Powered By Blogger

Thursday, June 4, 2015

အက်ဆေး



အက်ဆေး
---
ကွမ်းယာထဲက ဗမာဆေးမဟုတ်တဲ့  စာအက်ဆေးတွေကို ပိုကြိုက်တယ် ကြိုက်ရတဲ့ အကြောင်းက လူတွေရဲ့ အတွင်းစိတ်တွေကို မှန်းဆရတာ စိတ်တွေကို ဖတ်ရတာ ပျော်စရာ တစ်မျိုးလေးဖြစ်နေတာမျိုးပဲ..ချစ်ခြင်းတရား အကြောင်းတွေ လူ့ သဘာဝအကြောင်းတွေ စာစီဖွဲ့ ရေးတာချင်းအတူတူ အက်ဆေးဆရာတွေရဲ့ စာတွေက လူတောထဲက လူအစစ်တွေရဲ့ နေ့ စဉ်အရပ်သုံး ခံစားမှု့ နယ်ပယ်တွေကနေ လွတ်မထွက်သွားဘူးလို့ ခံစားရသလို စာတွေက မတိုမရှည်တွေဆိုတော့ ဒီဘက်ခေတ်လို လိုတိုရှင်းခေတ်မှာဆို ကွက်တိလိုဖြစ်နေလို့ ပဲ.



.ပြီးတော့ အက်ဆေးတွေက ပုံမှန်ထက် ကညာဆန်မနေ နွဲ့ မနေတာကိုလည်း သဘောကျ တယ်လေ...အဓိက အချက်ကတော့  တွေးစရာတွေကို မြှတ်ကွက်လေးတွေနဲ့  လွတ်လပ်စွာ တွေးတောခွင့် တွေပေးထားတာမျိုးက တစ်ချို့ ဆရာကျပြတဲ့ စာတွေလို အကြောင်းအရာလေးတစ်ခုကို လန်ကြုတ်တွေ အဲ စိတ်ကူးတွေ နဲ့ ပေရှည်အောင် စာဖွဲပြီး ဇွတ်မတ်စိပေးနေတာမျိုးထက် အက်ဆေးတွေမှာ ပို ဖတ်ရလို့ ပဲ..

အက်ဆေးပေါင်းစုံတွေ ဖတ်သက်ကြာလာလေ  အများစုကြီးရဲ့ တကယ့် ပကတိစိတ် အစစ်အမှန်တွေက တစ်မျိုး  စာတွေ စကားတွေထဲမှာတော တစ်ဖုံ..နဲ့   စာထဲက အနတ္တ စကားတွေကို ဖတ်မှတ်ကျက်ပြီး ကိုယ့် ရဲ့ အပြင်းထန်ဆုံ လိုချင်မှ့  ဆုတ်ထားလိုမှု့  အတ္တကို သကာရည်ဖုံးပြီး လိမ်ချင်တိုင်း လိမ်နေကြတာတွေကို ပိုပိုတွေ့ လာရလေလေ လောကကြီးက ရယ်စရာလောကကြီးလို့ ထင်လာလေလေ သရော်ချင်စရာဖြစ်လာလေလေမျိုး ခံစားမှု့ တွေဝင်လာတယ်...

အဲ့ လိုစိတ်ကနေ ဖြစ်လာတာက လောကကြီးတို့ များ..ခပ်တည်တည်ပဲ ဆရာကျပြီး ပြောနေလိုက်ကြတာများ  ကိုယ့် ကို ဒဲ့ ထိလာတော့ မှ ဟာဟ..ဟာသတွေလို့  အမြင် နဲ့ ပြောင်းပြောင်းပြီး လျှောက်ကြည့် လိုက်တဲ့ အခါ.. လောကထဲနေရတာ အရင်လို  သိပ်လေးလေးနက်နက်တွေ လိုက်ခံစားမနေတော့ ပဲ ပေါ့ ပေါ့ ပါးပါး နေတတ် စားတတ် မြင်သွားတတ်လို့  စိတ်ဖိအားတွေ တော်တော်လေး နဲသွားတော့ တာပါပဲ.

