Powered By Blogger
Saturday, July 4, 2015
အချစ်နဲ့ အမုန်း
အချစ်နဲ့ အမုန်း
----
အတွေးအမြင်သမိုင်းစဉ်ကြီးတစ်လျှောက်ရဲ့  တွေးခေါ်ကြတဲ့  စတိုင်ကိုကြည့် ရင် ကိုယ့် လူ့ အဖွဲ့ အစည်းအကြောင်းကို တွေးလိုက်  ကိုယ့် လူ့ အဖွဲ့ အစည်းလေးအကြောင်းက ကမ္ဘာကြီးတစ်ခုလုံး သဘောထက်စာရင် ဘောင်ကျဉ်းတယ် ဆိုပြီး ကမ္ဘာကြီး တစ်ခုလုံးအကြောင်းကို ထွက်တွေးလိုက် ....
ကမ္ဘာကြီးတစ်ခုလုံးထက်စာပြန်တော့  အနန္တစကြ်ာဝဠာကြီးက မဟာအနန္တိ အနန္တ ကျယ်ပြောတယ်ဆိုပြီး စကြ်ာဝဠာကြီးအကြောင်း ထွက်တွေးပြန်ရောဗျာ...နောက်တော့  စကြ်ာဝဠာကြီး အကြောင်းကိုရော ကမ္ဘာလောကကြီးအကြောင်းကိုပါ တွေးမြင်သိလာသူတွေဆိုတာ သတ္တ၀ါအနန္တမှာ ငါတို့  လူသားမျိုးနွယ်တွေသာဖြစ်တယ် ဒါကြောင့်  စကြ်ာဝဠာကြီးမှာ လူသားမျိုးနွယ်သာ အမြင့် ဆုံးသတ္တ၀ါဖြစ်တယ်ဆိုပြီး လူ ဗဟိုပြု အတွေးအမြင်တွေ ပြန်ဖြစ်လာပြန်ရော..
တစ်ချို့ ကိုယ့် ကျင့် ဆိုင်ရာ အတွေးသမားတွေကတော့  လောကကို နားလည်ချင်ရင် ကိုယ့် ကိုယ်ကို နားလည်အောင်ကြိုးစားပါလို့ ဆိုကြပြန်တယ်...ကိုယ့် ကိုယ်ကို လိမ်နေတာ လိမ်မိလို့ လိမ်မိမှန်းတောင် မသိရင် လောကရဲ့ လှည့် ဖျားမှု့ တွေကို နားမလည်နိုင်ဘူး လောကကို ကိုယ်တိုင် လိမ်မိနေမှန်းလည်း မသိနိုင်ဘူး..ကိုယ့် ကိုယ်ကို တကယ် ချစ်တတ်လာရင် လောကကို တကယ်ချစ်တတ်လာလိမ့် မယ်..လောကကို ပျက်အောင်လုပ်သူဟာ ကိုယ့် ကိုယ်ကို ကိုယ့် လူသားမျိဲုးနွယ်ထုကြီးကို တမြည့် မြည့်  သေအောင် အဆိပ်သောက် သတ်သေနေတာ သတ်သေခိုင်းနေတာနဲ့ တူတယ်..စသဖြင့်  စသဖြင့် စသဖြင့် ပေါ့ လေ.....
အချစ်တရားနဲ့  အမုန်းတရားဟာ ခံစားမှု့ သဘောဖြစ်တယ် လူ့ အဖွဲ့ အစည်းကြီးတစ်ခုလုံးမှာ အချစ်တရားနဲ့ အမုန်းတရားဟာ စင်ပြိုင်သဘောလိုဖြစ်တယ် ဘယ်တရားက အင်အားပိုကြီးသလဲလို့ လည်း တွေးကြတောကြတယ်ပေါ့ လေ...တစ်ချို့ အတွေးသမားတွေကတော့  အချစ်တရားနဲ့  အမုန်းတရားမှာ အမုန်းတရားက ပိုတန်ခိုးကြီး အင်အားကြီးတယ်လို့ ဆိုကြတယ်....
သူတို့ အကြောင်းပြချက်ကတော့  ကိုယ်ချစ်တဲ့ သူကို ချစ်တယ်ဆိုတဲ့ အခါ ကိုယ်ချစ်တဲ့ သူနဲ့ ပတ်သက်သမျှ အရာရာ လိုက်ချစ်ပေးဖို့ ခက်ခဲတာ လိုက်မချစ်နိုင်ရင်သာ ရှိရမယ် ကိုယ်မုန်းပြီဆိုတဲ့ အခါ  ကိုယ်မုန်းတဲ့ သူနဲ့ ပတ်သက်သမျှ အရာရာကို ရောမုန်းပစ်လိုက်ဖို့ ဝန်မလေးတာ မုန်းပစ်ကြတာကိုထောက်ရင် အမုန်းတရားရဲ့ အင်အားက ပိုကြီးတယ်လို့ ဆိုကြတယ်
အချစ်ဟာ ပင်လယ်ဆိုခဲ့ ရင် အမုန်းဆိုတာ မဟာသမုဒ္ဒရာကြီးပါလို့ လည်းဆိုကြတယ်.. ကမ္ဘာပျက်ဖို့ သေခြာရင် ကမ္ဘာကို ပျက်စေချင်ရင် မုန်းတတ်သူ အင်အားထု အမုန်းအင်အားထုကြီးထွားလာဖို့ လိုလိမ့် မယ်လို့ ဆိုတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..