Powered By Blogger
Tuesday, December 29, 2015
ကလေးမွေးခြင်းအကြောင်း
ကလေးမွေးခြင်းအကြောင်း
--------------------------
ဗိုက်ခွဲမွေးတဲ့ အပေါ် သဘောထား စာလေးတစ်ကြောင်းဖတ်လိုက်ရတယ် အဲ့ စာလေးထဲမှာ အဓိက အချက်၂ ချက်တွေ့ ရတယ် သူ့ ကလေးသာဆိုရင် တွက်ချက်ခွဲမမွေးဘူး(လောကီပညာတွေနဲ့  တွက်ချက်ခွဲမွေးတာကို အာရုံမလာဘူးသဘော)  နဲ့  ကလေးက သူ့ ကံနဲ့ သူလာတာ ဆိုတဲ့ အချက် ၂ ချက် တွေ့ တယ်။
ကိုယ့် ကလေးသာဆိုရင် ခွဲမမွေးဘူး ဆိုတဲ့ သဘောတရားကတော့  တရားသေဆန်တဲ့ အမြင်လို့ ထင်တယ် အဲ့ အထင်က ကလေးကို ဘယ်လိုပုံစံနဲ့ မွေးမယ်ဆိုတာ ဆေးပညာထောင့် ကကြည့် ရင် ပုံသေသတ်မှတ်ထားလို့ မရဘူး...ဗိုက်ထဲက ကလေးခေါင်းလှည့်  အနေအထား မအေရဲ့  အသက်အရွယ် ကိုယ်ခံအား ကျမ္မာရေး သားဖွားလမ်းကြောင်းအနေအထား သွေးပေါင်ချိန် ဘော်ဒီ အပိန်အ၀ စသဖြင့် တွေ အများကြီး ချိန်ဆယူရတာမျိုး...ပုံမှန်ဆေးပညာ အခြေခံက သဘာဝမွေးကို အရင်စဉ်းစား
စောင့် ကြည့် ပေးထားပြီး အဖက်ဖက်က တွက်ချက်လို့  သဘာဝမွေးဟာ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်မကင်းလို့ ယူဆရတော့ မှ ခွဲမွေးသဘောကို စဉ်းစားတာမျိုး
ဘယ်လိုမွေးမွေး..ကလေးမွေးတာ ဒိန်းဂျားနားနီးတာချည်းပဲ...၊ယေဘူယျကတော့  ၃၀ ဟိုဖက် ကို သိပ်စွန်းလာလေလေ ခွဲမွေးဖက်နာ နီးလာလေလေပဲ...အဲ့ မှာ ကံတွေ ပါနေတာက ကျနော့် အမေနောက်ဆုံး ၇ ယောက်မြောက် မွေးတဲ့  အသက်က ၄၀ စွန်းသွာပြီ...သဘာဝမွေးတွေချည်းပဲ..
ခု ဒီမှာ ဖြစ်နေတာက ဒီနိုင်ငံက တစ်ခြားနိုင်ငံတွေနဲ့ မတူတဲ့ အခြေအနေဖြစ်နေလို့  ကြားလိုက်ရရင် မလိုအပ်ပဲ တွက်ချက် ခွဲမွေးတွေက များသယောင်ယောင်ပေါ့ ..ဒါကလဲ ကိုယ်က မြို့ နေဖြစ်လို့   တဆိတ်ရှိ ခွဲမွေးမယ်ဆိုတဲ့   မြို့ သားအများစုရဲ့  စတိုင်တွေသာကြားနေရတာမျိုးလို့  ထင်စရာရှိမယ်  ခွဲမွေးတာက သဘာဝမွေးထက် ကုန်ကျစားရိပ်ပိုလို့  တစ်ပြည်လုံး သန်း ၅၀ကျော်ရဲ့  ဘ၀တွေနဲ့  တွေးဆကြည့် ရင် တလောကလုံး ခွဲမွေးစတိုင်တွေချည်းလို့  မြင်လို့ မရသေးဘူး. သဘာဝမွေးတွေက ပိုများမှာပါလို့  ပိုက်ဆံအပေါ် အခြေခံတွေးလို့ ရလောက်မယ်