.အဲ .တစ်ခါတစ်လေ ညစ်တွန်း တွန်းပြီး...ဘယ်သူတွေ ဘာတွေ တော်ကီတွေ လွှတ်လွှတ် ဒီအသက်လောက်ဆို အကုန်ဂန့်  မဂန့် ခင်လေး ပဲထုပြီး ကိုယ့် နယ်မှာ ကိုယ်ကြက်ဖလုပ်လို့ ရသလောက် လုပ်သွားတာ များတာပါပဲဆိုတာမျိုး လူမတန်ရင် နင်လည်း ဘာကြီးဖြစ်နေနေ တစ်နေ့ လျှောမှာပဲ ငါလည်း တစ်ချိန်ချိန်ဂန့် မှာပဲ ဆိုပြီး..ယူနီဗာဆယ်ထရုနဲ့  ဇွတ်တန်းညှိပစ်လိုက်တော့ လည်း နေသာထိုင်သာရှိသွားတာပါပဲ....

ဘယ်လောက်ရယ်စရာကောင်းလဲ ကိုယ်လန်းနေရင် တရားက မကျတတ်ဘူး ကိုယ်ညစ်နေပြီလားဆို တရားကကျပြပြီ..ဟာဟ..စာတရားကျ.ခ်ခ်.အဲ .အဲ့ လိုသာ တွေးတာ တကယ်တွေကြည့် တော့ လည်း တရားဆိုတာ  ဒုက္ခရှိလို့ သာ ဒုက္ခက လွတ်မယ့် လမ်းက ဘယ်သို့ ဘယ်ချမ်းသာနဲ့ တရားတစ်ခုခုကို စလို့ ရတာကိုး လောကကကို ဒုက္ခဘုံလို့ မထင်ကြပဲ သုခဘုံလို့ သာ မြင်နေကြမယ်ဆိုရင်  ဒုက္ခက လွတ်မြောက်ရာ တရားတွေ လွတ်မြောက်ရာလမ်းတွေတောင်ပေါ်လာမှာ မဟုတ်လောက်ဖူး.

.အဲ့ မှာ အဲ့  လွတ်မြောက်ရာ ဆိုတဲ့ စကားလုံး စ ပေါ်လာရာ ဇစ်မြစ်ကိုကြည့် ရင် လက်ရှိအနေအထားကို ဒုက္ခလို့ မြင်မှသာ  လွတ်မြောက်ရာလမ်း ဆိုပြီး လုပ်လို့ ရလာတာပဲလို့ တွေးလို့ ရတယ်ပေါ့ လေ..

လက်ရှိနေရာသာ ဂွတ်ရှယ်လို့ ထင်နေရင် နိုး လွတ်မြောက်ရာလမ်းပေါ့ ...လွတ်မြောက်ရာလမ်းဆိုတဲ့ စကားလုံး မလိုအပ်ဖူးပေါ့  ဒီတော့  တကယ်သာ လွတ်မြောက်လိုရင် ဒုက္ခတွေအကြောင်းသာ နာနာတွေး သာယာမနေနဲ့ လန်းမနေနဲ့ ပေါ့ လေ ဒါမှ လောကထဲနေချင် စိတ်ကုန်သွားပြီး လွတ်မြောက်ချင်စိတ်တွေ ပေါက်လာမှာ...အဲ လူက တကယ် မလွတ်ချင်သေးပဲ လန်းကလည်း လန်းချင်နေသေးတယ်ဆိုရောတော့  ဟိုဖက်လည်း အပြီးမကူးနိုင်သေး ဒီဘက်လည်း လက်မလွှတ်ချင်သေးနဲ့  စာတရားဒုက္ခ နဲ့  လိုချင်ဘ၀သုခကြား..ညပ်ပြီ....ခိခိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..