Powered By Blogger

Saturday, December 26, 2015

ကင်းဘတ်ဖိနပ်လေးတစ်ရံ


ကင်းဘတ်ဖိနပ်လေးတစ်ရံ
------------------
ဆောင်းကုန်လုလား အလယ်လား မသဲကွဲတော့ ဘူး.ဝေလီဝေလင်း အအေးဓါတ် သဲ့ သဲ့ လေးနဲ့  မနိုးတနိုး ဖြစ်နေချိန် လမ်းမဖက်မှာ ပေတရာလမ်းကို  တဖတ်ဖတ်နဲ့  ဖိနပ်သံပေးပြီး ပြေးသွား သံကြား လိုက် ရတယ်.....

အေးတော့  အားကစားထလုပ်တာလား မသိပေါ့ ..ဟိုတုန်းက ဒီဇင်္ဘာလူထုလမ်းလျှောက်ပွဲဆို   ဒီဆန်းဒေးက နောက်ဆုံးအပတ်ပေါ့ ၊ အဲ တုန်းကတာ့  ဘင်ခရာအဖွဲ့ ထဲမှာဖြစ်လို့  လိုက်တက်ကြွခဲ့ တယ်။ 

ဘာနိုင်ငံရေးမှ မသိဘူး ၊ အဲ့ မှာ ဖြတ်ကနဲ သတိရလိုက်တာ ကင်းဘတ်ဖိနပ်..၊ အဲ့ ကင်းဘတ်ဖိနပ်မှာ အစိုးရထုတ်နဲ့ တရုပ်ကလာတာဆိုပြီး ၂မျိုး ဈေးကွက်ထဲမှာ ရှိတယ် 

တရုပ်နေလို့  အစိုးရထုတ် ကင်းဘတ်ဖိနပ်ကို တစ်နှစ်တစ်ရံတောင် ၀ယ်မစီးနိုင်လို့  ရေတက်ပြီး ကျပ်လာတဲ့ ကင်းဘတ်ဖိနပ်ကိုပဲ ဖိနပ်ပေါက် ခြေချောင်းလေးတွေကို အနာခံပြီး ဇွတ်ပေစီးခဲ့ ရတာ၊ ဟောင်းလွန်းနေတာကို အသစ်မ၀ယ်နိုင်တော့ လျှော်ပြီး ထုံးခဲ ရေဖျော် အဖြူရောင်ဆိုး စီးခဲ့ ရတာ...

ဒီမနက်စောစော အဲ့  ကင်းဘတ်ဖိနပ်အဖြူလေးအကြောင်း ပြန်တွေးမိတာ တွေးရင်း စိတ်နာလာတယ်၊ ငယ်တုန်းက ကင်းဘတ်ဖိနပ်လေးတစ်ရံတောင် လူတန်းစေ့ ဝယ်မစီးနိုင်တဲ့ ဘ၀ ဆင်းရဲလိုက်တာလို့  ဆင်းရဲခြင်းကို စိတ်နာတာလား၊

 အဲ့ လို တိုင်းပြည်ထဲက လူထုတွေကို ဆင်းရဲ ကျပ်တည်းနေအောင် လုပ်ပစ်ခဲ့ တဲ့ ကိုယ့် တစ်ခြမ်းတဲကြည့် တဲ့   လက်နက်အာဏာရှင်တွေကို စိတ်နာတာလားနှစ်ခုစလုံးကို ရောသုတ် စိတ်နာတာလား...မသဲကွဲဘူး...စူးစူးနစ်နစ်နာတယ်။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..