---
ပါရမီသဘောတွေဟာ အတော်ထူးဆန်းသလို ဓမ္မသဘောဟာ ဇွတ် လုပ်လို့ မရတာကို ဇာတကတွေမှာ တွေ့ ရတယ် အင်္ဂုလိမာလ ကျွတ်တန်းဝင်တာ ဘယ်ရိပ်သာမှမသွားလိုက်ရပဲ ဘုရားက သူ့ ဆီတကူးတက သွားပေးရတဲ့  သဘောတုန်းက နဲနဲပါးပါး ရိပ်မိလာပေမယ့်  ဇာတ်တွေကို လျှောက်ဖတ်ပြီး ပြန်လိုက်တွေးတာ မစုံသေးတော့  ဒီ သဘောကို သိပ်အလေးမထားမိသေးဘူး..
..ဗကဗြဟ္မာကြီးအကြောင်း ကိုဖတ်ရင်းနဲ့ မှ လူ့ ပြည်နေတဲ့  ဘုရားရဲ့ အာရုံထဲ ဟိုး ဗြဟ္မာပြည်က ဗကဗြဟ္မာ ရဲ့  အသက်ရှည်ပြီးစည်းစိမ်ခံနေရတာကို မာန်တက် သူ့ နေရာကြီးက ဘယ်တော့ မမပျက်တော့ ဘူး ထာဝရနေရပြီ ဒါကိုပဲ နိဗ္ဗာန် လို့ ထင်နေတဲ့  အကြောင်း ဖြတ်ကနဲ့ ဝင်လာတော့  ဘုရားလည်း ဗြဟ္မာ့ ပြည် တက်လိုက်သွားပေးရတာမှာ သိပ်အံ့ သြစရာကောင်းတယ် အမှန်တော့  ဗြဟ္မာ့ ဘုံမှာ ဗက အပါအ၀င် ၇ ကျိတ်နဲ့ ၂ ယောက်တောင် တစ်ခြား ဘော်ဒါ ဗြဟ္မာကြီးတွေ အုပ်စုလိုက်ကြီး ရှိနေသေးတာ....သဘောက ဗကဗြဟ္မာကြီးရဲ့ ပါရမီကိုက အတ္တအစွဲကနေ ကျွတ်ထိုက်တဲ့  ပါရမီ ပြည့် နေလို့  ဆိုတဲ့ သဘောတွေ့ ရတာမျိုး...ဘုရားရှင် ဗြဟ္မာ့ ပြည် တက်လိုက်သွားတဲ့ အထိ အဲ့ ဗြဟ္မာကြီး ဘာတရားမှ ထိုင်နေတာမဟုတ်ဘူး ဘုရားကြွလာတာကိုတော့  ခရီးဦးကြိုတာတွေဘာတွေလုပ်သေးတယ်...သူ့ ဟာသူ စည်းစိမ်ခံလေတိုက်နေတာ.....
ဒါမျိုးကို ဘုရားက ကျွတ်တမ်းဝင်မယ့် သူကို ကြည့် ပြီးလိုက်ချွတ်ပေးနေခဲ့ ရတာ ပဋာစာရီလို ဇာတ်တွေမှာလည်း တွေ့ ရတယ်...မကျွတ်ထိုက်သေးတော့ လည်း ဘုရားသာသနာထဲမှာပဲ ဘုရားနဲ့ အမျိုးတွေ ဖြစ်လျက်သားနဲ့  ဘုရားသာသနာဝင်တွေ ဖြစ်လျက်သားနဲ့  တလွံတွေလျောက်လုပ်လျှောက်တွေး ပြဿနာတွေလိုက်ရှာလို့  သာသနာထဲမှာပဲ မြေမြိုခံလိုက်ရတဲ့  ဒေ၀ဒတ်လို ရှင်တွေ က ရှိနေပြန်ရောဗျာ....
အများအားဖြင့် တော့  ကျွတ်တာမကျွတ်တာက ရင့် ကျက်ချိန်ဆိုတဲ့ ပါရမီသဘောက ပိုများနေပုံရတော့  တရားထိုင်လို့  ကျွတ်တန်းဝင်သွားတာက အကြောင်းမဟုတ်ဘူး မကျွတ်တာက အကြောင်း...မကျွတ်သေးရင် ခုသာခံသာ လေးဖြစ်နေအောင် ဒါနခန်းသဘောတွေဆိုတဲ့  ကောင်းမှု့ တွေကို ဖိလုပ်နေရတဲ့ သဘောဖြစ်လာတယ်....မကျွတ်သေးရင် အမှားလုပ်မိဖို့ ပိုလွယ်ပြီး အမှားလုပ်မိတာ အိုဗာဖြစ်သွားရင် ငရဲသစ်ငုတ်ဖြစ်ဖို့ နဲ့  မြေမြိုခံရဖို့ က ပိုနီးစပ်တယ်လေ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..