Powered By Blogger

Friday, June 5, 2015

''' ကြာရင် ဗေဒင်ထောင်ကျနေဦးမယ်ဆိုပြီး ''



 ''' ကြာရင် ဗေဒင်ထောင်ကျနေဦးမယ်ဆိုပြီး ''
---------
ဒီအလုပ်ကိုဝါသနာကို မပါဘူးဗျ.အမျိုးနဲ့ မိဘလက်ငုတ်က ကုန်သည်တွေနဲ့ ဈေးသည်အုပ်စုတွေများတယ် ရုံးသမားတောင် အတော်နဲတယ်..ယုံကြည်မှု့ လိုင်းကတော့ စုံတယ် ဒီတော့ ဗဟုသုတတွေ ပုံပြင်တွေ အများကြီးကြားဖူးနားဝရှိခဲ့ တာပေါ့ ..ဒါပေမယ့်  ဒီလိုပဲနေခဲ့ တာပါပဲ..ပျော်စရာရှိပျော် ဂေါစရာရှိဂေါပါပဲ..ကိုယ်နဲ့ မဆိုင်ပေါ့ လေ၊ ကျောင်းပြီးတဲ့ အထိ ဒီလမ်းကြောင်းနဲ့ နီးကိုမနီးစပ်သေးဘူး စာပေါင်းစုံဖတ်တာမျိုးကြောင့် သာ ဒီလိုင်းအကြောင်းတွေ ရင်းနှီးနေတာ..နောက်တော့ ဘော်ဒါက ဒီလိုင်းက ဆရာသခင်တစ်ယောက်နဲ့ ဆုံပြီး တပည့် ကြီးလိုတောင်ဖြစ်နေပြီ သူခေါ်သွားပေးလို့ ပါသွားပြီး အဲ့ ဆရာသခင်ရဲ့  တော်ကီတွေကြားမှာ မျောသွားတော့ တာပါပဲ..



အဲ့ အချိန်မှာ လပ်ယားလပ်ယားနဲ့ လုပ်နေတာ အိမ်ကမျက်စိနောက်လို့ နဲ့ တူပါရဲ့ တက္ကစီထောင်ပေးတော့ ဆွဲတာကနဲနဲ မြို့ ပတ်ပြီးလျှောက်မောင်း ထင်ရာစိုင်းနေတာကများများရယ်..။ ငွေရလွယ်တဲ့ ကံပါလို့ လာတော့ မပြောတတ် သူများတစ်နေကုန်ဆွဲတာ အိမ်ကို ဒီနေ့တော့ အပေးပြမှ ကောင်းမယ် အားနာစရာကြီး ဆိုပြီး ညနေစောင်းလေး ထကစ်လိုက်ရင်တစ်နေကုန်စာလောက်က ခဏလေးရတော့  လွှတ်ပျော်နေတာမျိုးပေါ့ လေ.အဲ့ မှာ ကိုယ့် လက်ဦး ဆရာဖြစ်လာမယ့် သူနဲ့ ဆုံပြီး သူ့ တော်ကီတွေကြောင့် စစိတ်ဝင်စားသွားတာမျိုးပဲ..

ဒီလိုင်းက တစ်လှမ်းကျွံ နှစ်လှမ်းကျွံနဲ့ အပျော်လိုလို စပ်စုသလိုလို ကိုယ့် ဘွ အတွက် သိထားတာ ကောင်းသားပဲလိုလိုကနေ တော်တော် ကျွံသွားတော့  လန့် သွားပြီး   အလုပ်ရှုတ်ပါတယ် နဂိုကမှာ အစွဲထူပြောရတဲ့ ကြားထဲ ဒါကြီးပါ ထပ်စွဲလာမိရင် ကိုယ့် ပယောဂနဲ့ ကိုယ် ငါတော့  ကြာရင် ဗေဒင် ထောင်ကျ နေဦးမယ်ဆိုပြီး နောက်ပြန်ဆုတ်ဖို့ တွေးလိုက်ချိန်မှာ တစ်ကိုယ်လုံး ကျွံနေသလိုဖြစ်နေပြီ...

