Powered By Blogger

Sunday, April 12, 2015

အလုပ်ဆိုတာ ဘာကိုဆိုလိုသလဲလို့ ...

အလုပ်ဆိုတာ ဘာကိုဆိုလိုသလဲလို့ ...
-----
ငွေဝင်လာဘ်ရွှင် ဓါတ်ဆင်တာတွေ ယတြာတွေဟာ အိမ်မှာ အလုပ်မရှိပဲ ထိုင်လုပ်နေရင် အလကားပဲလို့  တစ်ချို့ (ဆရာတွေကိုယ်တိုင်ကိုက) ဆိုတယ်၊ ဒီလိုဆို အလုပ်လုပ်နေတဲ့ သူမှ ဒီလို ဓါတ်ဆင်တာတွေ ယတြာတွေလုပ်မှ အကျိုးထူးမယ် လို့ ဆိုလိုသလိုဖြစ်မနေဘူးလား..။ ပြီးတော့  စဉ်းစားစရာက အလုပ်မလုပ်ပဲ
ငွေဝင်အောင်လုပ်တာအလကားလို့ ဆိုတယ် ယတြာတွေ ဓါတ်ဆင်တဲ့ နည်းတွေလည်းချပေးတတ်သေးတယ်..ဒါဆို ဒီနည်းတွေကရော စမ်းပြီးပြီလာ ကိုယ်တိုင်ရော လူမျိုးစုံကို ပေးပြီး ဘယ်လိုပြန်တုန့် ပြန်လာတတ်သလဲဆိုတာ စောင့် နားထောင်ခဲ့ ဘူးရဲ့ လား တွေးစရာဖြစ်လာတယ်...



