ဆုံစည်းရတဲ့ ပရိပ်သတ်က ဗေဒင်ဆရာရဲ့ အဟောစတိုင်ကို ပြဌာန်းတာမျိုးလည်းဖြစ်တတ်တယ်..
--------
စကတည်းက ကျနော့် ပရိပ်သတ်က ကျနော်နေတဲ့ အရပ်သဘောကြောင့်  တရုပ်တန်းပရိပ်သတ်တွေများတယ်၊ ၁၀ရောက်လာရင် ၇ယောက်လောက်က ဖွယ်ဖွယ်ရာရာလျှောက်ပြောနေတာတွေအာရုံမလာကြဘူး ဒူးအော်ဒိုင်းပဲ စီးပွားရေးဆန်တယ် သိချင်တာတန်းမေးတာများတယ် ပြီးရင်ဖြစ်နိုင်မဖြစ်နိုင်နဲ့  မဖြစ်နိုင်ဘူးဆိုရင်တောင် ဖြစ်နိုင်အောင်ဘယ်လိုလုပ်ရမလဲ ဘယ်ကာလမှာဖြစ်နိုင်မလဲ..ဒါမျိုးတွေလာတာ..ပြီးတော့  ရော့ နဂါးရော့ ပတ္တမြားဆန်တယ်..ဒီတော့ 
ရောင်းသူဝယ်သူအသံတူသဘောဖြစ်လာတယ်...ဒဲ့ မေးဒဲ ဖြေတွေဖြစ်ကုန်ပြီး ပြီးခဲ့ တဲ့ အနှစ်၂၀ကဟာတွေပြန်မပြောနဲ့ နားထောင်နေဖို့ အချိန်မရှိဘူး နောင်အနှစ်
၂၀ကြာမှထောမှာ လာပြောမနေနဲ့  စိတ်မ၀င်စားဘူး အခု ဂျပန်ကိုကားမှာမလို့ အလုပ်ဖြစ်မလား မဖြစ်ရင်ဘယ်လစမှာရမလဲ...ဒါဘဲသိချင်တယ်ဆိုတာမျိုးတွေ..
နောက်တစ်ခါ ၀မ်းဘိုင်ဝမ်းကိစ္စတွေပဲ စိတ်ဝင်းစားတာများတယ် အိမ်က အမေ အဖေတို့ ကို ကြည့် ပေးပါဦးတွေဘာတွေ မေးလေ့ မရှိဘူး မေးရင်လည်းသီးသန့် မေးပေးတာ နေမကောင်းမှလာမေးပေးတာမျိုးတွေ..လိုတိုရှင်းသဘောတွေမေးကြတာများတော့  ဘေး အရေးမကြီးတာတွေ (သူတို့ က အရေးမကြီးဘူးထင်တာတွေ) သိပ်ပြောမနေရပြန်ဘူး...ပြီးတော့  အချစ်ရေးသဘော မမေးသလောက်ပဲ ယူမယ် ကောင်းမကောင်း ဒါဘဲ အများအားဖြင့်  အောင်သွယ်တွေက သူတို့ တာဝန်ယူထားတဲ့ ဘက်အတွက် ဓါတ်ပုံတွေ မွေးသက္ကရာဇ်တွေ တစ်ပုံကြီးနဲ့  သင့် မသင့်  တစ်ယောက်ချင်း ချိတ်ပေးတွဲပေးကြည့် ရတာမျိုးပဲ...