အဲ့ မှာ ချွန်တွန်းတွေက အသိတွေ အမျိုးတွေက ဖရီး ဆိုတော့  အပျော်လာမေးတာကို သာယာပြီး နောက်တော့ သူတို့ ကပါ စ အသိအမှတ်ပြုလာသလိုဖြစ်လာတယ်..အဲ့ မှာဆုတ်ရခက်သွားတာမျိး ။ ကွကိုယ်ကိုယ့် ကံကိုယ် ပြန်ချိန်တော့ လည်း  ဒါကြီးနဲ့ က ကံပါနေပုံရတယ်ဆိုပြီး  ဆက်မျှောနေလိုက်တာ ခုထိပဲဆိုပါတော့ တစ်နေ့ တော့ ဘရိပ်အုပ်ကို အုပ်မယ် ဘာမှလုပ်မစားဘူးလို့ ဆိုတာကတော့  အမြဲစိတ်ကူးပေါ့  ပိုက်ဆံရှာတယ် ဆိုတာကြီးကို ဖီလင်ကို မလာတာ...

ဒီလိုင်းထဲ ကျွံလာစက လာလိုက်တဲ့ အရှုတ်ထုတ်တွေမနဲဘူး ပယောဂစစ်ခိုင်းသူတွေ သိုက်ဆက်တွေ ရိုးရာအဖေါ်ခိုင်းတာတွေ အောက်လမ်းတွေ အပင်းတွေဆိုတာတွေ အများကြီးပဲ...အဲ့ ကိစ္စတွေ လာလာပတ်သက်ရင် အမျိုးသမီးအုပ်စုတွေချည်းလိုလို များတာကလည်း တွေးစရာ...အစကတော့ ပျော်စရာ တစ်မျိုးပဲဆိုပြီး လိုင်းပူးချင်သလိုလို စိတ်ကလေးက ၀င်လာသေးတယ်..

ဒါပေမယ့်  ကိုယ့် မိဘလက်ငုတ် ကုန်သည်လောက၀င်ရင် ဆဲတာဆိုတာ ပတ်တာဖျံကျတာ ကျစ်တာတွေ လုပ်ရမှာတွေ အာရုံနောက်စရာတွေ ကြုံရမှာစိုးလို့ အေးအေးနေတာပဲကောင်းပါတယ်ဆိုပြီး နေမှ ဒါတွေက အလာစိတ်လာတော့  အာရုံက မလာတော့ ဘူး.ပတ်သက်ချင်ရင် နဂိုကတည်းက အမျိုးတွေထဲ ဟိုးနတ်အုပ်စုကနေ အလယ်မှာ ဗိန္ဓောဆရာ အန္တိမဂိုဏ်းဆရာ  အထက်မှာ ဘိုးတော် လိုင်းပေါင်းစုံအထိ ရှုတ်ပွနေအောင်ရှိတာလေ

ဒါနဲ့ နောက်တော့  ပယောဂစစ်ပေးပါဆိုလည်း သိဘူး ဒါပဲတတ်တယ်..သိုက်ဆက်လားသိချင်လို့ ကြိုးဖြတ်ချင်လို့ ဆိုလာလည်း အဲ့ လိုင်းတွေမသိဘူး မဖြတ်တတ်ဖူး မြနန်းနွယ် သွားကြည့် လေ ကျနော်တော့ ဒီဂဏန်းတွေပဲ ဒါပဲသိတယ်..ရိုးရာဖေါ်ပေးပါဆိုလည်း ဖေါ်တတ်ဖူး လိုင်းမတူဘူး ဒါက ရိုးရိုး.ဂဏန်းတွက်တာ..အဲ့ လိုတွေချည်း မသိဘူးတွေချည်း ပြောလိုက်တော့ နောက်တော့  ဘာလိုင်းမှလာ မပူးတော့ ဘူး အဲ့ တော့ မှ နားအေး လူအေးနေရတော့ တယ်.ဒါတောင် နှစ်လုံးသုံးလုံးဘောလုံးတွေက ပြန်ကြော့ လာရှုတ်ချင်သေးတာ ဒါလည်း လောင်းကစားဝါသနာမပါဘူးလို့  အဲ့ ဒါတွေပတ်သက်ဘူး ထိုးဘူးလို့ ။..

