြေးပြီး ပပ၀င်းရုံမှာ ရုပ်ရှင်ကြည့် ကြရအောင်လားလို့  ဒိတ်လုပ်ကြတာပေါ့ ဗျာ...အဲ့ မှာ ကျောင်းလစ်လေ့ မရှိတဲ့ သူလေးက နော့် ကို ချီတုံ ချတုံတွေ နဲ့ အတော်ကြာအောင် တွေဝေနေပြီးမှ နော့် ကို အလိုလိုက်ပြီး ခေါင်းညှိပ်ပေးခဲ့ တယ်..သူလေးအတွက်တော့  မဟာစွန့် စားခန်းကြီးပေါ့ .အဲ့ မှာ ပျော်တာပေါ့ အမေရယ်ပေါ့ လေ..သူလေးနဲ့  နွယ်မိဖို့ ကျိုးစားရတာ
လပတ်စာမေးပွဲမှာ စာခိုးချရတာထက် ခက်ခဲလွန်းခဲ့ တာကိုး...


ဖြစ်ချင်တော့  ပထမဆုံး သူလေးနဲ့  အတူတူ ရုပ်ရှင်ကြည့် အပျော်လွန်ပြီး သယ်ချင်းတွေနဲ့  ပပ၀င်းရုံမ၀င်ခင်မှာ ရှားပါး ဘီယာကို စထရင်းမှာ ၀င်မော့ လိုက်မိကြတယ်.( ရမ် တစ်ပက် နှစ်ပက်လောက်တော့  ဘီယာနဲ့  ကော့ တေး လုပ် စပ်သောက်မိပါတယ် အမေ..ငိငိ) ...အဲ့ ကနေ သူကလေးစောင့် နေရာ ရုပ်ရှင်ရုံကို ကြွတက်ပြီး ချီတက်ကျတော့ တာပေါ့ လေ..၊ နော်ကလဲ ဘော်ဒါရင်း ၃ ယောက်နဲ့ သူလေးကတော့  သူ့ ဘော်ဒါ တစ်ယောက်နဲ့  ၂ ယောက်ထဲပေါ့ ..


သူလေးနဲ့ အတူတူတွဲထိုင် ရုပ်ရှင်ကြည့် ဖူးချင်တဲ့  ဖီးလ်ပဲရှိလို့  ပပ၀င်းရုံ အပေါ်ထပ် DC တန်းကနေ လက်မှတ်ယူကြည့် ဖို့  တွေးပြီး လက်မှတ်ယူခဲ့ တယ်။ ဂျဲလမက်ဆန်ဆန်ပေါ့ လေ ဒါပေမယ့်  ဖြစ်ပုံက DC တန်းကသာ ဈေးကြီးပေး လက်မှတ်ယူကြည့် တာ ရုံထဲရောက်တော့  နော်က ရီဝေနေချက်က ရုပ်ရှင်ရုံရဲ့  သိပ်အေးနတဲ့  အအေးဓါတ်ကို ကျော်ပြီး ချွေးတွေကိုပျံလို့  ရင်ဘတ် ကြယ်သီး ၃ လုံးလောက် ဖြုတ်ထားရတဲ့ ဘ၀ကိုရောက်နေပြီ..။အဲ့ ဒါကို သူလေးကသိနေပေမယ့်  ဘာမှ မပြောရှာပါဘူး နော် ပျော်နေရင် သူလဲ ပျော်ပါတယ်တဲ့ .....လွမ်းစရာ....


ရုပ်ရှင်ကြည့် ရင်း သူလေးနဲ့  အတူတူ ၀ါးမလားလို့  တွေးဝယ်သွားတဲ့ နော်တို့  ကျောင်းသားဘ၀ မုန့် ဖိုးငွေနဲ့  တွက်ရင် ဈေးကြီးတဲ့  ဆိတ်သားချောင်းလေးတွေဆိုတာ ထိုင်ခုံ ရောက်တော့  အထုပ်တောင် မဖေါက်နိုင်တော့ ဘူး...ကိုယ့် ဟာကိုယ် ဘီယာခိုးပျံ အိုက်စပ် ရီဝေနေချက်က။...


အဲ့ မှာ သူလေးက ရုပ်ရှင်ကသာ ပြချင်ရာပြနေတာ နော့် ရင်ဘတ်က ရေစီးသလို စီးကျလာတဲ့  ချွေးစက်လေးတွေကို သူ့ လက်ကိုင်ပုဝါလေးနဲ့  ရုပ်ရှင်ပိတ်ကားက ရောင်ပြန်လာတဲ့ မှုန်ဝါးဝါးအောက်မှာ ဖွဖွလေး သုတ်ပေး နေခဲ့ တာ၊ နှီးပတ်တွေ များလွန်းလှတဲ့  ဆိတ်သားချောင်းတွေကို သူလေးကပဲ စိတ်ရှည်ရှည်နဲ့  ခွာဖြည်ပြီး နော့် ဖက်ကိုကမ်းပေးနေခဲ့ တာ...အဲ့ အချိန် သူလေးရဲ့  လက်ဖ၀ါးနုနုလေးကို
နော်က နော့် လက်နဲ့  အုပ်မိုးဆုပ်ကိုင်ပြီး ဖွဖွငြင်သာ..............။


လွမ်းစရာ သိပ်ကောင်းပေါ့ ဗျာ....တွေးလိုက်ကြည့် တဲ့ အခါတိုင်း..သူလေးရဲ့ အကြင်နာတရားလေးတွေ သူလေးရဲ့  ချစ်ခြင်းတရား သိင်္ဂါရ ရသ သဘောလေးတွေ
ဆိုတာ ....မနေ့ တစ်နေ့ ကလိုပဲ...။

သူလေး ရှိနေသေးရင် သာယာငြိမ်းချမ်းတဲ့ ဘွလေးမှာ ရှိနေပါစေလို့ သာ....................
နှောင်းလွန် အလွမ်း အဖြစ် လွမ်း တမ်း တ ရင်း. ............။။။။။။။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..