ဗေဒင်ဖက်က ယေဘူယျကြည့် ရင် သက်ရောက် အညံ့ တွေမှာ မူလက သဘာဝမွေးဖို့  တွေးထားပေမယ့်  မထင်မှတ်ပဲ ခွဲမွေးလိုက်ရတာမျိုးတွေ နဲ့  ခွဲမွေးဖို့ ကြံစည်သူတွေအများစုရဲ့  အသက်ပိုင်းတွေဟာ သက်ရောက် အညံ့  လောကဓံအညံ့  အခြမ်းတွေမှာရောက်နေချိန်မှာ ဖြစ်နေတာ များတယ်..ကိုယ်ကြုံခဲ့ တာလေးပြောတာပါ။
အဲ့ မှာ သဘာဝတွေ ခွဲမယ်တွေ ဇွတ်မရဘူးသဘော က ကိုယ်တွေ့ ကြုံခဲ့ တဲ့ အထဲက ကိုယ်တွေ့ တစ်ခုက  အသက် ၃၃ နဲ့  ၃၅ ကြား ရှိတဲ့  အင်္ဂါသမီး ကလေးမွေးဖို့ ဖြစ်လာတော့  မိခင်လောင်းက အဆင်ပြေသလိုပေါ့  ဆိုတဲ့  သဘောထားရှိပေမယ့်  လင်က သဘာဝမွေးပဲ လုပ်ချင်လို့  သားဖွားကို မခွဲဘူး သဘာဝပဲလို့  ဆိုပြီး ဗိုက်အပ်တယ်...နောက်တော့  အချိန်နားနီလို့  ဆေးရုံတက် သဘာဝအချိန်ကိုစောင့် တယ်  သင့် တော်ချိန်တောင် အထဲက ထွက်မလာဘူး  နောက်ဆုံးတော့  ရေမွမ်းတော့ မယ့်  လက္ခဏာတွေ ပြလာလို့    ပူညံပူညံတွေ ဖြစ်ကုန်ပြီး ခွဲမွေးလိုက်ရတော့ တယ်..
.အဲ့ မှာ တစ်ချက်က  မအေက အသက်ရမှတို့  သက်ရောက်ညံ့ မှတို့  ခွဲမွေးတဲ့  သဘောကို ကြုံရတာမျိုးမဟုတ်ပဲ မအေက သက်ရောက်အကောင်းခြမ်းမှာ ရှိနေပေမယ့်  ဖအေလောင်းလျာက သက်ရောက်အညံ့ ခြမ်းမှာ ရှိနေရင်လဲ မမျှော်လင့် ပဲ ခွဲမွေးလိုက်ရတာမျိုး ကြုံတတ်တယ်ဆိုတာပါပဲဗျာ
ချုပ်လိုက်ရင် ကလေးရဲ့  သံသရာက ပါလာတဲ့  ကံကိုတော့ ကျော်လို့ မရဘူး.. ကောင်းကင်ဇယားတွေနဲ့  ကွက်တိတွက်ချက်ပြီး ခွဲမွေးလို့ ရလိုက်တယ်ဆိုရင်တောင် ဒါက ကလေးကံကြောင့် ပါပဲ ဆိုတဲ့ သဘောတရားကိုပဲ ကျနော်ကယူတယ်.
..ပြီးတော့  သဘာဝနဲ့  ခွဲခြင်းသဘောကို ပုံသေ မယူထားဘူး မီးစင်ကြည့် ကရတဲ့ သဘောရယ်  ကျနော်တို့ အဓိက အားပြုတာက ဘယ်လိုမွေးမွေး  မမွေးခင်ရော မွေးနေချိန်ရောနဲ့ မွေးပြီး လပိုင်းတွေအထိ  မိခင်ရော ကလေးပါ ဘေးကင်းနိုင်သမျှကင်းရေး ယတြာတွေကို ပိုအာရုံပြုတယ
်ပေါ့ ဗျာ ( ကာကွယ်ရေး ကုသရေး ဖြေရှင်းရေး ဗေဒင်စတိုင်ဆိုတာ ဒါကို ပြောတာပါ)
....ထပ်ချုပ်လိုက်ရင် ပုံသေဆန်တဲ့ အမြင်အများစုဟာ သိကောင်းတဲ့  အမြင်တော့ မဟုတ်ဖူး အဆင်မသင့် ရင် အဆင်မသင့် တာတွေ ကြုံလာတတ်ကြောင်းပေါ့ ..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..