နောက်တော့  သဘောပေါက်လာတယ် ကိုယ်က လိုင်းသွားပူးရင် လိုင်းပူးပြီး လျှော့ တွေဖြစ်ကုန်တတ်တယ်ပေါ့ ကိုယ်က နဂိုကတည်းက ကင်းအောင်းနေရင် ကင်းတယ် ဘာလိုင်းမှ လာမပူးကြဘူးပေါ့ လေ..

ကိုယ်နေတဲ့ လမ်းက ဒေါင်းတောင်းမှာ နာရေးတွေကို ကြုံခဲ့ ရတာ မနဲပါဘူး..အနှစ် ၂၀ ၃၀ လောက်မှာ လမ်းထဲမှာ တစ်ခါမှ သေသူက သရဲဝင်ပူးတာ စီးပြီး ပြောတယ် မှာတယ်တွေ မကြားခဲ့ ရဘူး.နာရေးဖြစ်တယ် ရက်လည်တယ် ပြီးတယ် ပုံမှန် ဆက်အလုပ်လုပ်ကြတယ် ပြီးပြီ.

.သာကေတ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာဖက်မှာ အမျိုးတွေရှိတယ် တစ်ခါတစ်လေသွားလည်လို့ ရှိရင် ကြားရပြီ သရဲစီးခံရတဲ့ အကြောင်းတွေ ဟို အိမ်မှာ နာရေးရှိရင် ဒီနားကအိမ်မှာ ကွယ်လွန်သူက မိန်းမတစ်ယောက်ကို ၀င်စီးလို့ တဲ့ ဘာလုပ်ပေးပါ ညာလုပ်ပေးပါပေါ့ ..သာကေတအိမ်မှာဆို ပိုကြုံရသေးတယ်..အလကားနေရင်း အောက်လမ်းတိုက်ပွဲခေါ်သံတွေ ဆင်နွှဲနေသလား ထင်ရတယ် အဲ့ မှာတော့ နားထောင်ကောင်းကောင်းနဲ့ ထိုင်နားထောင်ခဲ့ တာများပါတယ်

 .ဘာညာဘာညာတွေ လာတုန်းကဆိုရင် ရွှေပြည်သာ လှိုင်သာယာနဲ့ ရွှေပေါက်ကံဘက်က လူတွေချည်းလိုလိုများပြီး မြို့ ထဲကလူတွေမပါသလောက်ကလည်း ထူးဆန်းလှတယ်လို့  တစ်ခါတစ်ခါ တွေးမိသေးတယ်..နေရာရွေး နေကြ ထိုင်ကြလားတော့ မသိဘူးပေါ့ လေ

..မြို့ ထဲကလူတွေ အများစုကလည်း မိုးလင်းထဲက ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ က အိပ်ခါနီးအထိ ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ ရွတ်ပြီး အိပ်သွားကြပုံရတယ်  အလှုငွေထည့် တာတောင် လူကြုံတို့ ဘာတို့ နဲ့  ၊ သူတို့ အများစုက နာမည်ကြီး ဘုန်းကြီးတွေနောက်လျှောက်လိုက်တာ တို့ စပျစ်သီးရိပ်သာတို့ စပျစ်သီးထီးတင်ပွဲတို့  စပျစ်သီး ကျောင်းဆောက်တာတို့ တွေသာ သွားသွား အလုပ်များတယ်....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..