Powered By Blogger

Friday, June 5, 2015

ကြာသာပတေးနံ ပညာ ဂဏန်း စတိ..

ကြာသာပတေးနံ ပညာ ဂဏန်း စတိ..
-----------
ရှေ့ ကဖတ်သွား လေ့လာသွား သင်ကြားသွား.. ကိုယ်တိုင်ရဲ့  အတွေးအခေါ်ကို နောက်ကပ်လိုက်မှ သင်ယူလေ့လာမိတဲ့  အသိပညာတစ်ခုကို သုံးတဲ့ အခါမှာ ဒါဆိုဒါပဲ မှတ်တဲ့ သူတွေကို ထောက်ကွက်တွေ လုပ်လာကြသလို ထောက်ကွက်တွေ ဖြစ်မလာတော့ ပဲ ကိုယ့် ဘ၀ခရီးအတွက် လက်တွေ့ ကျကျ သုံးစွဲနိုင်တဲ့ အဆင့် ရောက်လာပြီး တစ်ဖက်တစ်လမ်းက အထောက်အကူရတဲ့  အသိ/အတတ်ပညာဖြစ်လာမှာပါ....



ဆိုပါတော့  ကိုယ့် မဟာဘုတ်လိုင်းကနေပဲ စကားပြောရရင် ဘယ် မဟာဘုတ်ပညာနဲ့ ချဉ်းကပ်ကပ်...ကြာသာပတေးနံ ၅ ဂဏန်း တစ်လုံးလေးကို ကိုင်ပြီး ခေတ်ကျောင်းပညာ ဘွဲ့ ရမယ် မရဘူး ကျန်တဲ့ စုံနဖာစိအချက်အလက်တွေကိုမထောက်ပဲ မွေူသက္ကရာဇ်လေးကြည့် ယုံနဲ့   ပြောလိုက်လို့ ကို မလွယ်ပါဘူး ပြောရင် တွေးတတ်သူက ထောက်ကွက်လုပ်တော့ မယ်ဆိုတာဟာ...အကြောင်းမဲ့ မဟုတ်ပါဘူး..ဘာကြောင့် လဲဆိုရင် စုံနဖာစိ လောကီပညာတွေထဲက အပါအ၀င်ဖြစ်တဲ့  ဒီမဟာဘုတ်ပညာအခြေခံတွေ  စတင်ပေါ်ထွန်းရာ နှစ်တွေဟာ ဆြာတော် ခင်ကြီးပျော်ဆိုတဲ့ အမည်ရှင်လက်ထက်ကနေ ထင်ရှားလာတယ်ဆိုတာထောက်ရင် နှစ်ပေါင်း ရာချီကြာခဲ့ ပါပြီ..အဲ့ ဆြာတော်ကြီး ကြီးပြင်းခဲ့ တဲ့  ပဒေသရာဇ်ခေတ်မှာ အနောက်တိုင်းစတိုင် ခေတ်ပညာကျောင်း ခေတ်ဘွဲ့ နှင်းသဘင် တွေ ဗမာပြည်မှာ မပေါ်ထွန်းသေးပါဘူး

ဒါဆို ဒီကြာသာပတေးနံ ပညာ ဆိုတာ သူ့ ရဲ့ တကယ့်  အနက်က ဘာကို ဆိုလိုပါသလဲ ဘာကို ကိုယ်စားပြုပါသလဲကို ထပ်စူးစမ်းဖို့ လိုပါလိမ့် မယ်....အဲ့ ဒီမှာ နောက်ဆုံး လကံ္ခလို့ ရလောက်တဲ့ အနက်တွေကို လက်တွေ့ ရော ဆင်ခြင်မှု့ ကနေပါ ဆွဲယူလို ရခဲ့ တယ်....ပညာဆိုတာ.ကျောင်းတွေကသင်ယူရတဲ့  အသိ အတတ် ပညာဆိုတဲ့  ကျောင်းပညာရေးလောက်ကိုတင် ဆိုလိုတာ မဟုတ်ဘူး..ကိုယ်တိုင်ရဲ့ တွေးခေါ် သုံးသပ်နိုင်တဲ့ ဆင်ခြင်တုံတရားတွေ တွေးတော စဉ်းစားတတ်တဲ့ ဥာဏ်ကို အကောင်းဖက် ကောင်းမှု့ ဖက်မှာ အသုံးချပုံတွေ ..ဒီ ဥာဏ်ပညာကိုပဲ အဆိုးဘက်မှာ မကောင်းမှု့ ဖက်မှာ ကလိမ်ကကျစ်ဥာဏ်အဖြစ် သုံးနိုင်စွမ်းပုံတွေ စသဖြင့်  တွေးခေါ်မှု့ သဘောဦးစီးတဲ့  နာမ်သဘောနဲ့ ..မြေကွက်တွေ ပဲလုပ်ငန်းသဘော ပညာနဲ့ အသက်မွေးတာ တစ်ခုခုမှာဆရာဖြစ်အထိစွမ်းနိုင်တာ လူကြာသာပတေးသားတွေသမီးတွေ  ၊ မြင်း ၊ဘဲ ၊မြွေ ၊ စသဖြင့်  ပဖဘဗမ ကြာသာပတေးနံ အားကြီးတဲ့ အုပ်စုဝင်တွေ ဆရာသခင်တွေ စသဖြင့်  ရုပ်သဘောအားကြီးသူတွေသဘော ဆိုပြီး ကွဲထွက်သွားပါတယ်...

