Powered By Blogger

Wednesday, April 29, 2015

မဟာဘုတ် ၉၈ မျိုး



မဟာဘုတ် ၉၈ မျိုး
--------------
ဒီလိုတွေ ရှိသေးတဲ့ အကြောင်းပြောပြတာပါ၊ မသုံးမိသလောက်ပါပဲ၊သဘောက မဟာဘုတ်ကလည်း တကယ် လိုက်စားလေလေ ဇာတ်ထုတ်ကရှုတ်လေလေမို့ ဒီပညာရပ်ကလည်း ခေသူမဟုတ်လို့ သိသာယုံလေးပြတာပါ၊ ဗေဒင်ကိုလိုက်စားတဲ့ နေရာမှာ ပညာကို ချစ်တဲ့ သူလိုက်စားပုံက ရေဆုံးရေဖျားလိုက်စားတတ်တယ် ပညာကနေ အကျိုးအမြတ်ကိုအာရုံမထားပါဘူး(အချစ်)သဘောမျိုးဆန်တယ်။ သုတေသီကတော့ အားနဲအားသာချက်တွေကိုလေ့ လာသလိုဆန်တယ် သူလည်း
အကျိုးအမြတ်ပြန်ရှာသဘောမဆန်ဘူး(သမိုင်းဆရာ)သဘောနဲ့ ပိုနီးစပ်မယ်။ ဟောစားတဲ့ ဖက်နီးသွားတဲ့ ကျနော်တို့ လိုကြတော့ အလုပ်ခွင်အတွက်ချိန်ပြီး ကန့် ပစ်လိုက်တာမျိုးပါ ဘ၀ကတိုတယ်ဆိုတော့ လေ၊ အပျော်တို့ အန်တာတိမ့်မန်လောက် ဖတ်ပြီးမေ့ သွားတွေကတော့ ဗေဒင်ကိုခေတ်ပေါ်(၀တ္ထုဖတ်သလို)လောက်ပဲအာရုံလာတာမျိုးများပါတယ်)..။

မရဏအိမ်သတ္တိသဘာဝတွေကိုရေးတဲ့ အခါမှာ ဒိထက်ဒိထက် အနုစိတ်သဘောတွေ အများကြီးရှိသေးလို့  ၁၀ယောက်မှာ ၇ယောက်၈ယောက်လောက် အတွေ့ ရများတဲ့ သဘောတရားကိုတာ ၁ကြွင်းစတိုင်က ဒီလိုရှိတာများတယ်လို့ ရေးကြပါတယ်၊ အဲ့ တော့ ကွဲလွဲနေတယ်လို့ ထင်ရတဲ့ သဘောတွေကိုကြုံရတဲ့ အခါ ဒီလောက်လည်း မဟုတ်ပါဘူးလို့ ထင်ရမှာပါ..ဒါပေမယ့် အဲ့ ဒါကလည်းပြဿနာမဟုတ်ပြန်ပါဘူး..ဘာလို့ ဆိုတော့ ကျနော်ရေးပြခဲ့ သလိုပါပဲ ပညာရပ်စာတမ်းတွေရေးထားတာကိုလျှောက်ဖတ်သလိုမျိုး ဖတ်ပြီး ပြီးသွားသဘောလောက်ပဲမို့ လို့ ပါ၊ အလုပ်ခွင်မှာကြတော့ အဲ့ ဒါမျိုးထွေလီကာလီတွေ ထည့် ဟောနေတာမျိုးကို မရှိသလောက်ပါပဲ ဘာဖြစ်နေလို့ လဲ ဘာဖြစ်လာလဲ ဘာဖြစ်ချင်လို့ လဲ ဒါဆို ဒီလိုလုပ်ပါနဲ့ ပြီးတာက ပိုများပါတယ်၊



