Powered By Blogger

Tuesday, December 29, 2015

♫ ♪♫ စာမေးပွဲကြီးနီးပြီ လူငယ်အပေါင်းတို့ ...♫ ♪♫


ညဉ့် နက်နက် ဖီလင်....

♫ ♪♫
စာမေးပွဲကြီးနီးပြီ လူငယ်အပေါင်းတို့ ...♫ ♪♫ =D
-------
''' အမေက ၀မ်းအသာဆုံးပဲ သူက နော့် ထက် မခံချင်စိတ်လွှတ်ကြီး သူ့ သားသမီးတွေကို သူများတွေ သေးသေးတင်လာတာမျိုး မခံချင်ဘူးလေ..အဖေကတော့  အမဲ့  အပြုံးတွေမှာ သိပ်သိပ်သည်းသည်းနေတတ်တော့  ပြုံးနေတာ အမြင်သာဆုံး စတိုင်ဖြစ်နေတယ် အဖေပျော်နေတယ်ဟ ပေါ့  ..'''
---------------------
အလုပ်သဘောအရ ၁၀တန်းတွေရဲ့ မအေတွေ အလာစိတ်နေတဲ့  ရက်တွေပေါ့ ဗျာ။ မအေတွေရဲ့ သောကကို စာနာရင်း နော့်  ၁၀တန်းဘ၀ကိုတောင်ပြန်သတိရလိုက်သေးတယ်။.

နော်က ဂယ်က ကျောင်းကိုပြေး၍ စာချော်သူပေါ့  ၊ ၅ တန်းကနေ ၁၀ တန်း ဒုတိယ နှစ်အထိ လပတ် အတန်းစဉ်မှာ ဘာသာစုံ အောင်တဲ့ အပတ် မရှိခဲ့ ဘူး၊ ဘယ်လောက် ကျောင်းပြေးခဲ့ လဲဆို ၅ တန်း ကို ၃ နှစ်နေခဲ့ ရတယ် ၅တန်း ဒုတိယနှစ်မှာ ကျောင်းစပြေးတတ်ခဲ့ ပြီ  ပွေးတတ်တာက ၈ တန်းမှာစပြီ။..

.ကျနော်တို့ ခေတ်က ပိုးစိုးပက်စက်ကျလို့ ကတော့  အအောင်ပေးခဲတယ်၊ နောက်တော့  ဘင်ခရာ အမှတ်ဖြင့် အောင်သည်နဲ့  ၆တန်းကနေ ၉ တန်းအထိက မော်ဒရေးရှင်းအမှတ်တွေနဲ့ ချည်းအောင်လာတော့ တာမျိုး၊

အစိုးရစစ် ၁၀တန်းရောက်တော့  တောင်မင်းမြောက်မင်းမကယ်နိုင်တော့ ဘူး...

အခြေခံမကောင်းလာတဲ့  ကျောင်းသား အတန်းတက်လာလေလေ စာဒုက္ခရောက်လေလေ ကျောင်းပြေးလို့ ပိုကောင်းလေလေပါပဲ  အဲ့ ဒါလေ ပြောချင်တာ အတန်းစဉ် သမိုင်းကြောင်းကို ထောက်လိုက်တာနဲ့  အခြေအနေ အတော်များများ ရိပ်မိလို့ ရတယ်ပေါ့ လေ။

မအေနဲ့ ဖအေက ၁၀တန်းအောင်စေ့ ချင်တာ ကာယကံရှင် နော် ၁၀တန်း ကျောင်းသားထက်ပြင်းထန် လာပုံရပါတယ်..၃ကြိမ်မြောက်ဖြေမယ့်  ၁၀တန်းနှစ်အတွက် ဇိကုပ်ပြီး ဘော်ဒါဆောင်ကို ရှိတာလေး တစ်ချို့ ထုပြီး သားကြီးသြရသကို ပို့ တော့ တယ်၊

အဲ့ ကာလက အမျိုးထဲမှာ ၁၀တန်းအောင်နဲ့  ဘွဲ့ ရက လက်ချိုးရေလို့ ရတယ် ။ ပို့ တော့  သွားလဲသွားချင် မသွားလဲ မသွားချင်ဘူး မသွားချင်ရတာက ရီးစားနဲ့  ခွဲရတော့ မယ်ဆိုပြီး ကြေကွဲနေတာ ၊ ဘော်ဒါဆောင်က တင်းကြပ်တယ်ကြားထားတာကိုးဗျာ...ငိငိ။

သွားချင်တာက ၁၀တန်းကို ၂ နှစ်ဆက်ကျတာ ကိုယ်တိုင် ရှက်လာပြီ။ ရှက်တာက အတူတူ ကဲဖေါ် ဘော်ဒါရင်းကြီး တစ်ယောက်က နော်ကျတဲ့  နှစ်မှာ အောင်သွားတာကို ရေလည် ငုတ်နေတာ. .ဒီကောင်ကြီးက ငါ့ အရင် အူနီဘာစတီသွားတော့ မယ်ဆိုပြီး၊ ဒီကောင်ကြီးကလည်း အားပေးချက်က အေးဆေးလိုက်ခဲ့ ကွာ မိန်းထဲကနေ စောင့် နေမယ်တို့  လာလာလည်လေ  တို့ နဲ့ ..( $%%@(%($%# ခ်ခ်)။

 အဲ့ မှာ မခံချင်စိတ်ကြွလာပြီး အောင်ချင်လာတာ၊ ပြီးတော့  ဒုတိယနှစ် ရပီတာ ဘ၀မှာ အောင်နိုးနိုးနဲ့  စာတော်တော်ဖတ်ကျက်လုပ်လိုက်သေးပြီး ကိုယ့် ကိုယ်ကိုယ် အထင်ဘစ်ပြီး အောင်မယ်လို့ ထင်မိ မြင်မိသော်လည်း ၄င်း။  ဘယ်ရမလဲ ၁၀တန်းကို အခြေခံမခိုင် ဖုတ်ပူတိုက်ဖတ်လို့ ကတော့ လေ...။

