Powered By Blogger

Wednesday, April 29, 2015

ဓမ္မာ သောက အင်းဝ ရာဇာအား..





ဓမ္မာ သောက အင်းဝရာဇာအား..
=====
သူက သုညတနင်္လာသား .သိုက်ဘွားလုပ်ငန်းရှင်..ငါးကန်နဲ့ ငါးဒိုင် ပေါ့ ..၄၂ က စပြီးစီးပွားအီဆင်းလာတာ ၄၄ အထိပဲ...ခေတ်ကောင်းတုံးက ရထားတာတွေသာ လှည့် သုံးနေရတဲ့ သဘော..ကျားကြီးခြေရာကြီးတော့  အသုံးစားရိပ်ကို မလျှော့ ချနိင်တော့ ဘူး..ဘဏ်ကြွေးလည်းရှိနေတယ်..န၀င်းမှန်မှန်ထိုင်ပေးထားပြီး ထိမ်းပေးထားလို့  လူအမြင်သရုပ်တော့ ပျက်မသွားပေမယ့်  သူ့ အတွင်းသရုပ်က အတော်ပျက်နေပြီဆိုတာ ဗေဒင်ဆရာကျနော်နဲ့  သူနဲ့  သူတို့ လင်မယားတွေကတော့  သိတာပေါ့ ...

သူ က သုညကြွင်းပီပီ စိတ်ညစ်ကိုမခံနိုင်ဘူး..အဲ့ ဒါကို လှည့် ပတ်ပြီးတောင်ပြောမြောက်ပြောနဲ့ ယတြာတွေကူလိုက် တော်ကီပွားပေးလိုက်တပွဲတိုးလေးကစ်လိုက်နဲ့ သက်ရောက် အကျကို  ဂျမ်းတုံးယတြာခုပြီးခေါ်လာခဲ့ တယ်...သူကလည်း ဆရာမများဘူး ကိုယ့် မှယုံတော့  တော်သေးတယ်ပဲ ပြောရမယ်..သူ့ အိမ်ခြံ ရောင်းချင်နေတာ  ၄၃ နှစ်ကတည်းက ၊ ဘဏ်ကြွေးမဆပ်နိုင်မှာစိုးလို့ တဲ့ ..နို့ တစ်စာပို့ လို့ လားမေးတော့ မပို့ ပါဘူးတဲ့  မပို့ ရင်မျှောထား တစ်နှစ်ပြည့် ကာနီးရင် ဘဏ်ကြွေးအတွက် ချေးပေးမယ်သူ့ ပေါ်တတ်တယ် အဲ့ ဒါနဲ့ အသွင်းပြ ပြီးတော့ ပြန်ထုတ်ဆပ်လိုက်ပေါ့ ...ခြံရောင်းပြီး ၀ိတ်လျှော့ ချင်ရင် ၄၅ ကိုစောင့် ပါ...အဲ့ တော့ မှလုပ်..လူမထိဘူး. ဖလှယ်ရတောင် ဘေးလွတ်တယ်...အခုက ၇၀၀၀ပဲ ရှိသေးတယ်...( အဲ့ တုံးက) ၊ ၄၅လောက်ရောက်ရင် သောင်းကျော်မှာ  မြေတွေခြံတွေက မပွားဘူးလေလို့ ပြောလိုက်တော့ အားတော့ တက်သွားတယ်...


ဒါနဲ့ ၄၅ ရောက်တော့  သောင်းစွန်းနေပြီ လာလာကြည့် တယ် ပျက်တယ်.အလုပ်ကတော့  ကြိုကြားကြိုကြား ပြန်ဖြစ်လာတယ် ဘဏ်ကြွေးကတော့  ရှိဆဲပဲ..ဒါပေမယ့်  ဘဏ်ကြွေးကို  အလုပ်ထဲက ငွေဆွဲထုတ်ပြီးဆပ်ဖို့ လောက်ကလည်း မရသေးဘူး...အဲ့ တော့  ဒီခြံကို ထုမှ ကြွေကင်းမယ်ဆိုပြီး စိတ္တဇ ဖြစ်နေပြန်တယ်..ကြွေးတင်နေတာကိုက စိတ်ဆင်းရဲတယ်တဲ့  .သုညကြွင်းရဲ့ စိတ္တဇကလည်း လွယ်တဲ့ သဘောတော့ မရှိပေဘူး ပြင်းထန်တယ်.အတိတ်ကံပေးလို့  လူငယ်ဘ၀ ၀င်စမှာတင် ခွင်မိလို့ ထောထားခဲ့ မျိုးဖြစ်ပြီး တကယ့် လုပ်ငန်းရှင် ဘရိမ်းမျိုးနဲ့  စိတ်ခံနိုင်ရည်အားက မရှိတာက နဂိုကတည်းက တွက်ထားပြီးသား....ဒါနဲ့ ထပ်ထောက်ရတယ် ..ဒါဆို အသည်းအသန် ရောင်းဖို့ ကြိုးစားမနေနဲ့  ရောင်းဖို့ ယတြာတွေ လုပ်တာက များနေပြီ ကျနော်တို့ ယတြာက ဒီလောက် လက်ပေါက် ကပ်မနေဘူး တင်းခံနေပြီဆိုရင် အချိန်မကျသေးလို့ ပဲ အဲ့ ဒါကို ဇွတ်လုပ်ရင် မကောင်းမှု့ တစ်ခုခုလာတတ်တယ်..ကျနော်ထင်တယ်  အသက် ၄ရလောက်ရောက်မှ ရောင်းထွက်လိမ့် မယ် လို့ ပြောလိုက်တယ်....( တနင်္လာတွေ အသက် ၄၇ ဖြတ်ရင် ဓမ္မာသောက ကိန်းရှိလို့  မူလနေရာက အခွာပြရတာမျိုး နဲ့ ခြူခြာတာမျိုး ဖြစ်လေ့ ရှိတယ် တစ်ချို့ က တစ်မျိုးထဲ တစ်ချို့ က ၂ခုစလုံးဖြစ်လေ့ရှိတယ် )လို့ ထောက်ပြထားလိုက်တယ် ပြီးတော့   ၄၄တောင် ကျော်ခဲ့ နိုင်ပြီပဲ အမှု့ သာရှိရင် အဲ့  ၄၄ မကျော်ဘူး..ဒီတော့  အမှု့ တွေဘာတွေ ပူမနေနဲ့ လို့ ပြောထားလိုက်တယ်..အဲ့ တော့  န၀င်းတော့ မှန်မှန်လာထိုင်နေပြီး ၄၆တွေ ဘာတွေကျော်လာခဲ့ တယ်...။  ( တနင်္လာ အသက် ၄၄ ဆိုတာ စနေဂြိုလ်အိပ် ၁၀နှစ်ထဲနဲ့  တနင်္လာဂြိုလ်ကနေ ၄ခွင်မြောက် စနေ သက်ရောက် မို့  စနေ ၂ထပ်လို့ ခေါ်တယ်  ညံ့ စရာရှိရင် ၂ဆ ပေါ့ )...

