တိုင်ပညာသဘော
--
တနင်္လာနေ့  ဆံပင်ညှပ်ဆိုင်ပိတ်သည် နဲ့  ဘာအလုပ်စစ တဘရိပ်ထဲမပြီး လို့ အရပ်စကား ယေဘူယျ ဆိုကြတယ်..
တိုင်ပညာကို လေ့ လာရင်းက ပထမအဆို သဘောက သပ်သပ် အယူအဆ သဘောဆန်ပြီး ဒုတိယ အယူအဆက နေ့ အခါတိုင်တွေကနေ ဖြာထွက်လာတဲ့  သဘောလို့ မြင်လာတယ်...
အခါတိုင်တွေဖြစ်တဲ့  စန္ဒရော သောရီ ဘာညာတွေ ဆိုတဲ့  အခါတိုင်တွေ ၇ ခု တိုင်းမှာ ချောင်ပိတ်နေပြီး လှုပ်ရခက် လှုပ်မိရင် ဖေါင်းဖြစ်ဖြစ်သွားတတ်တဲ့  ခိုက် လို့ ဆိုတဲ့  အမြစ်နံတွေ ရှိတယ်ပေါ့  အဲ့ သဘောအရ စန္ဒရော တိုင်မှာ ခိုက်ဟာ တနင်္ဂနွေ နံ ကိုယ်စားပြု မိသားစုကိစ္စ အလုပ်ကိစ္စတွေ အိမ်ယာဆောက်လုပ်ခြင်း သဘောတွေ အလုပ်သစ် စတင်ခြင်း သဘော ပရိယာယ်တွေ စသဖြင့် ပါတယ်
ခိုက် သဘောဟာ ပုံမှန်တိုင်း နေချိန်မှာ အသက်ဝင်မလာတတ်သေးပေမယ့်  သွားထိလိုက် လှုပ်စေလိုက်ပြီဆိုတာနဲ့  အကျပ်အတည်း ကြားကနေ ဆွဲထုတ်လိုက်ရသလိုပဲ တုန့် ပြန်သတ္တိတွေ စပေါ်လာလေ့ ရှိတယ်...
ဒီသဘောအရ ဆိုပါတော့  တနင်္လာနေမှာ အိမ် စဆောက်ရင် အိမ်စဆေးသုတ်ရင် အိမ်စပြင်ရင် မူလမှန်းဆထားတဲ့  စိတ်ကူးထည် အတိုင်းဖြစ်ဖို့  ခက်ခဲတယ် ပုံမှန်ထက် အလွန် ကျိုးစားယူလိုက်ရတယ် ရလာဒ်က စိတ်တိုင်းမကျဘူး သဘောကို ဖြစ်စေလာတယ်...
ဒါဆို တနင်္လာနေ့ ဆို အိမ်စဆောက်လို့ မကောင်းတော့ ဘူးလား ဒါမှမဟုတ် ဘာအလုပ်မှ စတင်လို့ မကောင်းဘူးလားဆိုတာမျိုးကို မေးခွန်းပြန်ထုတ်ပြီး ဆက်လေ့ လာရပြီ...
ပုံမှန်လက်တွေ့ ဘ၀တွေနဲ့  ကိုယ်တိုင်လက်တွေ့ လေ့ လာနေခဲ့ အခါ မြင်လာရတာက ပုံမှန်လူတွေ နေ့ တဓူဝ လှုပ်ရှားမှု့ တွေမှာ စိတ်ကူးထည်အတိုင်း ဖြစ်တာလဲရှိတယ် မဖြစ်တာလဲ ရှိနေကြတယ် ဒါပေမယ့် အများစုသဘောက ဘ၀ရပ်တည်မှု့ ကို မထိခိုက်သ၍ ပြဿနာတွေကို ပြဿနာလေးတွေလောက်ပဲ သဘောထားပြီး ဘ၀ခရီးကို ဆက်ချီတက်နေလေ့ ရှိတယ် ပြဿနာကြီးတွေလို့ ယူဆပြီဆိုတော့ မှ မျက်စိပြူပြီး ပြဿနာကို ရေးကြီးခွင်ကျယ်စလုပ်လေ့ ရှိတယ်...
