Powered By Blogger

Thursday, April 30, 2015

အတက်နှင့် အကျ အတွက် ဦးဆောင်ဂြိုလ်၂ခု


အတက်နှင့် အကျ အတွက် ဦးဆောင်ဂြိုလ်၂ခု
---------------------------------------------------
အတက်နှင့် အကျ အတွက် ဦးဆောင်ဂြိုလ်၂ခု..သက်ရောက် ၈ ခွင်မှာ ကံတက်ကံ ကျ အတွက် ရာဟုနဲ့  အင်္ဂါ သက်ရောက် ၂ ခုကို ဦးဆောင် ကစားတဲ့  သက်ရောက်ဂြိုလ်များအဖြစ် ဗေဒင်အချုပ်မဟာဘုတ် နိဒါန်း ပညာ ရပ်က အဓိပ္ပါယ် ဖွင့် ပါတယ်....

 ခေတ်သစ်သက်ရောက် ပညာမှာ..ရာဟုသက်ရောက်ကနေ တနင်္လာသက်ရောက်အထိ စီးပွားရှာရလွယ်၊စုလွယ် တဲ့ သဘောရှိလို့  ယေဘူယျအားဖြင့် ကံတက်ဂြိုလ်၎ နှစ်အဖြစ်ယူပြီး.. အင်္ဂါသက်ရောက်ကနေ ကြာသာပတေးအထိစီးပွားရှာရခက်၊စုဆောင်းရခက် လို့ ကံပျက်(၀ါ)ကံကျဂြိုလ် ၄ နှစ်လို့ ဆိုပါတယ်...၊ အဒီမှာမှ..ရာဟုသက်ရောက်ဟာ လာဘ်ရွှင်စေခြင်းစန်းပွင့်  စေခြင်းသဘော စတင်ရှိလို့  စုတ်လာဘ်၂ပါးအားကြီးသက်ရောက်လို့ ဆိုပါတယ်...လောကမှာ သတ္တ၀ါတွေ အစွဲလမ်းဆုံးက စုတ်ပါ..လာဘ်က ဒုတိယလိုက်ပါတယ်..ဒီ၂ခုကို တစ်ပြိုင်ထဲလာစေတာက ရာဟုသက်ရောက်ပါ.. .လူဟာတစ်ခုယူရင်တစ်ခု မရသလို နဲသွားမှာပါ...စုတ်ယူ(ကဲနေပျော်နေရင်)  လာဘ်ရသင့် သလောက်မရ မပေးတော့ တဲ့ သဘောဖြစ်ပြီးမကဲရင်စီးပွားပြန်ပေးမဲ့ သဘောပေါ့ .။


ဆိုလိုတာက  ရာဟုမှာ အပျေိာကျုးနေမိရင် ရှေ့ လာမဲ့ နှစ်တွေမှာ ကံပေးသလောက် ရသင့် သလောက် မပေးတော့ ဘူးလိုဆိုလိုတာပါ၊..ရာဟုမှာ မကဲဘူးဆိုရင်ရှေ့ နှစ်တွေဟာ တကယ့် ကိုကံရသင့် တဲ့ စီးပွားလာဘ်မှန်သမျှပေးပါတယ်လို့ ဆိုပါတယ်..၊ဒါကြောင့် ရာဟုသက်ရောက် မှာ...ကဲမကဲ ပေါ်မူတည်ပြီး ရှေ့ ကံတက်နှစ်တွေမှာ တကယ် အလုပ်ဖြစ်မဖြစ် အလျော့ အတင်း စကားပြောမယ်လို့ ဆိုလိုတာဖြစ်ပါတယ်......။


