Powered By Blogger
Saturday, July 4, 2015
unknown ကံ
unknown ကံ
---
လူမှာ မမွေးခင်က အတိတ် လက်ရှိဘ၀ ပစ္စုတ်ပန်   လွန်ပြီးဘ၀ အနာဂတ် သဘောရှိတယ်ပေါ့  ..အဲ့ ဒီမှာ unknownသဘောက  ကိုယ်မမွေးခင်က အတိတ်ဘ၀က ကံတွေကို အတော်များများ မသိနိုင်ဘူး..လူဖြစ်ထိုက်တဲ့ ကံရှိလို့ လူဖြစ်လာတာလို့ ပဲ ပြောနိုင်မယ် ကျန်တာ အတိတ်ကံကို ကိုင်ပြလို့ မရလို ယုံချင်ယုံ မယုံချင်နေသဘောပဲ ပြီးတော့  ပြုပြီးခဲ့ တဲ့  unknown သဘောကို ပြုပြင်ပြောင်းလဲလို့ မရတော့ ဘူး  unknown ရဲ့  ကောင်းကျိုး ဆိုးကျိုးတွေ ဘယ်အချိန်လာမလဲဆိုတာလဲ ဘယ်သူမှ ရေရေရာရာ မသိနိုင်ဘူး ၊ ဒီတော့  မသိနိုင်မယ့် အတူတူ အဲ့ unknown အတိတ်ကံ အကြောင်းကို ခေါက်ထားလိုက်တယ်...တွေးမနေတော့ ဘူး...(ဖြေဆည်ရာသဘော အဖြစ်လိုလာရင် ဆွဲသုံးလိုက်တယ်..ဟိုဘ၀က သူများကို ဘာလုပ်ခဲ့ လို့  ဒီဘ၀ငါဘာဖြစ်ပေါ့ .အဲ့ ဒါကို မယုံတဲ့ သူတွေ ရှိတာပါ ထည့် တွေးထားရတယ် မယုံကြည်မှု့  ယုံကြည်မှု့ သဘော ဖြစ်နေလို့ )
နောင်ဘ၀ သဘောကလည်း ယုံကြည်မှု့ သဘောပဲ ပစ္စုတ်ပန်ကနေ လှမ်းကိုင်ပြလို့ မရဘူး  ရောက်လည်း မရောက်နိုင်သေးဘူး...ပစ္စုတ်ပန်သဘောမှာ ကိုယ့် ဘ၀ ဖြစ်တည်မှု့ သဘော ရှိနေတာကတော့ သေခြာနေတယ် တွေ့ ထိခံစားလို့ ရနေတယ် ဒီတော့  ပစ္စုတ်ပန်ကိုသာ ကစားလို့ ရနိုင်တယ်..နောက်တစ်ချက်က နောင်ဘ၀ ရှိသေးကြောင်း ယုံရင် နောင်ဘ၀ဆိုတာ ပစ္စုတ်ပန်ဘ၀ ရဲ့  ကံသုံးပါး အပြုအမူအပေါ်မှာတည်တယ်ဆိုတာပါ တစ်ဆက်တည်း လက်ခံဖို့ ရှိလိမ့် မယ် ဒီတော့  ပစ္စုတ်ပန်ကို ကစားနိုင်ရင် နောင်ဘ၀အတွက်ပါ ကျွဲကူးရေပါ ပါပြီးသား တကူးတက စိတ်ပူနေစရာမလိုတော့ ဘူးပေါ့ ..
အတိတ်ကံဆိုတာ ဘယ်အချိန် ၀င်ချလာမလဲဆိုတာ မသိနိုင်သလို ဘာတွေ လုပ်ခဲ့ မှန်းလဲ စစ်တမ်းက ကောက်မရနိုင်ဘူး..ဒီတော့  ကိုယ် သိနေတဲ့ ပစ္စုတ်ပန်တွေအပေါ်မှာ မကောင်းတာ မဖြစ်ရအောင် ဖြစ်ရင် သက်သာအောင် ကောင်းတာ ဖြစ်ရအောင် မြန်မြန်ကောင်းအောင် ဗေဒင်ယတြာကို ဘေးအကူ နောက်တစ်မျိုးအဖြစ် ထည့် လုပ်နေတဲ့ သဘောပဲဆိုတာ ဖြစ်လာတယ်. အသုံးချပစ္စည်းတစ်မျိုးသာဖြစ်လို့ ဆုပ်ထားစရာမလိုဘူး စွဲထားစရာ မလိုဘူးသဘော
ပြီးတော့ ထပ်ပြောရရင်  unknown အတိတ်ကံ အတွက် အမြဲတစ်ကွက်ချန်ပေးထားရတဲ့ သဘောကို ထည့် တွေးထားရတယ်...ဆိုလိုတာက ဘ၀မှာကြုံတွေ့ နေသမျှ ဂြိုလ်တွေ အဌလက်ခွင်တွေ  ဥာဉ်တွေအပေါ်ချည်း တစ်ကြောင်းဆွဲ ပုံမချလိုက်နဲ့  ထောက်ကွက်တွေ အများကြီးပဲ အားနာလို့ မထောက်ကြတာလို့ ဆိုတာမေ့ မထားဖို့ ပါ...
အခု ယတြာလုပ်ပေးတယ်ပေါ့ အိုကေသူရှိတယ် မအိုကေသူရှိတယ်ပေါ့ ..ဘာလို့ အိုကေမှန်း ဘာလို့ မအိုကေမှန်း တကယ်က တစ်ကြောင်းဆွဲနဲ့ ပြောရခက်တယ်
(ဆိုပါတော့ ပုတီးစိတ်လို့ ချမ်းသာတယ်ဆိုတာ အများဆိုင်ရာယုံကြည်မှု့ သဘောမဆောင်ဘူး...ကိုယ့် ယုံကြည်မှု့ ဘောင်ထဲမှာ ရှိတဲ့ သဘော အများထဲမှာ ပုတီးမစိတ်ပဲ ချမ်းသာနေသူတွေလည်း ရှိနေတာကို မေ့ မထားဖို့ သဘော)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..