သဘောက တနင်္လာနေ့ မှ အိမ်စဆောက်လို့ ပြဿနာကြုံရပေမယ့်  ဒီလိုပဲ ရင်ဆိုင်ပြီး ဆက်ဆောက်သွားတာမျိုးသဘော...တကယ့် လက်တွေ့ မှာတော့  နေ့ အခါတိုင်အလိုအရ တနင်္လာနေ့ မှာ အိမ်စဆောက်လို့  မထင်မှတ်တဲ့  မျှော်လင့် မထား တွက်ချက်မထားမိတဲ့  ပြဿနာတွေထက်.....စန္ဒရော အခါတိုင်ဆိုတဲ့  စက်နာရီ အခါတိုင် တစ်နာရီခွဲအတွင်းမှာ ကြုံရတဲ့  ပြဿနာကို ပိုများပို အားပြင်းတာကို တွေ့ ခဲ့ ရသလို အဲ့  စန္ဒရောတိုင်မှာလဲ နေ့ သား ၇ ယောက် ဖြစ်တဲ့  တိုင်အပေါ်က နေ့ သား သောကြာ အင်္ဂါ စနေ တွေထက် တနင်္လာ တနင်္ဂနွေ ဟူး ကြာတေး ၄နေ့ သားက ပြဿနာတွေပို ရင်ဆိုင်ရတာ ပိုများတာ တွေ့ ခဲ့ ရသလို ၇နေ့ သားသမီးတွေထဲကမှ တနင်္ဂနွေသားသမီးတွေဟာ စန္ဒရောတိုင်ရဲ့  ခိုက်နေရာမှာ ဒဲ့ ရှိနေလို့  ပြဿနာအများဆုံး ဖြစ်နေတယ်ဆိုတာ ပိုတွေ့ ခဲ့ ရတယ်
သဘောက သောရီတိုင်မှာ သောကြာသား ဖြစ်နေတဲ့  ကျနော်ဟာ ဗေဒင်ဟောရင် ခိုက်သမားဖြစ်နေလို့  တစ်ခြားအခါတိုင်တွေမှာ ဟောတာထက် ပိုသတိကပ်ပေးထားရတဲ့ သဘာဝကိုဆိုလိုတာ မထင်မှတ်ထားတဲ့  တုန့် ပြန်မှု့ တွေက ဗေဒင်စကားပြောဟောနေချိန် မှာ တစ်ခြားအခါတိုင်တွေထက် ပိုပြန်လာတတ်လို့ ပဲ န၀င်းယတြာရိုက်တာတောင်
သောရီတိုင်မှာ သူများကို ရိုက်ပေးရင် ကိုယ့် မှာ ဓါတ်ယတြာတွေရဲ့  ဆိုဒ်အဖက်တွေ အနဲနဲ့ အများ ပြန်သက်ရောက်ခံရလွယ်တယ်ပေါ့ ဗျာ
သဘောက နေ့ တိုင်းတွေထက်စာရင် နာရီအခါတိုင်တွေရဲ့  ခိုက်အမြစ် နံတွေရဲ့  တုန့် ပြန်သတ္တိတွေက ပိုသိသာ ထင်ရှားတယ်ပေါ့ 
နေ့ တိုင် သဘောမှာ..ဥပမာ တနင်္ဂနွေ မှာ ခိုက်နံ စနေနံ လျပ်စစ်သဘော ဖြစ်တဲ့  အိမ်မှာ မီးကြိုး အသစ်ရှိုက်တာဟာ မူလ စိတ်ကူးထားသလို နေ့ ချင်းမပြီးတတ်တာ ပြီးပြန်တော့  လက်စလက်န စိတ်တိုင်းမကျပဲ ကျန်ခဲ့ တာ နောက်ဆက်တွဲ ဇာတ်ထုတ်တွေ တိုးလို့ တန်းလန်းကျန်ခဲ့ တာမျိုးတွေ ကြုံလွယ်သလို အကယ်၍ တနင်္ဂနွေ နေ့ မဟုတ်ပဲ ကြားရက်တစ်ရက်ရက်ရဲ့  အခါတိုင် တနင်္ဂနွေ တိုင်းမှာ စပြီး မီးကြိုးရိုက်ခဲ့ ရင်လဲ ထိုနည်း၎င်း (၀ါ) ဒါ့ ထက် ဇာတ်ထုတ်ရှုတ်တယ်ပေါ့ ဗျာ..ဒါပေမယ့်  အဲံ့ အတွက် အနည်းငယ် အာရုံနောက်ယုံမှ တစ်ပါး ရေးကြီးခွက်ကျယ်လို့  မတွေးမိတာဟာ ဘ၀ရပ်တည်မှု့ ကို မီးကြိုးရိုက်လို့  ကြုံလာရတတ်တဲ ပြဿနာမျိုးက သွားမထိခိုက်လို့  (၀ါ) ထိခိုက်တာနဲ လို့ ပဲ
ဒါဟာ အသေးအမြွှးတွေ သဘောပေါ့  အဲ့ ကနေ ဆက်တွေးလေ့ လာရင် ကြာသာပတေးနေ့  (၀ါ) ဂုရုတိုင် မှာ အဲ့ တိုင်ရဲ့  ခိုက်နံ ဖြစ်တဲ့  ဟူးနံ ရွှေဝယ်ကြည့်  ပါ ရွှေသွားရောင်းကြည့် ပါ ဒိထက်ပိုချင်ရင် နောက်ထပ် ဟူးသားကု အဖေါ်ခေါ်ပြီိး အ၀ါရောင်များတဲ့ အ၀တ်အစားကို ၀တ်ဆင်ပြီး ရှောက်သီးဆေးပြား ငုံစားပြီး ရွှေသွားဝယ်ကြည့် ပါ ရွှေသွားရောင်းကြည့် ပါသဘော...။
သဘောကတော့  ( အမေးသမားသက်သက်တွေကို မဆိုလိုပဲ) ဗေဒင်လမ်းလိုက်သူတွေနဲ့  ဗေဒင်သမားတွေဟာ အခါတိုင် တစ်နာရီခွဲသဘောလေးတွေကို သိရင် ကိုယ့် ဘ၀အတွက် နေ့ တဓူဝကိစ္စတွေမှာ လက်တွေ့ အသုံးချရတာ အတော်အလုပ်ဖြစ်နိုင်တယ်ပေါ့  ကောင်းမှု့ ဖြစ်စေ ဆိုးမှု့ ဖြစ်စေ ဘ၀အတွက် ကြီးမားတဲ့  အခြေအနေတွေဟာ
အခါတိုင်တွေရဲ့  တစ်နာရီခွဲ အတွင်းမှာ အကြုံးဝင်တဲ့  မီးနစ်ပိုင်း စက္ကန့် ပိုင်းတွေအတွင်းမှာ ဆုံးဖြတ်တဲ့  လှုပ်ရှားမိတဲ့  သဘောတွေကနေစခဲ့ တာချည်းပဲသဘောပေါ့ ဗျာ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..