Powered By Blogger

Tuesday, December 29, 2015

ရွှီးလဲရွှီးပေးလိုက်ရ ချွေးသိပ်လဲပေးလိုက်ရ န၀င်းပါရိုက်ပေးလိုက်ရ


ရွှီးလဲရွှီးပေးလိုက်ရ ချွေးသိပ်လဲပေးလိုက်ရ  န၀င်းပါရိုက်ပေးလိုက်ရ
--------------
အရင်က ရေးပြခဲ့ တဲ့  သုည အဓိပတိဖွား ဟူးသမီး မွေးချိန် ၂ အမျိုးသမီး ရီးစားအဆင့်  လစ်ဗင်းအဆင့် တွေအထိမှာ အဆင်ပြေနေပေမယ့်  အိမ်ထောင်တည်ဆောက်လိုက်တိုင်း ကွိုင်တွေတက် ကွဲ နဲ့  သုံးယောက်မြောက်မှာ အိမ်ထောင်ရေးကို လက်လျှော့ သွားတဲ့  ရေပေါ်ဆီအလွှာတွေကို ချဲရောင်းစားတဲ့ အမျိုးသမီး ဒီမနက် ၀ုန်းဒိုင်းနဲ့ ရောက်လာတယ်..


န၀င်းက နဂိုကတည်းက ခဏခဏလာထိုင်နေကျပဲ..လစိတ်ချိန်ထိုင်နေကျ။ ..အခု သူ့ အသက်က ၄၈ နှစ်ထဲဝင်စလထဲရောက်  အင်္ဂါ မရဏသက်ရောက်ပေါ့ ။...ငွေအောင်မြင် အိမ်ထောင်မအောင်မြင် သားအိမ်ထုတ်ထားသူ အိမ်ထောင်တော့ မရှိ ဘာညာသာရကာတွေ ရှိမရှိတော့ မမေးဘူး
 ( အဲ့ အတွင်းသဘောတွေအထိ လိုက်မေးစရာမလိုဘူးလို့ ခံယူထားလို့ )

အဟောခံ အပြန်အလှန်မေးလုပ်ခဲ့ တာကြောင့်  သက်ရောက်တစ်ခုဖြတ်ရင် ဘာအဓိက ကြုံတတ်လဲဆိုတာလဲ သိနေပြီ ( သူများကိုတောင် မေးစမ်းပြီးစိတ်တွက်နဲ့  အကဲဖြတ်တတ်နေပြီ)..ဒါက ကျနော်နဲ့ တော်ကီလွှတ်တာများလာတဲ့ လူတွေမှာ သက်ရောက်ရဲ့ အဓိက ဘေ့ စစ်သဘောတွေ လူ့ ဘ၀မှာ ဘာက သာမည ဘာက အဓိကလဲ သဘောတွေကို အတော်များများ ရိပ်မိတီးခေါက်မိကုန်တတ်တယ်)

သူလာတာက ပျားတုတ်လာတာ..ဆေးသွားစစ်တာ သားအိမ်ခေါင်း ကင်ဆာ အဆင့် ၁ တွေ့ နေတယ်တဲ့  ဒီတနင်္လာနေ့ မှာ ပြန်ပြီး ပြရမယ်..အဲ့ အတွက် ယတြာ..နဲ့  ဘယ်တော့ န၀င်းလာထိုင်ရမလဲပေါ့ ၊ အရွယ်နဲ့ မလိုက်အောင်နုဖတ်နေတဲ့  လှတပတ မျက်နှာလေးမှာ ချွေးသီးလေးတွေတောင် စို့ လို့ ..သနားစရာ...ကင်ဆာ ခေါင်းစဉ်နဲ့ ဆိုတော့  တုန်လှုပ်မှာပဲ  ကိုယ် အရိုးအဆီဖုံးတာကို အရိုးကင်ဆာထင်တယ်လို့  မှတ်ချက်အချခံရတုန်းကလဲ အဲ့ လိုပဲ ပျားတုတ်ခဲ့ တာပဲလို့  ကိုယ်ချင်းစာ.....