သဘောက ကြာသာပတေးနံ အထိုင်ကောင်းခြင်း  မကောင်းချင်းခြင်းဟာ ခေတ်ကျောင်းပညာနဲ့  ဘွဲ့ နှင်းသဘင်တက် ဘွဲ့ ရချင်း မရချင်းနဲ့  တိုက်ရိုက မပတ်သက်ဘူး တိုက်ရိုက်ဆိုင်တာဟာ သူ့ ရဲ့ ဥာဏ်ပညာအတွေ့ အခေါ် တီထွင်ဖန်တီးနိုင်စွမ်း စသဖြင့်  ဥာဏ ကိစ္စတွေနဲ့ သာတိုက်ရိုက်သက်ဆိုင်တယ် ဆိုတာပါပဲဗျာ...ဒါဟာ ကြာသာပနေးနံကို လူ့ ဘ၀ခရီးမှာ တစ်ဘ၀စာလေး အသုံးတဲ့ အောင်ကျနော်ယူတဲ့ အယူပါ..

နောက်တစ်ခု ထောက်ပြချင်တာက  ကျနော်တို့ ရဲ့ တရားရှင်ဟာ မဟာသက္ကရာဇ် ၆၈ မွေး သောကြာသား ပုတိ အထိုင်ဖြစ်တယ်..၅ကြွင်းမဟာဘုတ်အရ ကြာသာပတေးနံ ဟာ ဘင်္ဂ အိမ်ဆိုတဲ့  မဟာဘုတ်အောက်တန်း မှာထိုင်နေတယ်..ဘုရားခေတ်မှာ ဒီဘက်ခေတ်လို ခေတ်သစ်ကျောင်းပညာဘွဲ့ တွေဘာတွေမရှိဘူး သူ့ ခေတ်နဲ့ သူ့ ဒေသ အသိပညာ အတတ်ပညာမျိုးတွေ  ဟို ၁၈ ရပ်ပညာမျိုးတွေသဘောတွေသာ ရှိတယ်...နောက်တစ်ချက်ကတော့ တရားရှင်ရဲ့  ဒဿနတွေလို့ ပဲဆိုဆို ဓမ္မတရားတွေပါလို့ ပဲပြောပြော တရားရှင်ရဲ့ အသိဥာဏ်ပညာအရ ဖေါ်ထုတ်ဖွင့် ချပြခဲ့ တဲ့ တရားရှင်ရဲ့  ဓမ္မတွေဟာ အခုလို နှစ်ပေါင်း ၂၅၀၀ကျော်တဲ့ အထိ ကျန်ရှိနေခဲ့ သေး နာယူကျင့် သုံးနေကျသေး တာကို ထောက်ရင် ဘင်္ဂဖွား ကြာသာပတေးသားသမီးဆိုတာနဲ့  ကြာသာပတေးနံ ပညာ အောက်တန်းရောက်တာနဲ့  ပညာမတတ်တော့ သလိုလို ဆင်ခြင်တုံနဲသလိုလို အတွေးအားမကောင်းသလိုလို ပြောချလိုက်လို့ မရပေဘူးဆိုတာ ထင်ရှားပါတယ်ပေါ့ ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..