အခုပြတဲ့ ပုံက ဥပမာ ဘယ်မဟာဘုတ်ဖြစ်စေ နေ့ သား ၇ ယောက် ရှိပါမယ်၊ တစ်နေ့ သားစီကို မဟာဘုတ်အပြင် ကိုဆွဲထုတ်ပြီး ( အထွန်းအိမ်နဲ့ မရဏအိမ်) ကို ချိတ်ဆက်ပြီး (မိတ် နဲ့ ရန် ) ခွဲခြားပြီး ဘ၀စတိုင်တစ်ခုကို ကြည့် တဲ့ ပညာတစ်ခုကလည်း မူလမဟာဘုတ်ကို ချိန်ဆ ရာမှာ ဒေတာတစ်ခုအဖြစ်ရှိသေးတယ်လို ဆိုလိုတာပါ၊..

ဥပမာ..၁ကြွင်း တနင်္ဂနွေ ဘင်္ဂဖွား ကို အထွန်းအိမ် နဲ့  မရဏအိမ်ကိုချတ်ဆက်ရင် အထွန်းနဲ့ မချိတ်မိ ၊ မရဏအိမ်က ဗုဒ္ဒဟူးနံနဲ့  (အင်းဝ) အတွင်းရန် အဖြစ်ချိတ်မိပါတယ် 

သဘောက ၁ကြွင်းတနင်္ဂနွေတွေဟာ မိသားစုအတွင်းအတူတူနေရရင် အဆင်မပြေမှု့ တွေဖြစ်လာတာများလိမ့် မယ် မိသားစုနဲ့ ဝေးရာကိုသာ သွားလာအသက်မွေးနေရလေ့ ရှိလာမယ်၊ အိမ်ထောင်ပြုရတာခက်မယ် လွယ်လွယ်ကျရင်လွယ်လွယ်ကွဲတယ်၊ အိမ်ထောင်ကျသွားလဲ အတူတူနေရချိန်နဲမယ်၊ ပူညံပူညံခဏခဏဖြစ်လွယ်မယ် မိတ်ဆွေတွေထဲတောင်မှာမှ သာမန်ထက် အလွန်အကျွံသွေးသားရင်းတွေလို သံယောဇဉ်ကြီးမိတဲ့ သူတွေရဲ့ အနိုင်စားခံရတာက ပိုလွယ်မယ်...စသဖြင့် သဘောတရားတွေထွက်လာတာကို ဆိုလိုတာပါ..။

ဥပမာ ၁ကြွင်း တနင်္လာ ပုတိဖွားကို အထွန်း/မရဏအိမ်နဲ့ ချိတ်ဆက်ကြည့် ရင် မရဏအိမ်က ဗုဒ္ဒဟူးနံ နဲ့ သာ( ကုလား/ကိုရှာ) အဖြစ် ချိတ်ဆက်မိမယ်..

မရဏအိမ်ဆိုတာ အပေးဖက်ကသာများလို့  ၁ကြွင်းတနင်္လာတွေဟာ မိတ်ဆွေတွေ အမျိုးတွေရဲ့  ဒဏ်ကိုခံဖို့ (၀ါ) သူများကိုကူညီဖို့ ပံ့ ပိုးဖို့ အဖြစ် ဘက်က မွေးလာသလားလို့ တောင်ထင်ရမယ်ပေါ့  သူကိုယ်တိုင်ဖန်တီးမိတဲ့ ဒုက္ခတွေထက် မိသားစုဝင်တွေ မိတ်ဆွေတွေ အမျိုးတွေရဲ့ အရှုတ်ထုတ်တွေကို
ဝင်ကူပေးရလို့ လျှာထွက်အောင် ဖတ်ဖတ်မော နေသူတွေဖြစ်လာမယ် သူကိုယ်တိုင်ကို အဲ့ လိုလုပ်နေရတဲ့ အခြေအနေကနေ ရှောင်မထွက်သွားတတ်ဖူး စသဖြင့် ပေါ့ ...

