---------------------
ကိုယ်က အစကတည်းက ဘာလို့  သူ့ အကြိုက်ကို တစ်ကြိမ်စ နှစ်ကြိမ်မျှ မဟုတ်ပဲ ဆယ်ခါကြီးများတောင် အလိုလိုက်ခဲ့ ရတာလဲ ?..သူ့ အကြိုက်ကို ဆယ်ခါကြီးများတောင် အလိုလိုက်ခဲ့ ရတာ အံ့ သြစရာကောင်းလောက်အောင် အသားလွတ်ကြီး အလိုလိုက်ခဲ့ တာ လား..? သူ့ ကိုအလိုလိုက်ခဲ့ တဲ့ ကိစ္စတွေက ကိုယ့် အတွက် မပြောပလောက်တဲ့ အသေးအမွှားလေးတွေမို့ ဆယ်ခါကြီးများတောင် အလိုလိုက်ခဲ့ တာလား ? ကိုယ့် မှာရော ဘာအကျိုးမှ မရဘူးလား..မရခဲ့ ပါဘူးဆိုရင် အလိုလိုက်ရတဲ့ အကြောင်းက တစ်ခုခုကို ကြောက်လို့ လား ? ကိုယ့် ဘ၀ရှင်သန်ဖို့ အတွက် အလိုလိုက်ရတာလား?
ကိုယ့် စိတ်အပျော်ရဖို့ အတွက်သူ့ ကိုအလိုလိုက်တာလား?
ဆယ်ခါ အလိုလိုက်ခဲ့ တုန်းက ကိုယ့် မှာလည်း အကျိုးတွေ ရခဲ့ ပါတယ်ဆိုရင် သူ့ အကြိုက် မလိုက် နိုင်တော့ ဘူးဆိုတဲ့  ဆယ်တစ်ခါမြောက်က ဘာကြောင့် များ အလို ဆက်မလိုက်နိုင်တော့ တာလဲ.? .သူ့ ဘ၀ထက် ကိုယ့် ဘ၀ကို အထိခိုက် မခံနိုင်ဘူး ဆိုတဲ့ သဘော မျိုးဆိုလိုရာရောက်သလား.? .ကိုယ့် ဘ၀တစ်ခုလုံးကို ထိခိုက်နိုင်မယ့် တောင်းဆိုမှု့ မျိုးထင်လို့ အလိုမလိုက်တော့ တာလား.? . ဒီသဘောကြောင့်  အလိုမလိုက်တော့ တာပါဆိုရင် ..သူက ဘာတွေ တောင်းဆိုလာလို့ လဲ ? အလို ဆက်လိုက်ရမှာ ဘာတွေများခက်ခဲနေလို့ လဲ..အရင် အလိုလိုက်ခဲ့ တဲ့ ဆယ်ခါနဲ့ မတူလို့ လား? တူရင်ရော လိုက်မှာလား..? မလိုက်တော့ ပါဘူးဆိုတဲ့  ဆယ်တစ်ခါမြောက်က ကိုယ့် အတွက် အရင်ဆယ်ခါမြောက်ကလို အကျိုးတစ်ခုခု ပြန်မရနိုင်ဘူးထင်လို့  မလိုက်တော့ တာလား..?ကိုယ့် အတွက်အကျိုးတစ်ခုခု ရှိဦးမယ်ဆိုရင် ဆယ်တစ်ခါမြောက်ကိုလည်း အလိုဆက်လိုက်ဦးမှာလား.?
ဆယ်တစ်ခါမြောက်ကို အလိုမလိုက်နိုင်တော့ ဘူး ဆိုလို့  သူက ကိုယ့် ကို ရန်သူလို့  စွတ်စွဲသွားတာဟာ သူ့ အလို မလိုက်လို့ ဆိုတဲ့ တစ်ချက်ထဲကြောင့် ဖြစ်နိုင်ပါမလား..? တစ်ခြား အကြောင်းတွေပါ ပါနေတာရော ရှိနိုင်သလား ? သူ့ ရန်သူလို့ သတ်မှတ်ခံရနိုင်တဲ့  အချက်အလက်မျိုးတွေရော ကိုယ့် မှာ ရှိနိုင်သလား မရှိပါဘူးလား.?.....အလိုလိုက်ခြင်း အလိုမလိုက်တော့ ခြင်းတွေရဲ့ ပြဿနာအစဟာ သူက စတာလား ကိုယ်က စတာလား..?..သူ့ အကြောင်းချည်းပဲလား ?ကိုယ့် အကြောင်းရော နဲနဲလေးမှ မပါဘူးလား.?..ကိုယ့် အကြောင်းနဲနဲလေးမှ မပါဘူးဆိုရင် ဘယ်သူ မပြုမိမိမှု့ ဆိုတဲ့ ဆိုရိုးစကားဟာ ဒီနေရာမှာ အသုံးမတည့် တော့ ဘူးလား? ?...ဟီးဟီးးး..မူးတွားတာပဲ..ခ်ခ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..