'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, June 4, 2015
''တစ်ခါတုန်းက သံစဉ်ဖြာခဲ့  လွမ်းလျက်ပါ လှိုင်နယ်မြေ....''
''တစ်ခါတုန်းက သံစဉ်ဖြာခဲ့ 
လွမ်းလျက်ပါ လှိုင်နယ်မြေ....''
------------------------
၅တန်းကနေ ၁၀တန်းအထိက မြို့ ထဲ က ကျားသီးသန့် ကျောင်းမှာတက်ခဲ့ ရတော့ မ တွေနဲ့ ပတ်သက်လာရင် အနီးက် စကားပြောရမှာ ရှက်တတ်နေသေးပြီး...မရဲတင်းပဲဖြစ်နေတာလေးက အာစီတူးတက်စ ပထမပိုင်းလတွေအထိ ဖြစ်နေဆဲပေါ့ ဗျာ....၊ နောက်တော့ တစ်ခြားမေဂျာက သူငယ်ချင်းမလေးတွေ အုပ်စု နဲ့ ကျနော်တို့ မေဂျာက သိပ်ရင်းသွားတဲ့ သူငယ်ချင်းအုပ်စု ၂ စု အုပ်စုတွေ ဂလောင်ကျရင်း အဖွဲ့ ကျမိပြီး အဲ့ မှာ စတိတ်က ငယ်ပေါင်းတွေလို သိပ်ရင်းသွားကြတယ်
...ပြောမနာဆိုမနာနဲ့  ပွင့် လင်းကုန်ကြပြီး သူ့ ဘ၀ဇာတ်ကြောင်း ကိုယ်ဘ၀ အထွေထွေတွေ လျို့ ဝှက်စရာ အတွင်းရေး မရှိတွေဖြစ်လို့ ပေါ့ ..နဂိုကကို အရယ်သန်တဲ့ သူငယ်ချင်းမလေးတွေနဲ့  ရွှတ်နောက်နောက် သူငယ်ချင်းတွေ ပူးမိသွားတဲ့ အခါ မေဂျာတွဲတွေတော့ မတူကြဘူးဆိုတဲ့ စည်းဆိုတာ ခြားနားခြင်းသဘောတွေကနေ ကျော်ထွက်လာကြတယ်...ဟိုသွား ဒီစား ဟိုပြောင်ဒီနောက် ကိုယ့် ပိုက်ဆံကိုယ်သုံး သူ့ ပိုက်ဆံ ကိုယ်ယူသုံး နဲ့  ( ကျားတွေကချည်း ချေးပါဟယ် ဆိုပြီး ယူသုံးတာများလို့ ပါ ဟီးဟီး..)..ပျော်စရာလူအုပ်လေး တစ်စုဖြစ်ခဲ့ တာ သိပ်လွမ်းစရာကောင်းတဲ့ ကာလတွေပေါ့ ဗျာ....
ရင်းနှီးကုန်ကြလွန်းလို့  ကျားတွေက မ တွေနဲ့ တော်ကီထုရတာတောင် မရဲတရဲ ဖြစ်နေပါတယ်ဆိုတဲ့  ကျနော်တို့ ဘော်ဒါ စလူး အထီးတစ်အုပ်ဆိုတာ သူငယ်ချင်းမတွေက သီချင်းဆိုခိုင်းလာတဲ့ အခါ မှာတော့ ဆိုပြချင်လွန်းလို့  အရှက်ဆိုတာဂျိုနဲ့ လားအောင်းမေ့ရအောင် အသီးသီး တစ်ယောက် တစ်လှည့်  ကိုယ်အရဆုံး သီချင်းတွေကို အသံဝါ အသံပြာ အသံဗြဲ အသံကွဲ မျိုးစုံနဲ့  နာ့ အသံ ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့ စတိုင်နဲ့ အပီဟဲပြရတာကလည်း...အင်းးး...ဒါနဲ့ များ ရှက်သလေး ညက်သလေး ဘာလေးနဲ့  ဆိုရမလိုလိုပေါ့ ...ခ်ခ်..။...
တကယ်တန်း အတွင်းသဘောမှာတော့ ဒီလိုတွေပါဗျာ....ထုံးစံအတိုင်းပေါ့ ..မရစဖူး အရထူး မတွဲရစဖူး အတွဲရထူးကုန်တော့  သူငယ်ချင်းမလေးတွေလို့ ဆိုပေသည့် ကာ ကျောင်းတက်ရက်က လတွေတော်တော် ပေါက်လာတော့ ဆိတ်ကလေးတွေက ဗာဒံရွက်တွေ ကောက်ဝါး ..အဲ..စိတ်ကလေးတွေက ဘာကလိုတိုတိုတွေ ရင်တဖိုဖိုတွေ ဇိမ်းဇပ်ဇပ်လေးတွေက ဖြစ်ချင်နေပြီး သူငယ်ချင်းမလေးတွေထဲမှာ တိတ်တခိုးလေးနဲ့  ကျိတ်ပြီး လိပ်ပြာဆိုးလေးလို ၀ဲချင်ချင်တွေက ပါနေကြပြီလေ..အဟီးးး.ရှက်ထှာ..ခိခိ..
အဲ...အဲ့ မှာ ဘော်ဒါတွေဆိုတာ.ဆိုပြဖို့  ဘယ်တုန်းကတည်းက ကျိတ်ကျက်ထားမှန်း မသိတဲ့ သီချင်းတွေကို သူငယ်ချင်းမလေးတွေကို အပျော်လေးဖြစ်အောင် သီချင်းဆိုပြသလိုလိုနဲ့ ရောသုတ်ကလေး....ဆိုပျော်ခေတ်ဦးလိုလို ဘာလိုလိုနဲ့  အပီဟဲပြကြတော့ တာမျိုးပေါ့ ဗျာ....အဟီးးး..နောက်တော့  ပတ်ကားရိုက်ပြီး..ကိုယ့် ဘော်ဒါတွေကချည်း ဟဲနေတာ မဟုတ်တော့ ပဲ အာညောင်းပြီဟာ...ဒီတော့  နင်တို့ လည်း ငါတို့ ကို ဆိုပြဦးလေ နင်တို့ အသံလေးတွေက အတော်ကောင်းမယ့် ပုံ...ဘာညာနဲ့ လို့ တောင်းဆိုလိုက်တော့ 
ခေသူမဟုတ်တဲ့  သူငယ်ချင်းမလေးတွေကလည်း သူတို့ လည်း ဆိုတတ်ပါတယ်နော် ဆိုပြီး ဆိုကြတော့ တာပါပဲဗျို့ ...အဲဗျ..အမယ်...သူငယ်ချင်းမလေးတွေက ကိုယ်တွေထက်တောင် ဌာန်ကရိုဏ်းကျချက်များ ဘယ်အချိန်ကတည်းက ရေချိုးခန်း အဆိုတော်တွေများ ဖြစ်နေလည်း သိပေါင်ဗျာ...ဟီးးး...အဲ...ရေးရင်းက အတိတ်တွေ အရိပ်လိုပဲ စိတ်အာရုံထဲ တရေးရေးမြင်လာပြီ.......လွမ်းထှာဗျာ....ခိခိ..။
Labels:
''အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..