Powered By Blogger

Thursday, June 4, 2015

စိတ်ရှည်ခြင်းကြောင့် ..



စိတ်ရှည်ခြင်းကြောင့် ..
-------
ဆိုပါတော့   အဓိပတိဖွား ဗုဒ္ဓဟူးသား အပါအ၀င်  ဗုဒ္ဓဟူးသားသမီး လူလွတ်ရော မိသားစုရော အဖိုရော အမရော စသဖြင့် နယ်ပယ်ပေါင်းစုံက လူတွေ  အင်္ဂါသက်ရောက်ဆိုတဲ့  နေရာအကွက်ကို အသက် ၂၄တွေ ၃၂တွေ ၄၀တွေ ၅၆ တွေစသဖြင့်  ဒီအသက်ပိုင်းတွေကို  ဖြတ်သွားကြတာ တစ်ပုံကြီးတွေ့ ခဲ့ တယ်...အဲ့ လူတွေကို ချက်လာတဲ့ အခါ  တစ်ချို့ က ဘ၀ပျက်တာ အကြီးအကျယ် ဒုက္ခရောက်သွားသူတွေ လျှောဘရားသားပြသွားတာတွေ အထိ ဖြစ်ပေမယ့် အများစုကတော့  လောကဓံကို ဒီလိုပဲ သူများတကာလိုပဲ ရင်ဆိုင်ဖြေရှင်းပြီး ကျော်လာကြတယ်...



အဲ့ ဒီမှာ ဘ၀စောင်းသွားတာ လျှောဘရားသားပြသွားတဲ့ သူတွေကိုကြည့် ရင် (ကောင်းကောင်းနေပေမယ့်  မျှော်လင့် မထားတဲ့  သံသရာကကံကြွေး တစ်ခုခု ၀င်ချလာတာမျိုးက လွဲရင်) အဲ့ လိုလူတွေ အများစုက နေရာတကာ ကိုယ့် စိတ်ချည်းပဲဆိုတာမျိုးတွေ  စိတ်အလွန်တိုသူတွေ တဘို့ တည်းကြည့် သူတွေ ငွေကြေး ရလိုမှု့ စိတ် တစ်မျိုးတည်းသာ အားကြီးသူတွေ အရာရာနီးပါးကို အနိဌလို့ သာမြင်လေ့ ရှိတဲ့  နဂ္ဂတစ် အမြင်လွှမ်းမိုးလွန်းသူတွေ မိသားစုကို ငါတကောကောသူတွေ လူတကာနဲ့ တစ်ချိန်လုံး ရန်အမြင်များနေသူတွေ ဂုဏ်မောက်သူတွေ ကိုယ်ချင်းစာတရားမဲ့ လွန်းနေသူတွေ သူများဒုက္ခရောက်တာကို သာမန်ထက်အလွန်အမင်း ၀မ်းသာလုံးစို့ နေသူတွေ စတဲ့  စိတ်ပုပ် စိတ်ယုတ်လက္ခဏာတွေ များလွန်းနေတဲ့  အုပ်စုဝင်တွေက ပိုများတာတွေ့ ရပြီး

သဘောထား ပျော့ပြောင်းသူတွေ အကောင်းဘက်ကလှည့် တွေးပေးတတ်သူ မိသားစုကို ကြင်နာတတ်သူ ကိုယ်ချင်စာစိတ် အားကောင်းသူ မျှဝေသုံးစွဲတတ်သူ ငါတကောကော မကောတတ်သူ ဂုဏ်မမောက်သူတွေ အများအတွက်ထည့် တွေးတောပေးတတ်သူ စေတနာကောင်းရှိသူတွေ သိက္ခာကို အာဏာထက် ငွေထက် ပိုတန်ဘိုးထားသူတွေ အတိုင်းအတာတစ်ခုအထိ သည်းခံနိုင်သူတွေ ကတော့  ပုံမှန်လောကဓံမျိုးတွေသာကြုံတွေ့ ပြီး ကျော်လွှာနိုင်ခဲ့ ကြတာတွေ့ ရတယ်...

ဒါဟာ ဂြိုလ်က သူ့ အလုပ် ဖြစ်တဲ့  အင်္ဂါသက်ရောက်ဆိုတဲ့  ငါ့ ပိုင်နက် တစ်နှစ်ကို ဖြတ်သာလာခဲ့  စိတ်ကိုမတိုတိုအောင် ဘက်စုံက ရစ်ကြည့် မယ် ငွေကြေးကိစ္စတွေမှာ ရစ်ကြည့် လို့ ရသလောက်ရစ်ကြည့် မယ်...အရစ်မခံနိုင်တဲ့ ကောင် သီးမခံတတ်တဲ့ ကောင် တဘို့ တည်းကောင်တွေကိုတော့ 
ပိုဖဲ့ မယ်..သီးခံနိုင်တဲကောင် ငွေကိုချင့် ချိန်သုံးစွဲတတ်တဲ့ ကောင် ဝေစားမျှစားလုပ်တတ်တဲ့ ကောင်တွေကိုတော့  နဲနဲလေးပဲရစ်ပြီး သက်ညှာပေးလိုက်မယ်ဆိုတဲ့ သဘောတရားပဲ...

သဘောက လူရဲ့ လောကဓံတရားအပေါ် ထားတဲ့  ဆင်ခြင်တုံတရားစိတ် အနဲအများ နဲ့ စိတ်ကောင်းရှိမရှိ အနဲအများ ဆိုတဲ့  အပေါ်မှာလည်း အများကြီးမူတည်တယ်လို့ ဆိုလိုတာ...
.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..