မြို့ လယ်က ကြက်တွန်သံ
၀၀၀၀၀၀၀၀၀
ထူးဆန်းတယ် နှစ်တွေကြာလှပြီ ကိုယ့် အိမ်အနားမှာ ကြက်တွန်သံ စစ်စစ် မကြားဘူးတော့ တာ...အခု အိမ်ရှေ့ အိမ်မှာ ဘယ်က ကြက်မှန်းမသိဘူး မိုးလင်းကတည်းက ကြက်တွန်သံကြားနေရတာ.အဲ့ အိမ်က ငါးသမား တောအဆက်တွေ ဘောစိတွေဖြစ်လာပြီး တိုက်ဆောက်ထားတာ...အခုတော့  တိုက်ထဲ ကြက်ထမွေးထားတယ် ခရစ္စမတ်နေ့ နဲ့ တိုက်ဆိုင်နေတာလဲ သတိထားမိတယ်...အဲ့ ဒါ ကိုယ့် အတွက် ဒါဟာ ထူးခြား နမိတ်ဖြစ်မဖြစ်တွေးနေတုန်းပဲ
တွေးသာတွေးတာပါ ကိုယ်ကလဲ ဘာရည်ရွယ်ချက်မှ စိတ်ကူးထားတာမျိုးမရှိတော့  ဘာနမိတ်မှကို မကောက်ဖြစ်ပါဘူး အဲ့ ခဏခဏ ကြားနေရတဲ့  ကြက်တွန်နေသံကို နားထောင် နေရတာကို မြို့ ခါးလယ်ခေါင်မှာ ငဒို့ ကျေးလက် ရိုးရာဓလေ့ 
တောနံ့ တောင်နံ့ တောင်ခြေ ယာခင်းနံ့ ရတယ်ဆိုပြီး သဘောတွေ ကျနေတာရယ် ကိုယ်တိုင် ကြက်တစ်ကောင်လောက် မွေးချင်စိတ်ပေါက်လာတာရယ် ..ကြက်တွန်တာ တနင်္လာနံအကောင်ကတွန်တာဆိုတော့  ငွေတွန်တာလို့  ကိုယ့် ဘက်ကိုယ်ယက် နမိတ်ကောက်ပြီး...
ထီ ထိုးထားရကောင်းမလားလို့ ကိုယ့် လောဘနဲ့ ကိုယ် တွေးမိတာရယ် .ငိငိ အဲ ပြီးတော့  ကြက်တွန်သံက ချောင်းဆိုးနေတဲ့ အသံလား ပုံမှန်အသံလားလို့  စိတ်ကနေ သရုပ်ထိုင်ခွဲနေတာရယ်..တွန်တတ်တဲ့  ကြက်က အဖိုလို့ ကြားဖူးတော့  အမတွေဆီက ကြက်တွန်သံရော ဖြစ်လာတတ်သလားတွေးနေမိတယ်....အဟီး...တစ်ခါတစ်လေ ပျော်စရာ...😁
-----------------------------------------
ကြက်တောင် တွန်သင့် သလောက်တွန်တာပဲ တောနံ့ တောင်နံ့  ဘာညာနဲ့  တင်စားလို့ ကောင်းတာ မိုးမလင်းခင် တစ်ချိန်လုံးထတွန်..မိုးလင်းသွားလို့  ဆွမ်းခံကြွချိန်လဲ ဆက်တွန်နေတော့ ..'''.ဟေ့ ..ဘယ်မလဲ လေးခွ နဲ့  လောက်စလုံး ''ကတောက်'' ဒီကြက်စုတ်....''' အဟီး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..