နောက်တစ်မျိုးက အတော်ခေတ်ပညာရည် နဲ့  ခေတ်အမြင် အားကောင်းတဲ့  သူတွေနဲ့  အများဆုံးရင်ဆိုင်ရတယ်..သူတို့ က ယတြာထက် ပစ်မှတ်တွေကို ရှေ့ တိုးနောက်ဆုတ် ချိန်တာမျိုးအတွက်သာ မေးတာများပြီး (အမှန်မှာ ဟောကိန်းထက် ဖြစ်နိုင်ခြေတွေကို တိုင်ပင်တာ ၀ိုင်းစဉ်းစားပေးရတာမျိုးပါ ) သဘာဝ
မကျတဲ့ ယတြာမျိုးတွေကို စိတ်ဝင်စားလေ့ မရှိဘူး အဆောင်တောင် သိပ်စိတ်ဝင်စားတဲ့ အထဲမပါဘူး..နောက်တစ်မျိုးက တကယ့်  အရောင်းအ၀ယ်မှ အရောင်းအ၀ယ်ပဲဆိုတဲ့ သူတွေလာလေ့ ရှိတယ် သူတို့ က ဘာနိုင်ငံရေးမှာ အာရုံမလာကြဘူး စပ်ကြည့် လို့ တောင် ပြန်တော်ကီမပွားကြဘူး အူတူတူနဲ့ နားလေးထောင်သွားယုံပဲ .နောက်တစ်မျိုးက ရုံးလောကသမားတွေများတယ် သူတို့ က
ရာထူးကိစ္စတွေ အပြောင်းအရွေ့ ကိစ္စတွေ စာဆက်ဖတ်ဖို့ တွေ အပေါ်လူအလယ်လူ အောက်လူတွေနဲ့  ပတ်ချာရိုက်နေတဲ့ တိုက်ပွဲတွေနဲ့ နဘမ်းလုံးနေရတာများလို့  အဲ့ ဒီ့ ပစ်မှတ်အတွက်ပဲလာတာများတယ်.ဖွယ်ဖွယ်ရာရာတွေ မပြောရသလောက်ပဲ .ခေါင်းရွက်ဗျက်ထိုးသမားတွေ နေ့ စားလုပ်နေရသူတွေ အရမ်း
ရုန်းကန်နေရသူတွေ ခေတ်ပညာ အတန်းပညာ နဲသူတွေ လာတာ တော်တော်နဲတယ်...
ဒီတော့  ကြာတော့  သင်းချိုင်းမြေနင်းရတို့  ၂ အိမ်ကျော်မှာ ဗိုက်ကြီးသည်ရှိရင်ဘာဖြစ်မယ်တို့  ဘာဝင်ကိန်းရှိပြီး ဘာထွက်ကိန်းရိမယ်တွေဘာတွေ ပြောမနေရတော့ ဘူး အဲ မပြောတတ်တော့ ဘူး...
ဒီဗေဒင်ရဲ့ လစိတ်ထောက်ထားတာကလည်း တော်တော်များများကပြေးမလွတ်ဘူး.ဒါနဲ့ တင် အားကိုးခံရတဲ့ ဗေဒင်လိုဖြစ်ပြီး တော်ကီတွေထု ဖွယ်ဖွယ်ရာရာတွေမပြောရသလို ဖြစ်သွားတယ် ဆိုပါတော့  ဇန်န၀ါရီလမွေးတဲ့  ဘယ်တနင်္ဂနွေမဆို ဧပြီလမေလ ဇွန်လကြားမှ အာရုံတွေစားမယ် ငွေထွက်များမယ် ရန်တွေတိုက်ပွဲတွေများမယ် ခြူခြာလွယ်မယ် အထင်အမြင်မှားခံရတတ်တယ် စိတ်ပမ်း လူပမ်းဖတ်ဖတ်မောမယ်အလုပ်တွေရှုတ်ပွနေမယ်
စသဖြင့် ပေါ့  တော်ကီနဲနဲပစ်လိုက်ရင် ထိသွားတာများတာပါပဲ...ဇန်န၀ါရီမွေးမဟုတ်ပဲ ဖေဖေါ်ဝါရီမွေးဆို မေဇွန်ဇူလိုင်ဝန်းကျင်ပေါ့  မတ်လမွေးတဲ့ တနင်္ဂနွေဆို
ဇွန်ဇူလိုင်သြဂုတ်ပေါ့ ...ဒါပဲ အခြေခံက ဒါကို ကိုင်ထားပြီးမှ ကျန်တဲ့  အချက်အလက်တွေနဲ့ ပစ်တာ...