အတွေ့ အကြုံတွေအရဆိုရင် ဥပမာ ရာဟုသက်ရောက်ဟာ ဘယ်အသက်အရွယ်မဆို စန်းလာဘ်ရွှင်ခြင်းသဘောကိုပေးတယ် အခါလည်သားလေးတွေ ရာဟုလစိတ် ဖြတ်တော့  ဟိုက ဒီက မုန့် ပုံးတွေ ဆော့ စရာတွေ အင်္ကျီလှလှလေးတွေ ခါတိုင်းလထက်ပိုရတာတွေ့ ခဲ့ ရသလို ကျောင်းနေအရွယ် မှာမူလတန်းမှာရာဟုသက်ရောက်တွေ လစိတ်တွေဖြစ်တဲ့ အခါ သာမန်မိဘပေးနေကျ မုန့် ဖိုးလေးတွေတင်မကဘူး သူတို့ ရဲ့ ဦးကြီးဒေါ်ကြီး အစ်မတွေအစ်ကိုတွေက အပိုမုန့် ဖိုးလေးတွေ အပိုကျောင်းသုံးပစ္စည်းလေးတွေ ပေးသွားတာတွေ ကြုံရတယ်.ယုတ်စွအဆုံး ရာဟုသက်ရောက် ရာဟုလစိတ်ဖြတ်ချိန် အထက်တန်းကျောင်းသားအရွယ်တွေရဲ့ သဘာဝ မိဘပိုက်ဆံလေးတွေ တိုပြီး အပိုနှိုက်သုံးရတာ ရာဟုသက်ရောက် လစိတ်မဟုတ်တဲ့  နှစ်တွေလတွေထက် ပိုရကြ ပိုလွယ်ကြတာတွေ့ နိုင်တယ် ဒီလိုပဲ အလုပ်မရှိတော့ တဲ့  ဘိုးဘွားတွေဆို အဲ့ လို ရာဟုသက်ရောက် ရာဟုလစိတ် မှာ ခါတိုင်းထက် ပိုပြီးငွေကြေးစားစရာတွေ ပိုအကန်တော့ ခံရတာတွေ ကြုံလိုက်ရတတ်တယ်...ဒါဟာ ဂြိုလ်ရဲ့  အားကြောင့်  စန်းထတဲ့ နောက်ဆက်တွဲ ငွေလာဘ်ရွှင်တဲ့ သဘောပဲရှိသေးတယ်..
ဒါဆို တစ်ချက်စဉ်းစားရရင် ကျောင်းနေ အရွယ်လွန်လာရင် (သို့ ) ဒီဘက်ခေတ် တက္ကသိုလ်တက်ပြီဆိုရင် လူတွေအများစု ဘာလုပ်ပါသလဲ ပိုက်ဆံရဖို့ တစ်ခုခု မလုပ်တဲ့ သူ မကြံစီနေတဲ့ သူ ရှိပါသလား ပြန်စဉ်းစားစရာ ရှိလာသလို တစ်ချို့  ကျောင်းမနေတော့ ပဲ ခပ်ငယ်ငယ် ဆယ်ကျော်သက်အရွယ်မှာတင် ပိုက်ဆံစရှာနေရပြီဆိုတာ တွေ့ နိုင်တယ် မဟုတ်ပါလား..ဒါဆို ငွေလာဘ်ရွင် ဓါတ်ဆင်တာတွေ ယတြာတွေကို လုပ်ဖို့ စိတ်ဝင်စားမယ့် သူတွေဟာ ဘယ်လို လူတွေဖြစ်နိုင်မလဲ စဉ်းစားကြည့် လို့ ရပြီပေါ့ ..
ဒါဆို ငွေရကြောင်းတစ်ခုခု မလုပ်ပဲနဲ့ ဒီလိုယတြာတွေ လုပ်မနေပါနဲ့ မထုးပါဘူးဆိုတာ ပြောဖို့ လိုအပ်ပါသလားလို့ တွေးစရာရှိလာမယ်ပေါ့ ...
ဆိုလိုတာက တစ်ချို့ စကားတွေ စာတွေဟာ သဘာဝကျသလိုလိုနဲ့  စေ့ စေ့ တွေးရင် ပြောဖို့ မလိုအပ်ပဲ ပြောလိုက်တာဟာ တကယ့် အတွင်းစိတ်က ကိုယ့် ကို အပြစ်တစ်ခုခု ဝေဖန်ချက်တစ်ခုခု ပေးလာမှာကို ကြိုကာကွယ်နေသလိုပဲလို့ မြင်လို့ ရတယ်ပေါ့ ....ဒီဘက်ခေတ် ဒီတိုင်းပြည်က လခစားတောင် ဒီလို လာဘ်ရွှင်ယတြာတွေ လုပ်တဲ့ အခါ ဘာမှမလုပ်ပဲ ရိုးရိုးနေတဲ့ သူတွေထက် အောက်စိုက်ခွင်တွေ ပိုရလာတာမျိုးတွေ ရှိခဲ့ တာတွေ့ ခဲ့ ရပြီ..လစာကလွဲလို ဘေးဝင်ငွေကို မျှော်ရခက်တဲ့  စားပွဲထိုးတို့  ၀ပ်ရှော့ အလုပ်သမားတို့  စသဖြင့် တွေဆို ယတြာဘာညာ ဘာမှမလုပ်တဲ့ သူတွေထက် တစ်မန်းနီးမျိုးတွေပိုရလေ့ ရှိတာတွေ တွေ့ ခဲ့ ရပြီ
သဘောက ဓါတ်ဆင်တာတွေ အကျိုးလိုလို့ လုပ်တဲ့ လောကီပညာတွေဟာ လွယ်ရင် ဆိုက်အဖက်မရှိလောက်ဖူးလို့ တွက်လို့ ရရင် ပိုက်ဆံရှာတဲ့ အလုပ်သပ်သပ်မရှိလဲ စမ်းကြည့် ရင်အဖြေတစ်ခုခုရဖို့ နီးစပ်တယ်ပေါ့ ...တကယ့် အဖြစ်တစ်ခုမှာ ငွေရဂါထာ ကို မူးလာတိုင်း ထထ ရွတ်တတ်တဲ့  ဦးလေးတစ်ယောက်ဟာ ဘာမှ မရွတ်တတ်တဲ့ အပြင် ထ ထဆဲတတ်တဲ့ တစ်ခြားအရက်သမားဦးလေးထက် အရက်ဖိုး လွယ်လွယ်ပိုရနေတတ်တာလည်း တွေ့ ခဲ့ ရတယ်...
တစ်ခုခုလုပ်လို့ အကျိုးပေးတွေ သဘောမှာ တိုက်ရိုက်အကျိုးပေးသဘောတင်မက သွယ်ဝိုက်အကျိုးပေးသဘောပါရှိတတ်တယ် ဥပမာ ငွေရှာတဲ့ အလုပ် တိုက်ရိုက် မရှိတဲ့  အိမ်ရှင်မ မိန်းမလုပ်သူက အိမ်ကနေ အပြင်မှာငွေရှာနေတဲ့ လင့် အတွက် ကောင်းမှု့ တွေ ငွေဝင် ယတြာလေးတွေ ထိုင် လုပ်ပေးနေလို့  လင်မှာ အလုပ်တွေ လွယ်ကူနေတာတွေ အများကြီးကြုံခဲ့ ပြီးပြီ...ဒါ့ အပြင် အလုပ်ဆိုတာ ဘာကိုဆိုလိုသလဲလို့ ဘယ်ထောင့် ကနေ ပြောမှာလဲကို ဆက် မေးခွန်း ထုတ်လိုက်ရရင်...ငိငိတွေ ဖြစ်ကုန်လို့  ဇာတ်ထုတ်တွေ ရှုင်းလို့ နိင်မှာ မဟုတ်တော့ ဘူးပေါ့ လေ...ဟီးး

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..