---------
မြို့ တက် ပညာသင်နေတဲ့ သားက တောက တောင်သူကြီးအဖေဆီ ပိုက်ဆံအသုံးပြတ်လို့  စာရေးပြီး ငွေတောင်းတာမှာ အကြောင်းပြချက်က ကျောင်းမှာ လော်ဂရမ်သမ် ကျကွဲသွားလို့ လျော်ရမယ်အဖေ လို့ အကြောင်းပြတော့ သားအတွက် တောက ဖအေက ငွေကို ရှာဖွေပို့ လိုက်ရင်းအဖေတို လည်း သိပ်မလည်ဘူး နောက်ကို ကျမကွဲအောင် ကျောင်းပစ္စည်းတွေကို ရိုရိုသေသေ ဂရုစိုက်ကိုင်ပါ သားရယ် ဆိုတဲ့  ဟာသ အတိုလေးကို ငယ်ငယ်ကဖတ်ရတုန်းက ရယ်ရပေမယ့် ...
အခုတော့  မရယ်ရတော့ တဲ့ အပြင် ရိုးသားတဲ့ တောင်သူလယ်သမားကြီး ဖအေတစ်ယောက်ရဲ သားအပေါ်ထားတဲ့  မိဘရဲ့ ချစ်ခြင်းမေတ္တာ...လယ်သမားကြီးရဲ့ ဘ၀ ပင်ပမ်းနွမ်းနေတဲ့ ပုံရိပ်တွေ သားလုပ်သူက မြို့ ကျောင်းတက်နေရင်း တောက ဖအေပို့ တဲ့ ငွေတွေကို အပျော်အပါးတွေသုံး ဖဲတွေရိုက်ပစ်နေတဲ့ ပုံရိပ်တွေကို မြင်ယောင်လာရင်း ဒီဟာသစာတိုလေးဟာ ကျနော့် ရင်ထဲမယ် ကျေကွဲ စို့ နင့် စရာ အဖြစ် ပြောင်းလဲ ခံစားမိသွားတတ်ရင်း ဘယ်သူ့ ကို အပြစ်ဖွဲ့ ရမှန်းမသိ ရင်ထဲမှာ တဆစ်ဆစ်နာသွားမိတတ်လို့  ပြန်မတွေးချင် မသိချင် မေ့ပစ်လိုက်ချင်တော့ တဲ့  စာတစ်ပုဒ်ဖြစ်သွားတယ်....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..