အဲ့ ဒါနဲ့  ကျနော်က စရွှီးတော့ တာပေါ့   ( ရွှီးကြောင်းပြောတာက သားအိမ်ခေါင်းကင်ဆာကို အတွင်းကျကျ ဆရာဝန်လိုမသိဘူး ကြားဖူးဖတ်ဖူးတာပဲရှိတာမို့ )....အဲ့  အဆင့် ၁ ဆိုတာ မရှိဘူးပြောတာနဲ့  အတူတူပဲ...ကျနော်တို့  ဗမာပြည်သားတွေရဲ့ ဘယ်သူ့ အသည်းသွားစစ်စစ် အားလုံးအိုကေနေရင်တောင်မှ  အသည်းနဲနဲ အဆီဖုံးနေတယ် ပြောလို့ ရတာမျိုး..စားခဲ့ ရတဲ့  ဆီတွေက သန့် မှမသန့် ခဲ့ တာလေဗျာ...အဆင့် ၁  ဆိုတာလဲ ဒီက အမျိုးသမီးအတော်တော်များများ ဆေးစစ်ကြည့် ရင် ရှိနေတတ်တယ်...အဲ့  အဆင့် ၁ က နေ အနှစ်၂၀လောက်အထိ ထပ်တက်မလာတာတွေ တစ်ပုံကြီးပဲ ကျေးလက်မှာ ဆိုတစ်ပုံကြီး

( ဟုတ်လားတဲ့ ...စိတ်တော့  သက်သာသွားပုံရတယ် ငိငိ)...ကိုယ်က မြို့ သူဆိုတော့  ဆေးတွေဘာတွေစစ်နဲ့ ဆိုတော့  ကံကောင်းတာပေါ့  လိုအပ်တာ လက်ဦးမှု့ ရ ကာကွယ်ကုသလိုက်တော့ ဇယားမရှုတ်တော့ ဘူးပေါ့ ....အခုလို ကြိုသိရတာကလဲ အရင်က ယတြာတွေလုပ်ခဲ့  အရွက်တွေ လှုထားလို့  အဲ့  အကျိုးဆက်က တစ်ခုခု မကြီးကျယ်လာခင် ကြိုသိခွင့် ရတာ...တကယ်က အဆင့် ၃ လောက်မှ ကြောက်ရတာ ဒါလဲ အဲ့ အဆင့် သုံးလောက်ရောက်ဖို့ ဆိုတာ နှစ်တွေအကြာကြီးကြမှ ဖြစ်လာတတတ်တာ တစ်ချို့ ဆို အသက် ၆၀တွေဘာတွေကျော်မှ ဖြစ်ချင်ထဖြစ်တာ ..လို့ ဆိုလိုက်တော့  မျက်နှာက ပုံမှန်ပြန်ဖြစ်လာတယ်


ဒါနဲ့  ဒီနေ့  ဆေးခန်းသွားမှာဆိုတော့  အခုပဲ န၀င်းထိုင်သွားလိုက်  ဆေးခန်းထဲမှာ ကံကြမ္မာ အမှား ဆုံးဖြတ်ချက်အမှားတွေမဖြစ်တော့ ဘူး ဇယားရှင်းတာပေါ့ လို့  ဆိုလိုက်တော့  တက်ကြွပြီး န၀င်းထိုင်သွားပါရောဗျ...

( သူပျားတုတ်လာတဲ့ အချက်ထဲမှာ  အင်္ဂါသက်ရောက်ဟာ တနင်္လာနံ ခိုက်တယ်လို့ ဆိုတော့  ဒီနေ့  ဆေးခန်းပြန်ပြရမှာကလဲ တနင်္လာနေ့ ကြီးဖြစ်နေလို့ ..လို့ ဆိုတာ ပါလာသေးတယ် ဒါလဲ ကျနော်က မဆိုင်ဘူးလို့ တော့ မပြောပါဘူး  ဒါပေမယ့်  ကျနော်တို့ က ရှောင်လို့ ရရင်ရှောင်ကြည့် မယ်  ရှောင်မရရင် အဖြည်ယတြာကစားပြီး လုပ်စရာရှိတာ  လုပ်မယ်လေ..ဆိုပါတော့  ကိုယ်က ဟူးသမီးဆိုတော့  စပယ်ပန်းရေစိမ်ချိုးသွားတာ ရေချိုးချိန်မမီရင် စပယ်ပန်းရေစိမ် မျက်နှာသစ်သွားမယ် လူမှာဆောင်သွားမယ်ပေါ့  စပယ်ပန်းဘုရားလှုသွားမယ်ပေါ့ ဗျာ..လို့  အဲ့ လို အဖြည်တွေရှိပါသေးတယ်ပေါ့ ဗျာလို့  ရှင်းပြလိုက်တာပေါ့ဗျာ)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..