အာ့ နဲ့ ဘော်ဒါနေကျောင်းသားဖြစ်လာတယ်..၊ ( အိမ်လိုမဟုတ်သလို မိဘတွေလာရင်တမျိုး မလာရင်တမျိုး ကြော်ငြာ်တုန်းကတဖုံ တကယ်တက်တော့ တစ်နည်းဆိုတာပါ အတွေ့ အကြုံရသလို တင်းကြပ်ပါတယ်ဆိုတာတွေမှာ ဂယ်ပေါက်တွေ ရှိကြောင်းလဲ သိခဲ့ ရတယ်) ပြီးတော့  ကိုယ်ဖတ်မှ ကိုယ့် စာသဘောပါသိရတယ်ပေါ့ ဗျာ..

မိဘတွေကို ပြန်သနားတာ ပိုက်ဆံတွေသုံးရချက် ကိုယ်တိုင်ရဲ့ အရှက်စိတ်ကဖြစ်လာတဲ့  မခံချင်စိတ်ဟာ ၁၀တန်းကို အကျမခံနိုင်ဘူး ဖြစ်လာတယ် ၊ ပြီးတော့  ကိုယ့် အားအနဲဆုံးက ဘိုစာ သင်္ချာ နဲ့  သိပ္ပံတွဲ
 ( ငင်.အကုန်နီးပါးပါပဲလား  အာ့နဲ့ များ အောင်ဘုညှော်.ငိငိ)...အဲ့ တော့ ဘော်ဒါမှာ စာကျက်ပုံက ကိုယ့် ဟာကိုယ်မောင်းရတော့ တယ်


ဘိုစာရဲ့ ပွိုင့် က မီးနင်း မရလေလေ ဒုက္ခရောက်လေလေလို့ တွက်မိတာနဲ့  မီးတွေချည်း နင်းတော့ တာ ၊ အဲ့ တော့ မှ မေးခွန်းကိုစဖတ်လာတော့ တာ၊ တွက်သလားမမေးနဲ့ ဖြစ်လာတယ် ခက်ရင် သင်္ချာပါ အလွတ် ကျက်ပလိုက်တယ် အေးရော.။


ရူးမတတ်အလွတ်ကျက်တာ  သမိုင်းပဲ ။ စပေါ့ မလိုက်ရဲဘူး မပါရင် မြွေခြောက်ကိုက်ပြီဆိုပြီး ကမ္ဘာ့ သမိုင်းအထူကြီးထဲက စာရှည်ကြီးတွေတစ်ချို့ အလွတ်ကျက်ပစ်တယ်၊ စာမေးပွဲနီးလာလေလေ ကြောက်လာလေလေနဲ့  မကျက်ရသေးတာ ဘာကျန်သေးလဲကြည့် လိုက်ကျက်လိုက်နဲ့  ပြဌာန်းစာအုပ်ကုန်လုလု ဖြစ်သွားတယ်
 ( အဲ့ တန်ခိုးက သမိုင်းမှာ ဒီ တွေဘာတွေ ထွက်လာတော့ အရပ်က အံ့ တွေကိုသြလို့ ..ခ်)..

.အဲ့ ရူးမတတ်ကတကယ်ကြုံခဲ့ တာ တစ်ည  သန်းခေါင်ကျော် ညဉ့် နက်နက်မှာ ကျက်နေတဲ့  ပြဌာန်းစာအုပ်ကြီးကို ကြည့် နေရင် အဲ့ စာအုပ်ကြီးကို နံရံဖက် ဆွဲလွှင့် ပစ်လိုက်မိတဲ့ အထိ ဖြစ်သွားခဲ့ တယ် စာအုပ်ဆို ဘာစာအုပ်မှ မမြင်ချင်တော့ တာမျိုးပေါ့ လေ...တော်သေး အပြီးဂေါက်မသွားတာ..ဟီး..ဒီလိုပါပဲ ဖီးလ်ဖြစ်ပြီ ဆို အလွန်အကျွံစရိုက်  သဘောတွေ

အဲ့ မှာ တစ်အိမ်လုံး အောင်ပွဲခံတော့ တာပါပဲ..အမေက ၀မ်းအသာဆုံးပဲ သူက နော့် ထက် မခံချင်စိတ်လွှတ်ကြီး သူ့ သားသမီးတွေကို သူများတွေ သေးသေးတင်လာတာမျိုး မခံချင်ဘူးလေ..အဖေကတော့  သိပ်သိပ်သည်းသည်းနေတတ်တော့  ပြုံးနေတာ အမြင်သာဆုံး စတိုင်ဖြစ်နေတယ် အဖေပျော်နေတယ်ဟ ပေါ့ 


ဘာဘဲဖြစ်ဖြစ် ကိုယ်ပစ်မှတ် တစ်ခုတည်ဆောက်လိုက်လို့  တကယ်လိုချင်လို့  ကိုယ့် ကိုယ်ကိုယ် မညှာတော့ ပဲ  သေကာမှသေရော့  ဆိုပြီး အပီ မောင်းပြီဆို အလုပ်ဖြစ်သွားတာပါပဲ  အနဲဆုံးတော့ ဝီရိယ အကျိုးကတော့ ပြေးမလွတ်ဘူးပေါ့ လေ အဲ့ က သင်္ခန်းစာက ဘ၀တစ်လျောက် ဖြတ်သန်းမှု့ အတွက် အရေးပါတဲ့  သင်္ခန်းစာကြီးဖြစ်လာတယ်။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..