အခု ၄၇ မှာတော့  ၀ယ်လက်ကို ပေါ့ ပေါးပါးပါးနဲ့  စကားတောင်သိပ်မပြောလိုက်ရဘူး ခြံကရောင်းထွက်သွားတယ် ၂သောင်းနားကပ်နေတဲ့ ဈေးနဲ့ ပေါ့ ..အခုတော့  ဘဏ်ကြွေးဆပ်ပြီး..သောင်းပတ်လည်တန်လေးနေရာပြန်ရှာနေတာ တွေ့ ပြီ.. လူကတော့  ချီးတော့ နဲနဲပမ်း ၀မ်းနဲနဲပျက်တာလေးတော့ ဖြစ်လိုက်သေးတယ်..

သဘောက ဓမ္မာသောက ကိန်းတွေရဲ့  မူလနေရာက ခွာအားဟာ အဲ့ ဒီလိုတွေ ရှိတယ်ပေါ့ လေ...သူသာဝန်ထပ်းဆို အလုပ် နေရာပြောင်းရနိုင်တယ်ပေါ့ 
ဗေဒင်အကြံဆိုတာဒီသဘောပါပဲ သဘာဝတရားသဘောကို တွေ့ ဆမှု့ တွေအများကြီးပါတယ် ကိန်းတွေအများကြီးချတွက်ပြီး အာရုံတွေသိပ်စားနေတာမျိုးလည်း ဖြစ်ချင်မှဖြစ်မှာ...ပြီးတော့  အဌလက် ၈ ခွင်ရဲ့ သဘာဝတွေကို ကြိုတွက်ထားတာ အတွင်းအနှစ်သာရသဘောတွေကို ကြိုတွေးဆထားတွေပါတယ်ပေါ့  အကြားအမြင်ရနေတာမျိုးမဟုတ်ပဲ သဘောတရားတွေကို ချိန်ဆသွားပြီးပြောတာပါပဲဗျာ...

ကိုယ့် ဆန္ဒအတိုင်းမဖြစ်ခင် ဒုက္ခတွေ အကြီးအကျယ် ရောက်ရချည်ရဲ့ ဆိုတဲ့  သောကမျိုးမဖြစ်ရအောင် ကိုယ့် မှာ စမ်းတ၀ါးဝါး ယတြာပညာ မဟုတ်ပဲ ခိုင်မာတဲ့ ယတြာပညာရှိထားတာကလည်း တစ်ခါတစ်လေ ဆုံးဖြတ်ချက်တွေကို ရဲရဲပြောချလိုက်ရဲတဲ့ သဘောရှိပါတယ်..

ဒီ သုညတနင်္လာသားရဲ့ ဖာတ်ထုတ်ကြီးကို ထိမ်းလာတာ အသက် ၄၂ အင်္ဂါမရဏ သက်ရောက်ကနေ ခု အသက် ၄၇ သောကြာသက်ရောက်အထိပါပဲ..၄၂ကနေ ၄၄ကြားမှာ သူ့ မိန်းမ အကြွင်းတူ အင်္ဂါသမီး နဲ့  အနှိပ်ခန်းက လေဒီရှုးဂါးမလေး ပြဿနာကြောင့် ကွဲတော့ မလိုလိုအထိ ဇာတ်ထုတ်တွေအထိပါ မြင်ခဲ့ ရတာများ  ကိုရီးယားဇာတ်လမ်းတွဲကြီးလိုပါပဲဗျား..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..