အများစု လူ့ ဘွမှာ တက်ကယ်က ဆူပါနယ်ထရယ်သဘာဝလွန်သဘော ထူးထူးဆန်းဆန်းတွေ ဖြစ်နေတာနဲပါတယ် အများစု ဖြစ်ရိုးဖြစ်စဉ်တွေမျိုးတွေသာများတယ်..ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်ကြပြီး သေရိုးသေစဉ် တစ်နည်းနည်းနဲ့  အချိန်တန် သေသွားတာချည်းပဲ တော်ယုံလူ အသက် ၈၀ကျော်တန်းနေရတယ်ဆိုတာတောင် ဒီဘက်ခေတ်မွေးလူတွေထဲက တော်တော်နဲလာပြီ....ဒါကိုရိပ်မိထားရင် လိုတိုရှင်းတွေ ပြောရင်လည်းပြီးတယ်ပေါ့ ..
ချုပ်လိုက်တော့ စာစောင်တွေ စာအုပ်တွေ စာပေလာတွေထဲက လို ဟောနေရတာ အဲ့ လိုမဟောရပဲ လိုတိုရှင်းတွေ ဖြစ်နေတာ ယတြာကလည်း ဖွယ်ဖွယ်ရာရာ
အံ့ ဘွယ်သုတတွေ ဖြစ်နေတာ ရိုးရိုးပုံမှန်ယတြာလောက်နဲ့ တင်ပြီးနေတာ စသဖြင့် တွေဟာ လာတဲ့  အမေးများတဲ့  ကိုယ် နေထိုင်အခြေချနေတဲ့  ပတ်ဝန်းကျင်
တွေက ဗေဒင်ဆရာကို ဘယ်လိုဟောဆိုတဲ့ စတိုင်ကို ပုံသွင်းသွားလိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့ ..သဘောတစ်ခုပြောရရင် ဒီနေ့ အထိ ကျနော် နဲ့ တွေ့ ခဲ့ သမျှ
ပရိပ်သတ်ထဲ အင်းနဲ့ ပတ်သက်တဲ့  ယတြာသဘော ပညာသုံးသဘော ကို စိတ်ဝင်စားသူတွေ တစ်ယောက်မှ ပါမလာဘူး..ပြီးတော့ ပယောဂဆိုတာတွေ အပင်းထည့် တယ်ဆိုတာတွေ သိုက်ဆိုတာတွေ စုန်းတွေ သရဲတွေ ပုဏ္ဍကဆိုတာတွေ စတဲ့  စကားလုံးတွေမျိုးတောင် တစ်ချို့ မကြားဘူးတဲ့ သူတွေတောင်ပါသေးတယ်..သူတို့ လုပ်တာ ဘုရားကိစ္စရယ် အရွယ်တွေရယ် န၀င်းပွဲရယ်ပဲ.(စပျစ်သီးဘုန်းကြီးနောက်လိုက်တာတွေတော့ အများကြီးကြားရတယ်) .စာအုပ်တွေထဲကလို ဖယောင်းတိုင်ပါတဲ့ ယတြာမျိုးတွေတောင် စကားစမိရင် ကိုယ်က အပြီးရေးပေးလိုက်ရမယ့် အပေါက် ဒီတော့  ရေးပေးရမှာ စိုးလို့  ဖယောင်းတိုင်ယတြာမပါသလောက်ဖြစ်သွားတယ်.( ပျင်းရပျင်းနဲ့ ) ...သူတို့ အိမ်မှာ ငှက်ပျောပွဲလေးထိုးပါလားလို့ စကားခေါ်ကြည့် လိုက်ရင် ဆရာ့ ဆီမှာပဲထိုးလိုက်ပါဆိုပြီး ငွေသာပုံပေးသွားတတ်တဲ့ ပရိပ်သတ်မျိုးတွေများတယ်..သဘောက ကိုယ့် ဝန်းကျင်က ငွေစော်နံတဲ့ လူတွေများနေသလိုပါပဲပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..