အင်္ဂါသက်ရောက်ဟာ  စီးပွားပျက်ဖို့ စတင်ရာသက်ရောက်ဖြစ်ပါတယ်....ဒီသက်ရောက်ဝင်တာနဲ့ လူဟာ စိတ်တိုစရာတွေစတိုးလာမယ် ဒါကိုကိုယ့် တိုတဲ့ စိတ်အတိုင်းလိုက် ကြမ်းတမ်းမယ်ဆိုရင်..၊ ပြီးတော့  ငွေးကြေးစီးပွားကို ပိုလောဘကြီးလာမယ်.ပိုပြီးစီးပွားတက်အောင်နည်းမျိုးစုံကြံမယ်ဆိုရင် ဒီလူဟာ ဒီအင်္ဂါသက်ရောက် မှာတင်စပြီးဒုက္ခပင်လယ်ဝေယုံမက ရှေ့ လာမယ့် သက်ရောက်ဆိုးတွေမှာပါ ပိုပိုဆိုးတဲ့ အဖြစ်တွေဆက်ရင်ဆိုင်ရမှာပါလို့ ဆိုပါတယ်....အကယ်၍ အင်္ဂါသက်ရောက်ဝင်စမှာ စိတ်တိုစရာ မိမိ အလိုမတူတာ၊အလိုမကျတာ တွေဘယ်လောက်တိုးတိုးတွေ့ တွေ့   စိတ်ရှည်ပေးမယ်၊ သီးခံပေးမေ ၊ခွင့် လွှတ်ပေးမယ်ဆိုရင်၊.....နောက် ရုတ်တစ်ရက်ငွေကြေးအကျပ်အတည်းခဏစ၀င်တာကို ရောင့် ရဲထိမ်းသိမ်း လိုက်ရင်..ငွေစီးပွားအတွက်လောဘ မတက်လာအောင်စိတ်ကိုထိမ်းနိုင်ရင်..ရသမျှနဲ့ ရောင့် ရဲတင်းတိမ်ပေးလိုက်ရင်ရှေ့ လာမဲ့ သက်ရောက်ဆိုးတွေမှာ ထပ်ပြီး ပြင်းပြင်းထန်ထန် သိပ်မနှိပ်စက်တော့ ဘဲ ကြိုးလျှော့ ပေးတတ်သလို စီးပွားကိုပါ မပျက်စေတော့ အောင် ထိမ်းသလို ဖြစ်သွားကြောင်း ဆိုလိုပါတယ်.....


ဒါဟာ ၇နေ့ သားသမီးတွေအတွက် သက်ရောက် ၈ ခွင် ခြားရဟတ်လို တက်လိုက်ကျလိုက် ဘ၀သံသရာ လည်ပါတ်မှု့  ယေဘူယျသဘောပါ၊တိုတိုပြောရရင်....ရာဟုကစ ရှာနိုင်သလောက်ရှာ စွန့် စားကြအလုပ်တွေဖန်တီးကြ ကဲမနေနဲ့  အခွင့် အရေးတွေလာနေတာရအောင်ယူ ဘ၀ကိုတည်ငြိမ်အောင်ထူထောင်ထားကြ ...စသဖြင့် တနင်္လာသက်ရောက်အထိ  မှာပြီး.....

.အင်္ဂါသက်ရောက်ဝင်တာနဲ့ ...စိတ်ရှည်ရှည်ထားသိပ်ပြီးမစွန့် စားကြနဲ့ ၊ရှိတဲ့ အလုပ်တွေ ပစ္စည်း ဥစ္စာတွေထိမ်းကြ ကျမ္မာရေးဂရုစိုက်ကြ..ငြိမ်ငြိမ်နေ  ရောင်ရဲစိတ်မွေးကြသီးခံတတ်အောင် နေကြ..စသဖြင့်   ကြာသပတေးအထိ ခြုံငုံ ပြီး ယေဘူယျမှာကြားတဲ့ သဘောပါဘဲ...။ဒါကို ကျင့် သုံး နိုင်ရင်..ခဏခဏ နောက်ကလိုက်ပြီး ယတြာကူရတဲ့ အခြေအနေကနေ သက်သာပါတယ်.. .ဘ၀ဟာ.. တည်ငြိမ်ပါတယ်..သာမန်ထက် အပူသောက ဆုံးရှုံးပျက်စီးမှု့ တွေနဲပါတယ်..၊

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..