ဆိုပါတော့ ..၁ကြွင်းသောကြာရာဇဖွားကို အထွန်း/မရဏအိမ်နဲ့ ချိတ်ဆက်ကြည့် ရင် အထွန်းအိမ်က စနေနံ နဲ့ ( သုတ)ဆိုတဲ့ ရန်သဘောနဲ့ သာချိတ်ဆက်မိမယ်၊ အထွန်းအိမ်သဘောက ရဖို့ ကြံတာဘက်သွားပါတယ်၊ ဒီတော့  သောကြာရာဇာဖွားတွေဟာလမ်းကြောင်းတစ်ခုကိုဖေါက်တဲ့ အခါ လွယ်လွယ်နဲ့ တော့ မရနိုင်တော့ ဘူး အဖုအထစ်တွေကို ကျော်လွှားနိုင်မှ အောင်မြင်တာဖြစ်လာမယ် မကျော်နိုင်ရင် ကျဆုံးခန်းပေါ့  လေလွင့် ခြင်းပေါ့ ။ ပေါ်တင်ဖြစ်စေနောက်ကျောကဖြစ်စေ ဖဲ့ မယ့် လူတွေရဲ့ ရန် ရှိနေလိမ့် မယ် ဒါကို သတိထားရတယ်.ဒါကိုပြောတာက အတိုက်အခံရှိမှ (မခံချင်စိတ်ထွက်လာမှ) အောင်မြင်သူဖြစ်လာတယ် .ဘာညာ စသဖြင့် ပေါ့ ...

သဘောက ဒီပညာရပ်သဘော ဒေတာအရ မဟာဘုတ် တစ်ခုမှာ ၇နေ့သားသမီးရှိတယ် ဒီတော့  မတူညီတဲ့ စတိုင် ၁ကြွင်း ၇ ယောက်ထွက်လာတယ်၊၁ကြွင်းကနေ သုညကြွင်းအထိ ၇ကြွင်းရှိလို့  ၇×၇ = မဟာဘုတ် ၄၉ မျိုးထပ်ထွက်လာတယ်။ ဒီလိုမျိုးပဲ မွေးချိန် မဟာဘုတ်မှာလဲ မဟာဘုတ် ၄၉ မျိုးထပ်ထွက် လာပြန်တယ်..ဒီတော့  မဟာဘုတ် တွေ၉၈ မျိုး ထွက်လာပြန်သေးတဲ့ သဘောပေါ့ ။

အဲ့ ဒီလောက် အနုစိတ်သထက် စိတ်လာတော မဟာဘုတ်ဗေဒင်ကို ခပ်ပါးပါးသဘောထားပြီး သမားရိုးကျဝင်ဖတ် ပထမဆုံးအလုပ်က လူ့ သဘာဝအတိုင်းကိုယ့် မွေးသကက္ကရာဇ်နဲ့ အရင် လိုက်တွက်ကြည့် မယ့် သူတွေအဖို့ ဘယ်ကစလို့ ဘယ်လို ဟောကိန်းနဲ ကိုယ့် အတွက်ကို ဘာကိုယူလို့  ဘာဆက်လုပ်ရမှန်းမသိတော့ ဘူးဖြစ်လာမှာပါ....အစိမ်းသက်သက်တွေဆို တစ်မျက်နှာလောက်ဖတ်ပြီးတာနဲ့  အာရုံတွေနောက်လာလို့ လွှင့် ပစ်လိုက်ဖို့ များပါတယ်..

ကျနော်လဲ အဲ့ လောက်ကြီး အနုစိတ်လာတာကို အာရုံနောက်လာလို့ လွှင့် ပစ်လိုက်ပါတယ်....ဟီးးးးး...အဲ..ပြောချင်တာက ဆရာကြီးတို့ တွေ ဘာကြောင့်  မဟာဘုတ်ဆရာကြီးဖြစ်နေသလဲဆိုတာလေး ပြောပြယုံပါ..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..